ထာဝရနုပျိုခြင်းကို မစွမ်းဆောင်နိုင်သော်လည်း
Health Updates Journal No. 89
အိုမင်းရင့်ရော်ခြင်းဆိုတာ ဘယ်သူမှ ရှောင်လွဲလို့မရတဲ့ အရာတစ်ခုပါ။ ဒါပေမယ့် အိုမင်းရင့်ရော်မှုဖြစ်စဉ် ကိုတော့ ပုံမှန်ထက် လျော့ချနိုင်ပါတယ်။ လျော့ချလို့ရတဲ့ အကောင်းဆုံးနည်းတွေကတော့....
(၁)ရေများများသောက်ပါ
လူရဲ့ခန္ဓာကိုယ်ဟာ ရေဓာတ် ၆၀%နဲ့ဖွဲ့စည်းထားတာဖြစ်ပြီး တစ်ရက်ကို အနည်းဆုံးရေ ၈ ဖန်ခွက်ခန့် သောက်သင့်ပါတယ်။ ခန္ဓာကိုယ်မှာ ရေဓာတ်လုံလောက်စွာ ရှိခြင်းအားဖြင့် ခန္ဓာကိုယ်အတွင်းပိုင်း အင်္ဂါများ ရေဓာတ်ပြည့်ဝသည့်အတွက် အလုပ်ကောင်းမွန်စွာ လုပ်နိုင်သည်။ အစာခြေလမ်းကြောင်း စနစ်ကို ကောင်းမွန်စေပြီး အသားအရေကိုလည်း တင်းရင်းစေကာ ခန္ဓာကိုယ် အတွင်းရှိ အဆိပ် အတောက်တွေကို လျော့ကျစေပါတယ်။
(၂) စိတ်ဖီစီးမှုကို လျော့ချပါ
စိတ်ဖိစီးမှုကတော့ ဘ၀မှာ လူတိုင်းတွေ့ကြုံနေရမယ့် အရာတစ်ခုပါပဲ။ ဒါကြောင့် စိတ်ဖိစီးမှုနဲ့ ကြုံတဲ့အခါ ဘယ်လိုရင်ဆိုင်မလဲဆို တာကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။ အချို့က လေ့ကျင့်ခန်းလုပ်ခြင်း၊ တရားထိုင်ခြင်း၊ ယောဂကျင့်ခြင်းများဖြင့် စိတ်ဖိစီးမှုလျော့ကျအောင် လုပ်လေ့ရှိပါတယ်။ ယင်းကဲ့သို့ ပြုလုပ်ခြင်းအားဖြင့် အောက်ဆီဂျင်ပိုမိုရရှိစေပြီး သွေးလည်ပတ်မှု အားကောင်းစေကာ စိတ်ဖိစီးမှုကို လျော့ကျစေပါတယ်။
(၃)သဘာဝသစ်သီးများဖြင့် မျက်နှာအရေပြားအား ထိန်းသိမ်းပါ
ဥပမာ သင်္ဘောသီးအနှစ်ဖြင့် မျက်နှာပေါင်းတင်ခြင်း၊ သင်္ဘောသီး အနှစ်တွင် ပါဝင်သည့် Papain ဆိုသည့်အင်ဇိုင်းက မွဲခြောက်နေသည့် အရေပြားများကို ဖယ်ထုတ်ပေးနိုင်ရုံသာမက အရေပြားညိုမွဲခြင်းကိုလည်း သက်သာစေပါတယ်။ စတော်ဘယ်ရီအနှစ်ကလည်း ß.carotene နှင့်ဗီတာမင်အေတို့ ကြွယ်ဝပြီး မျက်နှာအရေပြားကို တင်းရင်းစေပါတယ်။ ရှားစောင်းလက်ပတ်ကတော့ မျက်နှာအရေးအကြောင်းတွေကို လျော့ချပေးမယ့် အကောင်းဆုံးအရင်းအမြစ်တစ်ခုပါပဲ။
(၄)လေ့ကျင့်ခန်းမှန်မှန်လုပ်ပါ
လေ့ကျင့်ခန်းလုပ်ခြင်းအားဖြင့် အသက်ကြီးလာ၍ တွဲကျသွားမည့် ကြွက်သားများအား တင်းရင်းစေရုံ သာမက ကျန်းမာရေးကိုလည်း ကောင်းစေပါတယ်။
(၅)ကျန်းမာရေးနှင့်ညီညွှတ်သော အစားအစာများကို စားပါ။
ကောင်းမွန်ညီညွှတ်မျှတတဲ့ အစားအစာကတော့ အရွယ်အိုမင်းမှုကို ထိန်းသိမ်းရာမှာသာမက အခြားသော ကျန်းမာရေးအားလုံးအတွက်လည်း အခြေခံပဲဖြစ်ပါတယ်။ အဓိကအားဖြင့်ကတော့ အသီးအရွက်တွေ၊ ပင်လယ်စာတွေက ကျန်းမာရေးအတွက် သင့်လျော်ပြီး အဆီများတဲ့ အစာတွေ အနီရောင် အသားတွေကတော့ ရှောင်ရှားသင့်ပါတယ်။
အ၀င်း
ref:Netdoctor.co.uk
Health Updates Journal No. 89
- (အရှေ့သို့) ဘာကြောင့်ပင်ပန်းလွယ်ရသလဲ Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးAbortion Pills ဖျက်ဆေးတွေအကြောင်းစိတျဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ Very little makes it more valuable...