ဦးနှောက် ကျန်းမာရေးကို မြှင့်တင်ပေးနိုင်မယ့် လေ့ကျင့်ခန်းလုပ်ခြင်း
Health Updates Journal No. 89
လေ့ကျင့်ခန်းလုပ်ခြင်းဟာ ဦး နှောက်က မော်လီကျူးတစ်မျိုးကို လှုံ့ဆော်ပေးနိုင်ပြီး ဦးနှောက်ကျန်း မာရေးကို မြှင့်တင်ပေးနိုင်မယ်လို့ သိရပါတယ်။
လေ့ကျင့်ခန်းလုပ်ခြင်းဟာ သွေးထဲမှာရှိတဲ့ irisin ဆိုတဲ့ မော်လီကျူးပမာဏကို မြင့်တက်စေပြီး လေ့လာမှုနဲ့ မှတ်ဥာဏ်နဲ့ဆိုင်တဲ့ မျိုးဗီဇတွေကို လှုံ့ဆော်ပေးနိုင်တယ်လို့ သုတေသီတွေက ပြောကြားထားပါတယ်။ လေ့ကျင့်ခန်းလုပ်ခြင်းဟာ အာရုံကြော ပျက်စီးယိုယွင်းတဲ့ ရောဂါတွေနဲ့ မှတ်ဥာဏ်လျော့ပါးလာခြင်းကို အသက်အရွယ် အိုမင်းလာသူတွေမှာ ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် လေဖြတ်ခြင်း၊ စိတ်ကျခြင်း၊ အယ်ဇိုင်းမားရောဂါတွေရဲ့ လက္ခဏာတွေကိုလည်း သက်သာစေမယ်လို့ သိရပါတယ်။ ဒါဟာ လေ့ကျင့်ခန်းလုပ်ခြင်းကြောင့် ဦးနှောက်က ထွက်လာတဲ့ brain-derived neurotrophic factor,BDNF ဆိုတဲ့ မော်လီကျူးကြောင့်ပဲ ဖြစ်ပါတယ်။
လေ့လာမှုခေါင်းဆောင် ဟားဗတ်ဆေးတက္ကသိုလ်မှ သုတေသီ Dr.Bruce Spiegenlman က “လေ့ကျင့်ခန်းလုပ်ခြင်းဟာ ဦးနှောက်က irisin ပမာဏရယ်၊ BDNF ရယ်ကို မြင့်တက်စေပါတယ်။ တစ်ဆက်တည်းမှာပဲ လေ့ကျင့်ခန်းမလုပ်ဘူး ဆိုရင် အဲဒီမော်လီကျူးတွေ နည်းပါးပြီး ဦးနှောက် ကျန်းမာရေးပိုပြီး မြန်မြန်ယိုယွင်း ပျက်စီးစေတယ် ဆိုတာကို ကြွက်တွေမှာ တွေ့ရှိဖော် ထုတ်နိုင်ခဲ့ ပါတယ်”လို့ ရှင်းပြထားပါတယ်။ဆက်လက်ပြီး irisin မော်လီကျူးကိုထိုးဆေးအဖြစ် အသုံးပြုပြီး အာရုံကြောကျန်းမာရေးကို အထောက်အကူပြုနိုင်/မပြုနိုင်ဆိုတာကို လေ့လာနေကြပါတယ်။
ဒီလေ့လာမှုကို Cell Press Journal Cell Metabolism မှာ ဖော်ပြထားပါတယ်။
သန့် စင်
ref: PTI
Health Updates Journal
- (အရှေ့သို့) Ischemic Heart Disease နှလုံးသွေးကြောကျဉ်းရောဂါ Abortion Pills ဖျက်ဆေးတွေအကြောင်း ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး' စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးသရုပ်ဆောင် ဆုပန်ထွာ နဲ့ မယားကြီးရဲ့ ကြေငြာချက် ဥက္ကာကျော် ရှင်းလင်း
- (အနောကျသို့) စိတ်ဖိစီးမှုနှင့် စိတ်ကျခြင်းကို ကုသနိုင်သည့် အပ်စိုက်ကုထုံး Abortion Pills ဖျက်ဆေးတွေအကြောင်း ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး' စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးသရုပ်ဆောင် ဆုပန်ထွာ နဲ့ မယားကြီးရဲ့ ကြေငြာချက် ဥက္ကာကျော် ရှင်းလင်း