စီးပွားရေးလုပ်ငန်းရှင်စိတ်ဓာတ်ဖြင့် လူငယ်များအလုပ်လုပ်ကြရန်လို
ဒေါက်တာအောင်ထွန်းသက်
(စီးပွားရေးနှင့် စီမံခန့်ခွဲမှုပညာရှင် နိုင်ငံတော်သမ္မတ၏ စီးပွားရေးအကြံပေး)
နိုင်ငံတော် တိုးတက်စေရန်အတွက် စီးပွားရေးလုပ်ငန်းရှင်စိတ်ဓာတ်ဖြင့် လူငယ်များအလုပ်လုပ်ကြရန် လိုကြောင်း ဆရာဒေါက်တာအောင်ထွန်းသက်က ပြောဆိုထားရာ ယင်းနှင့်ပတ်သက်ပြီး . . . .
လူငယ်တွေက သင်တန်းတွေတက်ပြီးရင် ဝန်ထမ်းပဲလုပ်ကြတယ်။ သူတို့တွေ ပညာသင်နေတာဟာ လစာကောင်းကောင်းရမယ့် အလုပ်လုပ်ဖို့ပဲ ဖြစ်နေတယ်။ အဲဒီအယူအဆကို ပြောင်းလဲရမယ်။
နိုင်ငံရေး တိုးတက်တယ်ဆိုတာက လူတစ်ဦးချင်းဝင်ငွေမြင့်တက်လာတာပဲ။ ဝင်ငွေမြင့်တက်ဖို့ဆိုရင် ဝန်ထမ်းစိတ် မွေးနေလို့မရဘူး။ ကိုယ်ကိုယ်တိုင် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်ဖို့ စဉ်းစားသင့်တယ်။ အခုက လူတော်တော်များများက ဘွဲ့ရအလုပ်လျှောက်ပြီး သူများဝန်ထမ်းလုပ်ဖို့ပဲ စဉ်းစားနေတယ်။ ကိုယ်ပိုင်လုပ်ငန်းလုပ်လိုစိတ်တွေ ပျောက်နေတယ်။
ဝန်ထမ်းလုပ်တယ်ဆိုတာ လူညံ့တွေလုပ်တာလို့ မြင်စေချင်တယ်။ ဆရာတို့လည်း အရင်ကလုပ်ခဲ့တာ။ အဲဒီတော့ လူညံ့စာရင်းထဲသွင်းရမှာပဲ။ သူများဆီမှာ မှီခိုပြီးလုပ်နေတာကို ကျေနပ်နေမယ့်အစား ကိုယ်ကဘယ်လိုလုပ်ငန်းလေးလုပ်ပြီး ဘယ်လိုရှာမယ်ဆိုတာ စဉ်းစားစေချင်တယ်။ ကိုယ့်စွမ်းအားကို အရင်တည်ပြီး ရတဲ့ငွေကြေးလေးကို ပိုပြိးတန်ဖိုးထားစေချင်တယ်။ ဘယ်လောက်ပဲရရ ကိုယ့်လုပ်ငန်း နဲ့ကိုယ့် ဘယ်သူ့ကိုမှလည်း အောက်ကျို့စရာမလိုသလို မျှော်လင့်စရာလဲမလိုဘူး။
အခုနောက်ပိုင်း လူငယ်တွေသင်တန်းတွေတက်ပြီးရင် ဝန်ထမ်းပဲလုပ်ကြတယ်။ သူတို့တွေ ပညာတွေ သင်နေတာဟာ လစာကောင်းကောင်းရမယ့် အလုပ်လုပ်ဖို့ပဲဖြစ်နေတယ်။ အဲဒီအယူအဆကို ပြောင်းလဲရမယ်။ ဆရာကတော့ လူငယ်တွေကို ဦးတည်ပြောတယ်ဆိုတာက လူငယ်တွေထွန်း တောက်စေချင်တယ်။ လူငယ်တွေ အသက်ငယ်ငယ်နဲ့ နိုင်ငံတကာနဲ့ယှဉ်ပြီး လုပ်ငန်းရှင်တွေဖြစ်ရင် သူတို့ကိုယ်တိုင်နဲ့ ပတ်ဝန်းကျင်လည်းဂုဏ်ရှိသလို နိုင်ငံလည်းဂုဏ်ရှိတယ်။
လာမယ့် ၂၀၁၅ နိုင်ငံတကာလုပ်ငန်းတွေလာမယ်ဆိုပြီး သူများကိုမျှော်တာထက် ကိုယ်လုပ်နိုင်တာ လေးနဲ့ ကိုယ်လုပ်ငန်းလေးတစ်ခုလုပ်ရင် ပိုမကောင်းဘူးလား။ ဝန်ထမ်းလည်းလုပ် တစ်ဖက်ကလဲ လုပ်ငန်းရှင်ဖြစ်အောင်ကြံဆောင်တဲ့ လူငယ်တွေပေါ်စေချင်တာပါ။ မပြည့်စုံတာတွေကို ပြောနေမယ့် အစား ကိုယ်ဘာလုပ်နိုင်မလဲ၊ အနာဂတ်မှာ ကိုယ်ဘာတွေကိုရယူမလဲဆိုတာ အခုကတည်းကစဉ်းစား သင့်ပြီ၊ ကိုယ်လုပ်ရင်ကိုယ်ရမှာပဲ နောက်မှာတွေ့ကြုံလာရမယ့်အရာတွေကို စိန်ခေါ်မှုတွေလို့မမြင်ဘဲ အခွင့်အရေးတွေလို့ မြင်စေချင်တယ်။
ဦးတည်ပြောချင်တာက Entre-preneurship ကိုဆိုလိုချင်တာ။ အစိုးရမကောင်းတာ၊ အခြေခံတွေချို့ တဲ့တာတွေထက် ဒါတွေကိုကျော်လွှားပြီး လုပ်နိုင်အောင် စဉ်းစားစေချင်တယ်။ အဆင်မပြေတာတွေ ကိုပြောပြီး တစ်ဝဲလည်လည်ဖြစ်ပြီး အချိန်တွေ မကုန်စေချင်ဘူး။ ကိုယ်လုပ်နိုင်တာကနေ အကောင်း ဆုံးလုပ်ကြဖို့လိုတယ်။ အစိုးရရဲ့လိုအပ်ချင်တွေကို ဆရာတို့ကလဲ စောင့်ကြည့်ပြီးအကြံဉာဏ်တွေပေး မယ်။ လုပ်ငန်းရှင်တွေ၊ လူငယ်တွေကလဲ ကြိုးစားကြမယ်ဆိုရင် လာမယ့်အနာဂတ်က အခွင့်အလမ်း တွေ အများကြီးပါ။
လုပ်ငန်းရှင်တွေ၊ သက်ဆိုင်ရာ တာဝန်ရှိသူတွေအားလုံးကနေ ကိုယ့်မှာလိုအပ်တာတွေကို တင်ပြနေ တာထက် ဘာလေးလုပ်လိုက်ရင် တစ်ခါတည်းအဆင်ပြေနိုင်တယ်ဆိုတဲ့ အကြံပြုချက်လေးတွေကို ပါစေချင်တယ်။ ဒါမှကိုယ်ရဲ့အရည်အချင်းလဲ တက်လာမယ်။ ဖြည့်ဆည်းပေးရမယ့် သူ့အပိုင်းကလဲ အဖြေကိုတစ်ခါတည်းမြင်ပြီး အလျင်အမြန်အကောင်အထည် ဖော်ပေးကြမယ်ဆိုရင် အချိန်ကုန်ပြီး အကျိုးရှိတဲ့ရလဒ်တွေ ဖြစ်လာမယ်။
The Flower News Journal
Vol.9, No.42, Oct 29 – Nov 4, 2013
- (အရှေ့သို့) Gingivitis သွားဖုံးရောင်ခြင်း Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးAbortion Pills ဖျက်ဆေးတွေအကြောင်းစိတျဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ သရုပ်ဆောင် ဆုပန်ထွာ နဲ့ မယားကြီးရဲ့ ကြေငြာချက် ဥက္ကာကျော် ရှင်းလင်း
- (အနောကျသို့) Adobe စုစည်းမှု (၁) Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးAbortion Pills ဖျက်ဆေးတွေအကြောင်းစိတျဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ သရုပ်ဆောင် ဆုပန်ထွာ နဲ့ မယားကြီးရဲ့ ကြေငြာချက် ဥက္ကာကျော် ရှင်းလင်း