လေယာဉ်ဆူညံသံများက နှလုံးရောဂါနဲ့ လေဖြတ်ခြင်းကို ဖြစ်ပွားစေနိုင်
Health Updates Journal No. 89
ဆူညံမှုကြိမ်နှုန်းမြင့်မားတဲ့ လေယာဉ်စက်သံတွေနဲ့ ထိတွေ့မှုများသူတွေဟာ နှလုံးရောဂါနဲ့ လေဖြတ်ခြင်း တွေကို ဖြစ်ပွားစေမှုနှုန်း မြင့်တက်စေတယ်လို့ ဗြိတိန်နိုင်ငံနဲ့ အမေရိကန်နိုင်ငံတွေမှာ သီးခြားစီပြုလုပ်ခဲ့ တဲ့ လေ့လာမှုများမှာ ဖော်ပြထားပါတယ်။ ဒါဟာ လေဆိပ်နားတွေမှာ နေထိုင်နေသူ တွေအတွက် တပ်လှန့်နှိုးဆော်ချက်တစ်ရပ် ဖြစ်လာနိုင်ပါတယ်။
လန်ဒန်မြို့တော်အနီးက ဟီးသရိုး လေဆိပ်ကြီးနားမှာ နေထိုင်ရသူတွေကို စစ်တမ်းကောက်ယူခဲ့ပြီး အလားတူပဲ အမေရိကန်နိုင်ငံရဲ့ အပြည်ပြည်ဆိုင်ရာ လေဆိပ် ၈၉ ခု နားမှာ နေထိုင်သူများကို လည်းရွေးချယ် စစ်တမ်းကောက်ယူခဲ့ပါတယ်။ မေရီဘုရင်မတက္ကသိုလ်မှ သုတေသီ ပါမောက္ခ Dr.Stephen Stansfeld က “လေယာဉ်အင်ဂျင်သံများဟာ စိတ်ကသိကအောက် ဖြစ်ခြင်းကိုပဲ ဖြစ်နိုင်တာမဟုတ်ပါဘူး။ အိပ်ရေးပျက်ခြင်းနဲ့ ဘ၀အရည်အသွေး ထိခိုက်ခြင်းတွေကိုပါကြုံတွေ့ရနိုင်ပါ တယ်”လို့ ပြောကြားထားပါတယ်။
လေ့လာမှုနှစ်ရပ်လုံးမှာ ဖော်ထုတ်နိုင်တာကတော့ လေယာဉ်သံ ဆူဆူညံညံတွေကို အချိန်နဲ့အမျှ ကြားနေရတဲ့ လေဆိပ်အနီးမှာ နေထိုင်သူတွေမှာ နှလုံးရောဂါနဲ့ လေဖြတ်ခြင်းတွေကို ပိုပြီးဖြစ်စေနိုင် တယ်ဆိုတာပဲ ဖြစ်ပါတယ်။ ဒါဟာ လန်ဒန်ဟီးသရိုးလေဆိပ်နားမှာ နေထိုင်တဲ့ လူဦးရေ ၃.၆ သန်း အတွက် ခြိမ်းခြောက်မှုတစ်ရပ် ဖြစ်သလို ကမ္ဘာနဲ့အ၀ှမ်းက လေဆိပ်နား နေထိုင်သူတွေ အတွက်လည်း သတိပေးမှုဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ လေဆိပ်ကြီးတွေဟာ လူနေထူထပ်တဲ့ မြို့တော်တွေနဲ့ မနီးမဝေးမှာပဲ တည်ဆောက်ထားကြလို့ ဖြစ်ပါတယ်။
လေ့လာမှုမှာတော့ ၂၀၀၁ခုနှစ် ကနေ ၂၀၀၅ခုနှစ် အတွင်း နှလုံးရောဂါနဲ့လေဖြတ်ခြင်းတွေကြောင့် ဆေးရုံတက်ရောက်သူများအနက် လေဆိပ် နားကမြို့တွေက လူနာတွေက အများစုဖြစ်နေတာကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။ ဒါဟာ ပတ်ဝန်းကျင်ဆိုင်ရာ အချက်အလက်တွေအပြင် ဆူညံသံကြောင့်ဖြစ်ရ တဲ့ညစ်ညမ်းမှုကြောင့်လဲ အများစုဆက်စပ်နေပါတယ်။ ဒါကြောင့် လေဆိပ်အနီးမှာ နေထိုင်သူများ အနေနဲ့ အသံလုံကိရိယာများ ကိုတပ်ဆင်ဖို့နဲ့ လေဆိပ်အာဏာပိုင်တွေအနေနဲ့လည်း ဆူညံသံကို တတ်နိုင်သလောက် လျှောချဖို့ ဒီသုတေသနမှာ အကြံပြုထားပါတယ်။
အခုလေ့လာမှုကို British Medical Journal မှာ ဖော်ပြထားတာဖြစ်ပါတယ်။
သန့်စင်
ref: ANI
Health Updates Journal
- (အရှေ့သို့) နာတာရွည္နာက်င္မႈကို ဖြစ်စေတဲ့ အဆစ်အမြစ်ရောင်ခြင်းကို သက်သာစေမယ့် အစားအစာများ Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးAbortion Pills ဖျက်ဆေးတွေအကြောင်းစိတျဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး'
- (အနောကျသို့) ယောဂကျင့်ပေးခြင်းက သွေးဆုံးကိုင်ချိန်မှာ အိပ်မပျော်ခြင်းကို သက်သာစေနိုင် Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးAbortion Pills ဖျက်ဆေးတွေအကြောင်းစိတျဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး'