ဘာကြောင့်ပင်ပန်းလွယ်ရသလဲ
Health Updates Journal No. 89
(၁) အိပ်ရေးပျက်ခြင်း
အရွယ်ရောက်ပြီးသူ တစ်ဦးအနေနှင့်နေ့စဉ်ခုနစ်နာရီမှ ရှစ်နာရီ အထိ အိပ်ချိန်ပေးသင့်ပါတယ်။ အိပ်ရေးပျက်တဲ့အခါ အာရုံစူးစိုက်နိုင် စွမ်းကျဆင်းစေပြီး လေးလံထိုင်းမှိုင်းစေပါတယ်။ အိပ်ချိန်လုံလုံလောက်လောက်ရှိပေမယ့် အိပ်ချိန်မမှန်တဲ့အခါမှာလည်း အလွယ်တကူ ပင်ပန်းလေ့ရှိပါတယ်။အိပ်ချိန်လုံလုံလောက်လောက်နှင့် နေ့စဉ်အချိန်မှန်အိပ်ဖြစ်အောင်ဂရုပြုပါ။ ညမအိပ်ခင် ဖုန်း၊ ကွန်ပြူတာ၊ တီဗီကြည့်ခြင်းလျှော့ပါ။
(၂) အိပ်ပျော်စဉ်အသက်ရှူ ရပ်ခြင်း
အိပ်ချိန် လုံလုံလောက်လောက်ရပေမယ့် အိပ်ပျော်စဉ်အသက်ရှူရပ်ခြင်း (Sleep apnoea) ဖြစ်တဲ့အခါ မကြာခဏလန့်နိုးတတ်ပါတယ်။ အသက်ရှူရပ်လို့ လန့်နိုးတတ်ပေမယ့် ခဏခဏနိုးနေတာကို သတိထားမိမှာ မဟုတ်ပါဘူး။ ဟောက်တတ်တဲ့သူတွေမှာ အသက်ရှူရပ်ခြင်း ဖြစ်လေ့ ရှိပါတယ်။ ဟောက်တတ်လျှင် ကိုယ်အလေးချိန်လျှော့ပါ။ ဘေးစောင်း အိပ်ပါ။
(၃) သွေးအားနည်းရောဂါ
သွေးအားနည်းရောဂါဟာ အမျိုးသမီးတွေမှာ အဖြစ်များတဲ့ရောဂါဖြစ်ပါတယ်။ ရာသီသွေးပေါ်တဲ့အခါ သံဓါတ်တွေဆုံးရှုံးသွားလေ့ရှိပြီး သံဓါတ်အားဆေးများနှင့် ပြန်လည် ဖြည့်တင်းပေးရပါတယ်။ သွေးအားနည်းရောဂါကြောင့် အောက်စီဂျင် ထောက်ပံ့မှုနည်းပြီး ဘာလုပ်လုပ် မောပန်းလွယ်ပါတယ်။
(၄) အစားနည်းခြင်း
ခန္ဓာကိုယ်အလေးချိန် လျှော့ချလိုတဲ့အတွက် အစာလျှော့စားတဲ့အခါ သွေးတွင်းအချိုဓါတ်ကျပြီး ပင်ပန်းလွယ်ပါတယ်။ မိမိခန္ဓာကိုယ်အ တွက်လုံလောက်တဲ့အာဟာရ ပြည့်မီအောင် စားပေးဖို့လိုပါတယ်။
(၅) သိုင်းရွိုက်အကျိတ်လုပ်ငန်း
ကျဆင်းခြင်း
သိုင်းရွိုက်ဟော်မုန်းဟာ ခန္ဓာကိုယ်ဇီဝဖြစ်ပျက်နှုန်းကို ထိန်းချုပ်ပေးပါတယ်။ သိုင်းရွိုက်အကျိတ်လုပ်ငန်းများ ကျဆင်းပြီး သိုင်းရွိုက်ဟော် မုန်းပမာဏလျော့နည်းတဲ့အခါ ခန္ဓာကိုယ်ဇီဝဖြစ်စဉ်တွေ နှေးကွေးပြီး လေးလံထိုင်းမှိုင်းစေပါတယ်။
(၆) ကဖင်းဓါတ်လွန်ကဲခြင်း
ကော်ဖီမှာပါတဲ့ ကဖင်းဓါတ်ဟာ ပုံမှန်အားဖြင့် လန်းဆန်းတက်ကြွစေပေမယ့် အလွန်အကျွံသောက်သုံးတဲ့အခါ ရင်တုန်ခြင်း၊ လက်တုန်ခြင်း၊ ကနာမငြိမ်ဖြစ်ခြင်း၊ အာရုံစူးစိုက်မှု ကျဆင်းခြင်းတို့ ဖြစ်စေတတ်ပြီး ပင်ပန်းစေပါတယ်။
(၇) ရေဓါတ်ခန်းခြောက်ခြင်း
ရေငတ်တယ်၊ ရေဆာတယ်လို့ ခံစားရတာဟာ ခန္ဓာကိုယ်မှာရေဓါတ် ခန်းခြောက်နေလို့ဖြစ်ပါတယ်။ အရိပ်ထဲမှာ အလုပ်ထိုင်လုပ်နေပေမယ့် လေအေးပေးစက်ကြောင့်လည်း ရေဓါတ်ခန်းခြောက် တတ်ပါတယ်။ ရေဓါတ်ခန်းခြောက်တဲ့အတွက် ခန္ဓာ ကိုယ်အပူချိန်မမျှတတော့ဘဲ ပင်ပန်းစေပါတယ်။
ဇော်ကို
Source:WebMD
Health Updates Journal No. 89
- (အရှေ့သို့) ဒူးဆစ်နာရခြင်း အကြောင်းရင်းများ Ei Chaw Po (အိချောပို)..Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးCytotec (Misoprostol) ဆေးသုံးနည်းသရဲမွေးမိသူ မိခင်US officials advocate use of HIV pill to fight AIDS
- (အနောကျသို့) ထာဝရနုပျိုခြင်းကို မစွမ်းဆောင်နိုင်သော်လည်း Ei Chaw Po (အိချောပို)..Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးCytotec (Misoprostol) ဆေးသုံးနည်းသရဲမွေးမိသူ မိခင်US officials advocate use of HIV pill to fight AIDS