ဝမ်းချုပ်ခြင်းဆိုင်ရာ အယူအဆမှားများ
Health Updates Journal No. 89
နေ့စဉ် ၀မ်းသွားဖို့လိုသလား
လူတစ်ဦးနှင့်တစ်ဦး ၀မ်းအကျင့် မတူပါဘူး။ အချို့လူတွေမှာ တစ်နေ့ ၀မ်းသုံးကြိမ် သွားတတ်သလို အချို့ မှာ သုံးရက်နေမှ ၀မ်းတစ်ကြိမ်ပုံမှန်သွားတတ်ပါတယ်။ တစ်ပတ်အတွင်း ၀မ်းသုံးကြိမ်ထက် လျော့နည်းမှသာ ၀မ်းချုပ်တယ်လို့ သတ်မှတ်ပါတယ်။ တစ်ပတ်လုံးနေမှ တစ်ကြိမ်တောင် မသွားဘူးဆိုလျှင် ဆေးဝါးအကူအညီ ရယူသင့်ပါတယ်။
ဝမ်းချုပ်ခြင်းဟာ ခန္ဓာကိုယ်မှာအဆိပ် အတောက်ဖြစ်စေသလား
ဝမ်းချုပ်တဲ့အခါ အဆိပ်အတောက်တွေ ထွက်လာပြီး အကြောတက်ခြင်း၊ နွမ်းနယ်ခြင်း၊ ကိုယ်လက်မအီမသာဖြစ်ခြင်း၊ အဆစ်ရောင်ခြင်း၊ ရင်ကျပ်ခြင်း တို့ဖြစ်တတ်ကြောင်းအချို့ကယူဆကြပါတယ်။ တကယ်တော့ ၀မ်းချုပ်ခြင်းနှင့် အထက်ပါပြဿနာများ ဆက်စပ်မှုမရှိပါဘူး။ ၀မ်းနုတ်ဆေး၊ ၀မ်းပျော့ဆေးတွေဟာလည်း ယင်းပြဿနာများကို သက်သာအောင် မကူညီပေးနိုင်ပါဘူး။
ဝမ်းမချုပ်အောင် ၀မ်းချူဘောလုံးသုံး သင့်သလား
ဝမ်းချူဘောလုံးတွေဟာ အစာဟောင်းအိမ်နှင့်အူမကြီးအတွင်းက အညစ်အကြေးတွေကို ရှင်းလင်းပေးနိုင်ပေမယ့် ၀မ်းမချုပ်အောင်ဆိုတဲ့ ရည်ရွယ်ချက်နှင့် ပုံမှန်အသုံးမပြုသင့်ပါဘူး။ ၀မ်းချူတဲ့နည်းလမ်းကို ရေရှည်အသုံးပြုတဲ့အခါ ၀မ်းအကျင့်ပျက်ပြီး ဘောလုံးမသုံးတော့တဲ့အခါ ၀မ်းတောင်ချုပ်စေပါတယ်။
ဝမ်းအောင့်ထားတတ်တဲ့ အကျင့်ဟာ ဘေးကင်းသလား
အလုပ်ရှုပ်လို့၊ အိမ်အပြင် ရောက်နေလို့ ၀မ်းအောင့်ထားတာဟာ ၀မ်းသွားချင်စိတ်ဖြစ်စေတဲ့ အချက်ပြမှုများကို အားနည်းစေပါတယ်။ ၀မ်းသွားချင်စိတ်ဖြစ်အောင် တမင်မွေးမြူတဲ့အနေနှင့် နံနက်စာစားပြီးချိန်မှာဖြစ်စေ၊ နေ့လည်စာစားပြီးချိန်မှာ ဖြစ်စေအကျင့်လုပ်သင့်ပါတယ်။ ဒါပေမယ့် ဘယ်အချိန်မှာဝမ်းသွားချင်စိတ်ဖြစ်သည်ဖြစ်စေ အောင့်မထားဘဲ သွားသင့်ပါတယ်။
ဇော်ကို
Source:WebMD
Health Updates Journal No. 89
- (အရှေ့သို့) ရယ်ခြင်း၏ ကောင်းကျိုးများ Abortion Pills ဖျက်ဆေးတွေအကြောင်းPregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေး ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး' စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... သရုပ်ဆောင် ဆုပန်ထွာ နဲ့ မယားကြီးရဲ့ ကြေငြာချက် ဥက္ကာကျော် ရှင်းလင်း
- (အနောကျသို့) မဖျားနာခင် ကြိုတင်ကာကွယ်နည်းများ Abortion Pills ဖျက်ဆေးတွေအကြောင်းPregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေး ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး' စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... သရုပ်ဆောင် ဆုပန်ထွာ နဲ့ မယားကြီးရဲ့ ကြေငြာချက် ဥက္ကာကျော် ရှင်းလင်း