Ghosts in the White House



White House ကလုံခြုံရေး ဘယ်လောက်ပဲ ကောင်းမွန် ပါစေ၊ ပရလောကသား တွေကို တော့ မောင်း မထုတ် နိုင်ပါဘူး။ အဲ့ပရ လောကသား တွေထဲမှာ သမ္မတကြီး Lincoln ကိုယ်တိုင် ပါဝင်တယ် ဆိုတာ သိရရင်...

တစ်ကမ္ဘာလုံးက အစောင့်အကြပ် တွေတောင် အိမ်ဖြူတော်ကို ဝိညာဉ်တွေ မကပ်နိုင်အောင် တားဆီး နိုင်စွမ်း မရှိပါဘူး။ ဗီရိုထဲက ပုန်းလျှိုး ကွယ်လျှိုး ဝိညာဉ် တွေကို ပြောတာ မဟုတ်ပါဘူး။ တကယ် ကိုယ်ထင် ပြတဲ့ တစ္ဆေ တွေကို ဆိုလိုတာပါ။



အိမ်ဖြူ တော်ဟာ သက္ကရာဇ် ၁၇၀၀ပြည့် လွန်နှစ်တွေ ကမှစလို့ သရဲတစ္ဆေ တွေ့တယ်လို့ နာမည် ထွက်ခဲ့တာ ကြောင့် သိပ်မကြာ သေးဘူး ရယ်လို့ ဆိုရမှာပါ။ ဒါပေမယ့် လည်း ပိုတိုမက် မြစ်ကြောင်း တလျှောက်က မြို့လေးတွေ ဝန်းရံ ထားပြီး ကမ္ဘာ တလွှားက ဘဝဘဝ တွေလိုပဲ အဲဒီ နေရာ ဝန်းကျင်မှာ သေဆုံးပုံ သေဆုံး နည်းတွေ ပေါင်းစုံ ရှိခဲ့ပါတယ်။ ဒုတိယ မြောက် အမေရိကန် သမ္မတ John Adam သမ္မတ ရာထူး ရရှိပြီး ၁၇၉၇ ခုနှစ်မှာ အိမ်ဖြူတော်ကို ပြောင်းရွှေ့ လာပါတယ်။ သူ့ သမ္မတ သက်တမ်း ကုန်ဆုံးချိန် ၁၈၀၁ ခုနှစ်အထိ သူနဲ့ သူ့ဇနီး Abigail တို့ နေထိုင်ခဲ့ ကြပါတယ်။ သူတို့ နေထိုင် ခဲ့တဲ့ လေးနှစ် အတွင်းမှာ သူ့ဇနီးဟာ ပိတ် ဦးထုပ်နဲ့ ဇာပုဝါ ဝတ်ဆင် ထားတဲ့ အမျိုးသမီး တစ်ယောက် လက်နှစ်ဖက် ဆန့်တန်းပြီး ခြောက်ခြားဖွယ် ဖက်လှဲတကင်း ကြိုဆို နေတာကို တွေ့တွေ့နေ ရတယ်လို့ ဆိုပါတယ်။



နောက်ထပ် အယောင် ပြခဲ့တဲ့ ဝိညာဉ် တစ်ဦးကတော့ အိမ်ဖြူတော်နဲ့ ဝါရှင်တန် အစိုးရ ရုံးစိုက် ရာ မြေနေရာကို အစိုးရကို ရောင်းချခဲ့တဲ့ မြေ ပိုင်ရှင်ကြီး David Burns ပဲဖြစ်ပါတယ်။ အစောင့် တစ်ယောက် နဲ့ အိမ်ဖြူတော် အိမ်ထိန်းတော် တို့ဟာ "ငါ Mr Burns ပဲ" လို့ခြောက်ခြားဖွယ် အသံနဲ့ ကိုယ့်ကိုယ် ကို ကြေငြာ မောင်းခတ် တာကို ကြားရ တယ်လို့ ဆိုပြန် ပါတယ်။ သူတို့ နှစ်ယောက် စလုံး တကယ် မမြင်ရ ပေမယ့် ဒီလို လူသံ ကြီးကို အဝါရောင် ဘဲဥပုံ အခန်း (The Yellow Oval Room) အနီး တဝိုက်မှာ ကြားရ တတ်တယ်လို့ ဆိုပါတယ်။ အိမ်ဖြူတော် မှာ နေခဲ့တဲ့ သူတွေက အသက်တွေ ကြီးပြီး တစ်ယောက်ပြီး တစ်ယောက် ပြောင်းနေခဲ့ ကြတော့ သမ္မကြီးတွေ ကိုယ်တိုင် ကိုယ်ထင်ပြ တတ်တယ် ဆိုတာ ဖြစ်နိုင်ခြေ ရှိနေပြန် ပါတယ်။ အိမ်ဖြူတော်မှာ ခြောက်ခြားဖွယ် အကောင်းဆုံး အခန်း ကတော့ Andrew Jackson ရဲ့အိပ်ခန်းဆောင် ဖြစ်တဲ့ နှင်းဆီ (Rose Room) လို့အမည်ရတဲ့ အခန်း ပါပဲ။ Andrew Jackson ရဲ့ ပရလောက ဘက်ခြမ်းက အသံကို ကြားခဲ့သူ ကတော့ အဲဒီ အချိန်က သမ္မတကြီး လင်ကွန်းရဲ့ ဇနီးသည် Mary Todd ပါပဲ။ သူမဟာ ဝိညာဉ် လောကကို စိတ်ဝင် တစား ရှိပြီး သူမရဲ့ သားတွေနဲ့ ဆက် သွယ် တတ်တယ်လို့ ဆိုပါတယ်။ စိတ်ညဉ် မကြည်လင် တတ်တဲ့ ယခင် သမ္မတကြီး Andrew Jackson ရဲ့ တဗျစ် တောက်တောက် ရေရွတ် သံကို တခါတရံမှာ ကြားရ တတ် တယ်လို့ ဆိုပြန်ပါတယ်။



သမ္မတကြီး လင်ကွန်းရဲ့ ဝိညာဉ်ကို တွေ့ကြသူ၊ အသံကို ကြားရသူ အိမ်ဖြူတော် ဝန်ထမ်း များနဲ့ အိမ်ဖြူတော် မှာနေထိုင် ကြသူများ အမြောက် အမြား ရှိခဲ့ပါတယ်။ တကယ်တော့ သူ့ရဲ့ ကိုယ်ထင် ပြမှုက လက်ရှိ အချိန်အထိ အကြိမ်ရေ အများဆုံး ဖြစ်တယ်လို့ ဆိုကြပါတယ်။ Calvin Coolidge ရဲ့ဇနီး Grace ကတော့ သူတို့ နေထိုင်ခဲ့တဲ့ ၁၉၂၃ နဲ့ ၁၉၂၉ ခုနှစ်ကြားမှာ သမ္မတကြီး လင်ကွန်းကို စတင် တွေ့ခဲ့ သူပါ။ သမ္မတ ကြီးက ပိုတိုမက် မြစ်ကြီးရဲ့ တစ်ဖက် ကမ်းက စစ်မြေ တလင်း ဘက်ကို ငေးကြည့် နေတတ် တယ်လို့ ဆိုပါတယ်။ နောက်ထပ် သမ္မတ ကတော် တစ်ယောက် ဖြစ်တဲ့ Eleanor Roosevelt ဟာသူမ သမ္မတကြီး လင်ကွန်းရဲ့ အိပ်ခန်းမှာ ညဘက် လူခြေ တိတ်ချိန် အလုပ်လုပ် နေစဉ် မှာ သမ္မတကြီး အနားမှာ ရှိနေ သယောင် ခံစားရ တယ်လို့ ဆိုပါတယ်။ သမ္မတကြီး လင်ကွန်းကို အိမ်ဖြူ တော်မှာ ခဏခဏ တွေ့ရတဲ့ အကြောင်း ကတော့ သူ့ရဲ့ဘဝဟာ တိုတောင်း လှပြီး ကြေကွဲ ဖွယ်ရာ အဆုံးသတ် ခဲ့ရလို့ ဒီကမ္ဘာ ကနေ မကျွတ် မလွတ် ဖြစ်ရတာလို့ ယူဆ ကြပါ တယ်။



အမေရိကန် သမိုင်းကြောင်းမှာ သူဟာ လူထု အချစ်ဆုံး သမ္မတကြီး ဖြစ်ခဲ့ရပြီး သူရှိစဉ်က လူမှု ပတ်ဝန်း ကျင် အတွက် အားသွန် ခွန်စိုက် ဆောင်ရွက် ခဲ့လို့ အိမ်ဖြူတော် အပေါ် သံယောဇဉ် ကြီးမား လွန်းခဲ့လို့ ဒီလို ခဏခဏ တွေ့ရ တာလည်း ဖြစ်နိုင် ပါတယ်။ အိမ်ဖြူ တော်မှာ နေ ဖူးတဲ့ သူတွေ မဟုတ်ဘဲ တခြားလူ တွေလည်း သူ့ကို တွေ့ဖူး ကြတယ်လို့ ဆိုကြပါတယ်။ Winston Churchill ဟာ သူရေချိုး ပြီး ထွက်လာ တော့ သမ္မတကြီး လင်ကွန်းကို မီးလင်းဖို နားမှာ တွေ့ခဲ့ ရတယ်လို့ ဆိုပါတယ်။ နယ်သာလန် ဘုရင်မကြီး Queen Wilhelmina ကလည်း ည ကြီး သန်းခေါင် တံခါး ခေါက်လို့ ဖွင့်ကြည့် လိုက်ချိန်မှာ သမ္မတကြီး လင်ကွန်းကို ဦးထုပ် ချွတ်ပြီး ဂါရဝ ပြုတဲ့ ပုံစံနဲ့ ရပ်နေ တာကို တွေ့လိုက် ရလို့ သေလု မတတ် မေ့မြော သွားခဲ့ရ ဖူးပါတယ်။ အိမ်အို အိမ်ဟောင်း ကြီးတွေ တော်တော် များများဟာ သူရဲခြောက် တတ်တာ သေချာ သလောက် ဆိုပေမယ့် သမိုင်း တွင်တဲ့ အကျော်ဇေယျ ပုဂ္ဂိုလ်တွေ နေထိုင်ခဲ့တဲ့ အမေရိကန် သမ္မတ အိမ်ဖြူတော် လောက် နာမည် ကျော်တာ ရှားပါး လှပါတယ်။

Images from huffingtonpost, firstladies.c-span.org, abcnews.go.com, shotcontext.blogspot.com , Source - Yourghoststories

Author Tornado
MYMC

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...