Illuminati



ကမ္ဘာကြီးက အဖြစ်အပျက် တွေကို ထိန်းချုပ် နေတဲ့ လျှို့ဝှက် အဖွဲ့အစည်းတွေ တကယ် ရှိနေသလား။ အဲဒီ အဖွဲ့အစည်း တွေထဲက "Illuminati" ဆိုတဲ့ အဖွဲ့အစည်း အကြောင်း တင်ပြ သွားမှာပါ။

ကမ္ဘာပေါ်မှာ လျှို့ဝှက် ဆန်းကြယ်ပြီး အံ့သြစရာ ကောင်း လောက်တဲ့ အရာတွေ ရှိပါတယ်။ အဲဒီ အထဲက ကမ္ဘာကြီးက အဖြစ်အပျက် တွေကို ထိန်းချုပ် နေတဲ့ လျှို့ဝှက် အဖွဲ့အစည်းတွေ တကယ် ရှိနေတယ် ဆိုရင် စာဖတ်သူတို့ အံ့သြ ကြမှာပါ။ အဲဒီ အဖွဲ့အစည်း တွေထဲက "Illuminati" ဆိုတဲ့ အဖွဲ့အစည်း အကြောင်း တင်ပြ သွားမှာပါ။ "Illuminati" ဆိုတဲ့ အဖွဲ့အစည်း ဘယ်လို ဖြစ်လာ သလဲ ဆိုတာတော့ ယူဆ ချက် အမျိုးမျိုး ရှိပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀၀၀ လောက် ကတည်းက ရှိခဲ့တယ် လို့လည်း ဆိုကြ ပေမယ့် ယုတ္တိတော့ မရှိပါဘူး။ အခုမတော့ ယုတ္တိရှိတဲ့ ယူဆချက် တစ်မျိုးကို တင်ပြ ပါရစေ။



"Illuminati" တွေဟာ Freemasons တွေရဲ့ တစ်ပိုင်း တစ်စသော အဖွဲ့ အစည်းလို့ ဆိုကြပါတယ်။ သူတို့ရဲ့ မူလ ပကတိ အစကတော့ Crusades စစ်ပွဲတွေမှာ ပါဝင် ဆင်နွှဲခဲ့တဲ့ The Knights Templar တွေလို့ ဆိုကြ ပါတယ်။ Knights Templar တွေဟာ သြဇာဓန ကြီးမားခဲ့ပြီး သူတို့ရဲ့ အုပ်စိုးမှု တွေဟာ စိုးရိမ်စရာ ကောင်းလာ တာကြောင့် ၁၄ရာစု လောက်မှာ King of France နဲ့ the Pope ရဲ့လက်ချက်နဲ့ အမြောက်အမြား ဖမ်းဆီး သုတ်သင် ခံခဲ့ရ ပြီးနောက် နှစ်ပေါင်း အတော် အကြာမှာ Knights Templar မျိုးဆက် တွေဟာ Freemasons တွေအဖြစ် ပြန်လည် ပေါ်ပေါက် လာခဲ့ ပါတယ်။ တစ်ဖက် မှာတော့ Mason တစ်ယောက် ဖြစ်တဲ့ Adam Weishaupt ဟာ ၁၇၇၆ ခုနှစ်၊ မေလ ၁ရက်နေ့မှာ "The Illuminati" ဆိုတဲ့ အဖွဲ့ အစည်းကို တည်ထောင်ဖြစ် ခဲ့ပါတယ်။ "Illuminati" တွေဟာ Knights Templar တွေရဲ့ မျိုးဆက်တွေ ဒါမှမဟုတ် အတွေး အခေါ်ကို လက်ဆင့်ကမ်း ကြသူ တွေလို့ ဆိုရင် ဖြစ်နိုင် လောက် ပါတယ်။ ဘာကြောင့် လည်း ဆိုတော့ Illuminati တွေရဲ့ "Gender Equality" နဲ့အုပ်ချုပ်ရေး အပေါ် ဘာသာရေး လွှမ်းမိုးမှုကို တားဆီး ကြမယ် ဆိုတဲ့ ရည်ရွယ်ချက် တွေဟာလည်း Knights Templar တွေမှာ ရှိခဲ့ပါတယ်။



"Illuminati" ကို တည်ထောင် သူ Adam Weishaupt ဟာ၁၇၇၀ ခုနှစ် အစောပိုင်း ကစလို့ သူ တည်ထောင် မယ့် အဖွဲ့ အစည်းရဲ့ ရည်ရွယ် ချက်တွေ၊ လုပ်ငန်းစဉ် တွေကို စတင် ရေးဆွဲခဲ့ပြီး ၁၇၇၆ ခုနှစ်၊ မေလ ၁ရက်နေ့မှာ ငါးဦးသော အဖွဲ့ဝင် တွေနဲ့ စတင် ဖွဲ့စည်း ခဲ့ပါတယ်။ အဖွဲ့ဝင် တွေဟာ Freemasons လို့ခေါ်တဲ့ Freethinkers တွေဖြစ်ကြပြီး သူတို့ရဲ့ ရည်ရွယ်ချက် တွေ ကတော့ မတရား တဲ့ မလို မုန်းတီးမှု အဆုံး သတ်ရေး၊ Roman Catholic Church ရဲ့အစိုးရ၊ အတွေး အခေါ်၊ သိပ္ပံပညာ အပေါ် ထိန်းချုပ် ထားမှုကို အဆုံး သတ်ရေး၊ ပညာရေးကို တိုးတက်အောင် လုပ်ရေးနဲ့ မိန်းမ တွေကို ယောက်ျား တွေနဲ့ တန်းတူ သတ်မှတ် ပေးရေးတို့ ဖြစ်ပါ တယ်လို့ ဆိုကြပေမယ့် တစ်ဖက် မှာတော့ "One world government" ကမ္ဘာတစ်ခု၊ အစိုးရ တစ်ခု ဖြစ်အောင် လုပ်ဖို့သာ အဓိက ရည်ရွယ်ချက် လို့လည်း ဆိုကြပါတယ်။ ဘာပဲ ပြောပြော ၁၇၈၀ ခုနှစ်မှာ သူတို့ရဲ့ ကံကြမ္မာဆိုး အနေနဲ့ သူတို့ရဲ့ ပင်မဒေသက အစိုးရ the Bavarian Government ဟာလျှို့ဝှက် အဖွဲ့အစည်း တော်တော် များများကို ပိတ်ပင်ခဲ့ပြီး "Illuminati" ဟာလည်း တရားမ၀င် အဖွဲ့ အစည်း ဖြစ်ခဲ့ရ ပါတယ်။



အဲဒီ နောက်ပိုင်းမှာ သူတို့ရဲ့ အဖွဲ့အစည်းဟာ တိတ်တဆိတ်နဲ့ ရှင်သန်ခဲ့ တာကနေ အခုထိ သူတို့ မျိုးဆက်တွေ၊ အဖွဲ့ဝင်တွေ ရှိနေသေး တယ်လို့လည်း ဆိုကြပါတယ်။ "Illuminati" ရဲ့အဖွဲ့ဝင် တွေဟာ ဓန၊ သြဇာနဲ့ ပြည့်စုံကြပြီး နိုင်ငံတွေရဲ့ အစိုးရတွေ အပေါ်မှာ သြဇာအာဏာ ရှိကြ သူတွေ ဖြစ်ကြ ပါတယ်တဲ့။ သာဓက အနေနဲ့ ၁၈ရာစုမှာ ထင်ရှားခဲ့တဲ့ စစ်သူကြီး Ferdinand of Brunswick နဲ့ သံတမန် Xavier von Zwack တို့ပါဝင်ခဲ့ တဲ့အပြင် စာပေ သမား တွေဖြစ်တဲ့ Johann Wolfgang von Goethe နဲ့ Johann Gottfried Herder တို့တွေတောင် ပါခဲ့ပါတယ်။ "Illuminati" ခေတ်ကောင်းစဉ် ကာလက ဥရောပ တစ်ဝန်းမှာ ရုံးခွဲတွေ ဖွင့်လှစ် ထားပြီး အဖွဲ့ဝင်ပေါင်း ၂၀၀၀ ခန့်တောင် ရှိပါတယ်တဲ့။ အဖွဲ့ရဲ့ လုပ်ရပ် တွေဟာ လျှို့ဝှက် ထားတာမို့ ထင်ထင် ရှားရှား မှတ်တမ်းတင် ထားတာ မရှိပါဘူး။ ဒါပေမယ့် French Revolution ကိုဖန်တီး သူများအဖြစ် ထင်ရှားပြီး ပထမနဲ့ ဒုတိယ ကမ္ဘာစစ် တွေမှာ နောက်ကွယ် ကနေ ကြိုးကိုင် ခဲ့တယ်လို့ တစ်ချို့သော မှတ်တမ်း တွေမှာ ဖော်ပြထား ပါတယ်။



ဒုတိယ ကမ္ဘာစစ် နှောင်းပိုင်း မှာလည်း "Illuminati" ဟာကမ္ဘာ့ စီးပွားရေးနဲ့ နိုင်ငံရေးကို ကြိုးကိုင် ထားပြီး မဖြေရှင်း နိုင်တဲ့ လူသတ် မှုတွေ၊ လုပ်ကြံ မှုတွေ၊ မတော် တဆမှု တွေနဲ့ မလိုလားသူ တချို့ကို ရှင်းပစ်ခဲ့ တယ်လို့လည်း ဆိုပါတယ်။ အခုအချိန် မှတော့ ကမ္ဘာကျော် တစ်ချို့ဟာ သူတို့ရဲ့ အဖွဲ့ဝင် တွေပါဆိုပြီး သုံးသပ် ချက်တွေ ထွက်လာ ပါတယ်။ အဲဒီထဲမှာ နိုင်ငံရေး ထဲကဆိုရင် George H.W. Bush, George W. Bush, Bill Clinton, Hillary Clinton, Richard Nixon, John F. Kennedy, Barrack Obama, Prince Charles, Adolf Hitler စတဲ့ နာမည်ကျော် ခေါင်းဆောင် တွေအပြင် အနုပညာ အပိုင်း မှာလည်း Jay Z, Dr.Dre, Chris Brown, Justin Bieber, Celine Dion, Eminem, Jim Carey, Paris Hilton, Madonna, Lady Gaga, Kayne West, Rihana တို့ပြင် Michael Jackson, Whitney Houston တို့ဟာလည်း အဖွဲ့ဝင် အဖြစ် ရှိခဲ့ပေမယ့် တစ်ချိန်မှာ အဖွဲ့ကို ဆန့်ကျင် ခဲ့လို့ အသတ်ခံ ခဲ့ရတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ခိုင်မာတဲ့ သက်သေ မရှိသလို ဘယ်သူ ကမှ မိမိဟာ "Illuminati" အဖွဲ့ဝင် ပါလို့ တရားဝင် ၀န်ခံ ထားတာ မရှိပါဘူး။ 



"Illuminati" အဖွဲ့ကို ကိုယ်စားပြုတဲ့ သင်္ကေတ တွေထဲက ၁၀ခု ကတော့ "The All-Seeing Eye"(Most popular Illuminati Symbol)၊ "The Pyramid"၊ "El Diablo"(The Devil's Horn)၊"The Owl"(Symbol of God of Wisdom)၊"The Pentagram"(Symbol for black magic)၊ "No.666"(Symbol for beast and anti-christ)၊ "Fire"(Symbol of enlightenment)၊ "Skulll"(Symbol of mortality)၊ "Obelisk"(Symbol of power center) နဲ့ "Nazi Salute" တို့ဖြစ်ကြ ပါတယ်။ အဲဒီ သင်္ကေတ တွေထဲက တစ်ချို့တွေကို လူတွေ တွင်တွင် ကျယ်ကျယ် သုံးနေကြ ရာမှာ ကုန်ပစ္စည်း အမှတ် တံဆိပ်တွေ၊ အဖွဲ့ အစည်း ဆိုင်းဘုတ် တွေမှာတောင် ပါနေ ပါတယ်။ "Illuminati" အဖွဲ့ အစည်းဟာ တကယ် ရှိခဲ့ရင် စာဖတ်သူတို့၊ ကျွန်တော်တို့ နားလည် သိခဲ့တဲ့ ကမ္ဘာ့ အဖြစ်အပျက် တစ်ချို့ဟာ မှားယွင်းနေ ကြမှာပါ။ စာဖတ်သူတို့ အခု ဖတ်ခဲ့ရတဲ့ အချက် အလက် တွေဟာ ၁၀၀ ရာခိုင်နှုန်း မှန်မယ်လို့ အာမခံချက် မပေး နိုင်ပါဘူး။ ဘာကြောင့် လည်း ဆိုတော့ အဲဒီ အဖွဲ့ရဲ့ တရားဝင် မှတ်တမ်း ဆိုတာမျိုး မရှိလို့ ပါပဲ။ ဘယ်လိုပဲ ပြောပြော အဲဒီ အဖွဲ့ကြီး ရှိသည် ဖြစ်စေ၊ မရှိသည် ဖြစ်စေ လူသားတွေက ကောင်းတာ တွေသာ လုပ်ကြရင် ကမ္ဘာကြီးရဲ့ နေ့ရက် တိုင်းဟာ သာယာနေ ကြမှာပါလို့ ဆန္ဓပြုရင်း နိဂုံးချုပ် အပ်ပါတယ်။


Ref: 1. "History of the Illuminati" (Source:http://people.virginia.edu/~sfr/enam481/groupa/illumhist.html)
2. "Top ten Illuminati Symbols"(Source:http://www.illuminatirex.com/illuminati-symbols/)
3. "2013 Illuminati Members Exposed! Including Symbols in our Everyday Lives…"
(Source:http://beforeitsnews.com/alternative/2013/06/2013-illuminati-members-exposed-including-symbols-in-our-everyday-lives-2673632.html)
4. "Illuminati"(Source:http://en.wikipedia.org/wiki/Illuminati)

Images from www.illuminatijewel.com, naijagists.com, wiki

Author Paing Hmu Ko
MYMC

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...