ပရိသတ်ကသာ နံပတ်တစ် ဦးစားပေးပါလို့ ဆိုတဲ့ သရုပ်ဆောင် ဟိန်းဝေယံ


စန္ဒီ on 2014-04-21 11:00

လူငယ် ပရိသတ်တွေကြားမှာ အချစ်၊ ဖန်စီဇာတ်ရုပ်လေးတွေနဲ့ ပရိသတ်တွေလက်ခံအားပေး နေတဲ့ စူပါမင်းသား ဟိန်းဝေယံကို အချစ်၊ဖန်စီကာရိုက်တာတွေနဲ့ အများဆုံး တွေ့မြင်ရတာနဲ့ ပတ်သက်ပြီး မေးမြန်းဖြစ်ခဲ့တာကတော့ ‘ကျွန်တော့်ကို အချစ်၊ ဖန်စီကားတွေနဲ့ပဲ ပရိသတ်အများ ဆုံး တွေ့နေရတာ မှန်ပါတယ်။ ဒါပေမဲ့ ကျွန်တော် ဖိုက်တင်ကား အဆန်းလေးတွေလည်း ရိုက်ပါတယ်။ ကိုယ်တိုင် ကလည်း သရုပ်ဆောင်တစ်ယောက် ဖြစ်တဲ့အတွက် ကာရိုက်တာမျှအောင်တော့ ရိုက်ပါတယ်။ တစ်ချို့ဇာတ်ကားလေးတွေကတော့ ပရိသတ်တွေဆီ မရောက်သေးလို့ပါ။ ကာရိုက်တာ ကြမ်းကြမ်းနဲ့ ဟိန်းဝေယံဆိုတာ ဖျောက်ပြီး ရိုက်ထားပါတယ်။’လို့ သူက ပြောပါတယ်။ အနုပညာနဲ့ ပတ်သက်ရင် တစ်ချို့အနုပညာရှင်တွေက မျှော်လင့်ချက်တွေထားပြီး အလုပ်လုပ်ကြတာကို တွေ့ရတယ်။ ဟိန်းဝေယံကရော အနုပညာနဲ့ ပတ်သက်ရင် ဘယ်လို မျှော်လင့်ချက်တွေ ထားလဲဆိုတော့ သူက ‘ကျွန်တော်ကတော့ အနုပညာနဲ့ ပတ်သက်ပြီး ဟိုဟာကြီးဖြစ်ရမှ၊ ဒါဖြစ်မှရယ်လို့တော့ မျှော်လင့် မထားပါဘူး။ အဓိကကတော့ ပရိသတ်ကိုသာ နံပတ်တစ် ဦးစားပေးပါတယ်’တဲ့။

Trend Myanmar

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...