ဆီးချိုရောဂါ ကာကွယ်နည်းများ
ဆီးချိုသွေးချိုရောဂါမှာ (၁)ဆီးချိုသွေးချိုရောဂါအမျိုးအစား (၂)ဆီးချိုသွေးချိုရောဂါ ဆိုပြီးရှိပါတယ်။ ဆီးချိုရောဂါသည် ၁၀၀မှာ ၉၉%က အမျိုးအစား(၂) ဆီးချိုရောဂါသည်တွေ ဖြစ်ကြပါတယ်။ အခုဖြေကြား မယ့် အကြောင်းတွေက အမျိုးအစား(၂) ဆီးချိုရောဂါအကြောင်း ဖြစ်ပါတယ်။ ဆီးချိုရောဂါဟာကာကွယ်လို့ရပါတယ်။ ဆီးချိုရောဂါဟာ မျိုးရိုးဗီဇရယ်၊ ပတ်ဝန်းကျင်ရယ်ပေါင်းပြီးမှ ဖြစ်လာ တာပါ။ မျိုးရိုးဗီဇမှာ ဆီးချိုရောဂါပါလာပေမယ့် ပတ်ဝန်းကျင်ကောင်းရင်မဖြစ်ပါဘူး။ ပတ်ဝန်းကျင်ဆိုတာ ကတော့နေထိုင်မှုနဲ့စားသောက်မှုတွေပဲဖြစ်ပါတယ်။ မှန်ကန်တဲ့လူနေမှု စားသောက်ပုံတွေနဲ့ ဆီးချိုရောဂါကိုကာကွယ်လို့ရပါတယ်။ ချိုလွန်းတဲ့ အဆီများလွန်းတဲ့၊ ငန်လွန်းတဲ့ အစားအသောက်တွေကို မစားရပါဘူး။ နောက်တစ်ချက်က ဟင်းသီးဟင်းရွက်တွေကို များများစားရပါမယ်။ ရေများများသောက်ရပါမယ်။ ကိုယ်အလေးချိန်တက်မလာအောင် ထိန်းသိမ်း ရပါမယ် ။ ဆေးလိပ်နဲ့အရက်သောက်တာကိုရှောင်ရပါမယ်။ စိတ်ဖိစီးမှု(Stress)တွေများရင်လည်း ဆီးချိုရောဂါဖြစ် နိုင်ပါတယ်။ ဒါ့ကြောင့်စိတ်ဖိစီးမှုကို လျှော့ချရပါမယ်။ လေ့ကျင့်ခန်းအနေနဲ့တစ်နေ့ကို နာရီဝက်လောက် လမ်းလျှောက်သင့်ပါတယ်။ တစ်ပတ်မှာ ငါးရက်လောက် လမ်းလျှောက်...