လမ်းဆောက်ရေး အထူးအဖွဲ့မှ ထော်လာဂျီယာဉ် တိမ်းမှောက်မှု ၁၃ ဦးသေဆုံး၊ ၂၄ ဦးဒဏ်ရာရ

ရှမ်းပြည်နယ် အရှေ့ပိုင်း၊ မိုင်းတုံမြို့နယ် အတွင်းရှိ နားကောင်းမူး-မုံးထ သွားကား လမ်းတွင် ဧပြီ ၂၈ ရက်၊ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်က လေးလုံးထိုး ထော်လာဂျီ တိမ်းမှောက်ခဲ့ရာ ယာဉ်ပေါ် လိုက်ပါလာသူ ၁၃ ဦးသေဆုံးခဲ့ပြီး ၂၄ ဦး ဒဏ်ရာရ ရှိခဲ့ကြောင်း မိုင်းတုံမြို့နယ်ရဲ တပ်ဖွဲ့မှူးရုံးမှ ရုံးဦးစီး ဒုရဲအုပ်သိန်းဝင်း က ပြောကြားသည်။“လမ်းလုပ်ငန်း အဖွဲ့ လုပ်ငန်းသိမ်း အပြန်မှာ ထော်လာဂျီ မှောက်ပြီး ကလေးလေးဦး အပါအဝင် ၁၃ ဦး ဆုံးပါတယ်။ စစ်ချက်ယူ နေဆဲဘဲ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။
ယင်းနေ့နံနက် ၁၀ နာရီခွဲခန့်တွင် လမ်းဆောက်ရေး အထူးအဖွဲ့ ၄ မှ အငယ်တန်း အင်ဂျင်နီယာ ဦးမြင့်ဌေး ဦးစီးသည့် လမ်းလုပ်ငန်း အဖွဲ့သည် မုံးထမှ နားကောင်းမူးသို့ မော်တော်ယာဉ်ငါးစီး၊ လူအင်အား တစ်ရာကျော်ဖြင့် လုပ်ငန်းသိမ်း ပြန်လာစဉ် ယာဉ်မောင်း ဖိုးဇော် မောင်းနှင်သည့် ၉ဌ/၁၇၆၂၅ လေးလုံး ထိုး ထော်လာဂျီ ယာဉ်သည် နားကောင်းမူးရွာ၏ အနောက်ဘက် ငါးမိုင်ခန့်အကွာ ရေပူစမ်းရွာ အရောက် ကုန်းအဆင်းတွင် ရှေ့မှလာသည့် မော်တော်ယာဉ် တစ်စီးကို ရှောင်တိမ်းရာမှ ဘရိတ်ပေါက်ပြီး ယာဉ်မှာ လမ်းညာလက်ရှိ ၁၅ ပေခန့်ရှိသော ချောက်ထဲသို့ ထိုးကျ တိမ်းမှောက် သွားခဲ့ခြင်း ဖြစ်ကြောင်း ယာဉ် တိမ်းမှောက်မှုအတွက် လိုက်ပါ ဆောင်ရွက်သူ ပုံပါကျင် နယ်မြေရဲစခန်းမှူး ရဲအုပ်ဇော်မင်းနိုင် က ပြောကြားသည်။
ယာဉ်ပေါ်ပါလာသူ ၃၇ ဦးရှိပြီး လမ်းလုပ်သား ၃၅ ဦးအနက် လုပ်သားခြောက်ဦးနှင့် ကလေးလေးဦးမှာ နေ ရာတွင် သေဆုံးခဲ့ပြီး ဒဏ်ရာရသူ ၂၇ ဦးကို မိုင်းတုံဆေးရုံသို့ တင်ပို့ခဲ့ရာ ဆေးရုံတွင် သုံးဦး ထပ်မံသေဆုံး သွားသဖြင့် သေဆုံးသူ စုစုပေါင်း ၁၃ ဦး ရှိကြောင်း၊ သေဆုံးသူများမှာ မြန်မာပြည် အလယ်ပိုင်း သာစည် အုတ်တွင်းဘက်မှ အများဆုံး ပါဝင်ပြီး ကားငါးစီးအနက် တိမ်းမှောက်သည့် ယာဉ်မှာ နံပါတ်လေးဖြစ် ကာ သေဆုံးသူ များထဲတွင် မိသားစု လေးဦးလုံး သေဆုံးခဲ့ပြီး လေးလသားအရွယ် ကလေးငယ်တစ်ဦး အသက်ရှင် ကျန်ရစ်ကြောင်း အခြားယာဉ်မောင်းတစ်ဦး ဖြစ်သူ တောင်ရိုး (ခေါ်) နိုင်မင်းထွန်းက ဆိုသည်။
“ကုန်းအဆင်းမှာ ရှေ့ကလာတဲ့ ယာဉ်ကို ရှောင်လိုက်တာမှာ ဘေးကိုချော်ပြီး မှောက်သွားတာဘဲ” ဟု ၎င်းကဆိုသည်။ နေ့လည် ၁ နာရီခွဲခန့်တွင် ဆေးရုံသို့ ယာဉ်တိမ်းမှောက်မှုဖြင့် ရောက်ရှိလာသည့် လူနာ ၂၇ ဦးအနက် မလူနာသုံးဦးမှာ ဆေးရုံအရောက်တွင် သေဆုံးခဲ့ပြီး ကျန်လူနာ ၂၄ ဦးတွင် စိုးရိမ်ရအဆင့် ကျားခြောက်ဦး၊ မခုနှစ်ဦးထဲမှ လူနာရှစ်ဦးကို မိုင်းဆတ်ခရိုင် ဆေးရုံသို့ ညတွင်းချင်း ပေးပို့ခဲ့ကြောင်း၊ ကျန်ရှိ စိုးရိမ်ရ လူနာငါးဦးအနက် မလူနာနှစ်ဦးမှာ စောင့်ကြည့် အဆင့်တွင် ရှိနေပြီး သာမန်အဆင့် လူနာ ကျား ငါးဦး၊ မခြောက်ဦး၊ စုစုပေါင်း ၁၁ ဦးမှာ မိုင်းတုံဆေးရုံတွင်ပင် ကုသဆဲ ဖြစ်ကြောင်း ယာဉ်မောင်း ဖိုးဇော်မှာ အခြေအနေ ကောင်းကြောင်း မိုင်းတုံမြို့နယ် ဆရာဝန်ကြီး ဦးမောင်မောင်ဌေးက ဧပြီလ ၂၉ ရက်၊ နံနက်ပိုင်းက အတည်ပြု ပြောကြားသည်။
ဒဏ်ရာရ လူနာများကို ၎င်းအပြင် မုံးထမြို့နယ် တာဝန်ကျ ဆရာဝန်ကြီး အပါအဝင် ဆရာဝန် နှစ်ဦး၊ နေပြည်တော်မှ ကျန်းမာရေး စီမံကိန်းဖြင့် ရောက်ရှိနေသည့် သူနာပြု ၁၀ ဦးအပါအဝင် သူနာပြု ၂၀ ဦးနှင့် လူထုမှ ဝိုင်းဝန်းကုသ ကူညီခဲ့ကြကြောင်း အဆိုပါ ဆရာဝန်ကြီးက ဆိုသည်။
ယာဉ်တိမ်းမှောက် ဖြစ်ပွားရာ နားကောင်းမူး-မုံးထသွား ကားလမ်းမှာ အမြင့်ဆုံး နေရာတွင် ပေ ၅၅၀၀ ကျော် မြင့်မားသော်လည်း လမ်းလုပ်ငန်း အဖွဲ့သည် ပေ ၃၃၀၀ အထိ အမြင့်ဆုံးနှင့် အနိမ့်ဆုံး ပေ ၆၅၀ ထိ လျှော့ချပြုပြင် ဖောက်လုပ်လျှက်ရှိရာ တိမ်းမှောက်ယာဉ်ပေါ်ပါ လုပ်သားများမှာ အဆိုပါလမ်း ကို ပြုပြင် ဖောက်လုပ်နေသည့် အဖွဲ့မှ ဖြစ်ကြောင်း၊ လမ်းအပိုင်းများ ၉၀ ရာခိုင်နှုန်းမျှ ပြီးစီးပြီ ဖြစ်ကြောင်း လမ်းလုပ်ငန်း အဖွဲ့ထံမှ စုံစမ်းသိရသည်။
အဆိုပါ ဖြစ်စဉ်မှ ယင်းမာပင် မြို့နယ်နေ အသက် ၂၉ နှစ်ရှိ ယာဉ်မောင်း ဖိုးဇော်ကို ယာဉ် (ပ)၁/၂၀၁၄၊ ၃၀၄(က) ဖြင့် ပုံပါကျင် နယ်မြေ ရဲတပ်ဖွဲ့စခန်းက အမှုဖွင့်လှစ် အရေးယူထားကြောင်း မိုင်းတုံမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်နေ့ကလည်း အဆိုပါလမ်းတွင်ပင် လမ်းလုပ်သားယာဉ် တိမ်းမှောက်မှုကြောင့် တစ်ဦးသေ၊ ငါးဦးဒဏ်ရာရခဲ့သည့် ဖြစ်စဉ် ရှိခဲ့ကြောင်း မိုင်းတုံ မြို့မရဲတပ်ဖွဲ့ စခန်းမှတ်တမ်းအရ သိရသည်။
The Voice Journal
- (အရှေ့သို့) ဧျပီလ (၂၉) ရက်နေ့က ရန်ကုန်၊ သင်္ကန်းကျွန်းမှာ ပြုလုပ်ခဲ့တဲ့ Racy Spa & Beauty Shop ဆိုင်ဖွင့်ပွဲ Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးAbortion Pills ဖျက်ဆေးတွေအကြောင်းစိတျဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... ဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို Very little makes it more valuable...
- (အနောကျသို့) တရုတ်လူမျိုးစု တစ်ခုတွင် သတို့သမီးလောင်း မိသားစုက တစ်လတိတိ ငို Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးAbortion Pills ဖျက်ဆေးတွေအကြောင်းစိတျဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... ဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို Very little makes it more valuable...