ဗလာကျင်း စာဖတ်အသင်း (18+)

နယူးယောက်မြို့က စာချစ်သူတချို့ရဲ့ ယူနီဖောင်းက ထူးခြားနေပါတယ် - ဘာကြောင့်များလဲ ဆိုတော့... သူတို့ အုပ်စုဖွဲ့ စာဖတ်တဲ့အခါ အပေါ်ပိုင်း အနည်းနဲ့အများ ချွတ်ထား သို့မဟုတ် ရာနှုန်းပြည့် ချွတ်ထားကြ လို့ပါပဲ။



ဒီပုံတွေကြောင့် စာဖတ်ချင်စိတ်တွေ တဖွားဖွား ပေါ်ပေါက်လာသူတွေလည်း ရှိနိုင်ပါတယ်။

သူတို့ကတော့ စာဖတ်ရှိန်မြှင့်တင်ရေးရည်ရွယ်ချက်နဲ့ လုပ်ဆောင်နေတာ ဟုတ်ချင်မှ ဟုတ်ပါလိမ့်မယ်။

သူတို့က ဘယ်သူတွေလဲ။ ထူးခြားတဲ့ သူတို့အကြောင်း ဒီ ဧရာဝတီဘလော့ http://blog.irrawaddy.org မှာ ဖော်ပြရရင် သူတို့က စာအုပ်ဖတ်တာ ဝါသနာပါသူတွေပါ၊ အမျိုးသားရော အမျိုးသမီးရော ပါဝင်ပါတယ်။
အမျိုးသားက လူနည်းစုပါ။ သူတို့ စာဖတ်တဲ့အခါ အမျိုးသား တယောက် သို့မဟုတ် နှစ်ယောက် ပါတတ် တယ်၊ အမျိုးသားတွေက ဓာတ်ပုံထဲ သိပ်မပါချင်ကြဘူးလို့ ဆိုတယ်။

နယူးယောက်မှာ အပေါ်ပိုင်း ဗလာကျင်းနေထိုင်ခြင်းက ဥပဒေနဲ့ ညီညွတ်တယ်၊ သူတို့ကလည်း အဲဒီလို နေ ထိုင်ရခြင်းကို နှစ်သက်ပါတယ်တဲ့။ နယူးယောက်မှာ နေတယ်၊ ရာသီဥတုလည်း ကောင်းတယ် ဆိုရင် သူတို့နဲ့ လာရောက် ပူးပေါင်းနိုင်ကြောင်း အွန်လိုင်းကတဆင့် ဖိတ်ခေါ်ထားတာ တွေ့ရမှာပါ။

အမေရိကန်မှာပဲဖြစ်ဖြစ် ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ် သူတို့ရဲ့ အသင်းခွဲ တည်ထောင်လိုတယ် ဆိုရင်လည်း ကြိုဆိုပါတယ်လို့ ဆိုပါတယ်။

သူတို့တွေ ဘယ်နေ့ ဘယ်မှာဆုံပြီး စာဖတ်ကြမယ် ဆိုတာကို သူတို့ရဲ့ဆိုရှယ်မီဒီယာတွေမှာ ဖော်ပြထား တဲ့အတွက် စုံစမ်းရလွယ်မှာပါ။

ပုံမှာ တွေ့ရသလိုပဲ နယူးယောက်က ပန်းခြံ၊ တံတား စသဖြင့်သော အများပြည်သူနဲ့ သက်ဆိုင်တဲ့နေ ရာတွေမှာ ဖတ်ကြသလို အဆောက်အအုံအတွင်းပိုင်းမှာလည်း ဖတ်ကြပါတယ်။

ဗလာကျင်းဖတ်ရခြင်းရဲ့ အကျိုးကျေးဇူး မည်သို့ရှိသည် ဆိုတာကတော့ အင်း.. အဖြေ အမျိုးမျိုး ရှိပါလိမ့်မယ်။

စာ ရိုးရိုးဖတ်သူထက် ၀တ်လစ်စလစ် ဖတ်သူတို့ကို အများက ပိုပြီး အာရုံစိုက်ကြမှာပါ။

သူတို့ရွေးတဲ့နေရာက လုံခြုံရေးကောင်းတဲ့နေရာဖြစ်ဖို့တော့ လိုပါလိမ့်မယ်။

နယူးယောက်မှာ လူမြင်ကွင်း အပေါ်ပိုင်း ဗလာကျင်း နေထိုင်ခွင့် ရှိနေသရွေ့ ဒီစာဖတ်အသင်း ရှိနေမယ်လို့ ယူဆရပါတယ်။























ဧရာဝတီ Blog
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...