အဆင့်မြင့် 3D Printing ဘောပင်ကို Lix မိတ်ဆက်


Lix သည် ကျွမ်းကျင် ပညာရှင်များ အသုံးပြုနိုင်ရန် ရည်ရွယ်၍ 3D ဘောပင် တစ်မျိုးကို မိတ်ဆက်ပေး ခဲ့ကြောင်း သိရသည်။ Lix ကုမ္ပဏီ အနေဖြင့် ၎င်း 3D ဘောပင်ထုတ်ကုန်ကို မတည်ငွေဖြင့် ထုတ်လုပ်ရန် ကြိုးစားနေဆဲ ဖြစ်သည်။

အဆိုပါ printer သည်သေးငယ်ပြီး နည်းပညာ ဆိုင်ရာ ဘောပင်အဖြစ် သက်သောင့်သက်သာ အသုံးပြုနိုင် ကာလေထဲတွင် အနုပညာ လက်ရာများကို တိကျစွာဖန်တီး ရေးဆွဲနိုင်သည်။ ထို့အပြင် 3D ဘောပင်ဖြင့် ဖက်ရှင်နှင့် ဗိသုကာ ပညာရှင်အတွက် ပုံစံငယ်အချို့ ကိုပင် ရေးဆွဲနိုင် သည်။ Lix ၏ထုတ်ကုန်သည် သယ်ယူရ လွယ်ကူပြီး ခလုတ်ခုံအပြင် USB port ဖြင့်လည်း အားသွင်းနိုင်သောကြောင့် မိမိအလိုရှိသည့် အချိန်တွင် ရေးဆွဲမှုများပြုလုပ်နိုင်သည်။

ယခုအခါတွင် Lix သည်မျှော်မှန်းထားသော မတည်ငွေကိုရရှိနေပြီဖြစ်ကာ ရရှိထားသည့် ၈၂ ပေါင်(ဒေါ်လာ ၁၃၅) ဖြင့် 3D ဘောပင်ထုတ်လုပ်မှုကို ပြုလုပ်ပြီးဒီဇင်ဘာလတွင် တင်ပို့ရောင်းချသွားမည် ဖြစ်သည်။ Lix အနေဖြင့် သေသပ်လှပသော ဒီဇိုင်းရှိသည့် 3D ဘောပင်ကိုကျွမ်းကျင် အဆင့်ရှိသည့်သူများ အရည် အသွေးကောင်းမွန်စွာ အသုံးပြုနိုင်ရန် ထုတ်လုပ်သွားမည် ဖြစ်သည်။

-စိုးထက်
Ref: Engadget
Internet Journal
အတွဲ (၁၅)၊ အမှတ် (၁၇)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...