စင်ကာပူနိုင်ငံရှိ Amity Global Business School တွင် နိုင်ငံတကာ အသိအမှတ်ပြု ABE Level 4 Diploma လျှောက်ထားနိုင်



မြန်မာနိုင်ငံမှ တက္ကသိုလ် ဝင်တန်း အောင်မြင်ပြီးသူများ အနေ ဖြင့် IELTS အမှတ်စာရင်း တင်ပြစရာ မလိုဘဲ၊ ဝင်ခွင့် စာမေးပွဲများ ဖြေဆိုစရာ မလိုဘဲ အချိန်တိုအတွင်း နိုင်ငံတကာ အသိအမှတ်ပြု လက်မှတ် အား ရရှိနိုင်ရန် အတွက် Amity ၏ ABE Level 4 Diploma အား လျှောက်ထား တက်ရောက်နိုင် မည် ဖြစ်ကြောင်း သိရသည်။

တက္ကသိုလ်ဝင်တန်း အောင်မြင်လိုသူများ အနေဖြင့် ABE Level 4 Diploma အား တိုက်ရိုက် တက်ရောက်နိုင်မည် ဖြစ်ပြီး သင်တန်းကာလမှာ ၆ လ ကြာမြင့်မည်ဖြစ်၍ စုစုပေါင်း ကျောင်းစရိတ် မှာ မြန်မာငွေ ကျပ်သိန်း ၃၀ ခန့်ကုန်ကျ မည် ဖြစ်ပြီး Diploma ၌ သင်ယူနိုင်သော ဘာသာရပ်များမှာ Business Management, Marketing Management, Human Management နှင့် Travel Tourism and Hospitality Managmenet စ သည်တို့ ဖြစ်သည်။ ABE အောင်မြင်ပြီးသူများသည် အင်္ဂလန်နိုင်ငံရှိ Top-3 စာရင်းဝင် တက္ကသိုလ် ဖြစ်သည်။ Anglia Ruskin University မှ ပေးအပ်သည့် ဘွဲ့ ဒီဂရီများကိုလည်း Scholarship ဖြင့် လျှောက်ထား တက်ရောက်နိုင်မည် ဖြစ်ကြောင်း သိရသည်။

တက်ရောက်လိုသော ကျောင်းသားများ အနေဖြင့် Wissen Education အမှတ် ၂၂၈၊ မြေညီထပ်၊ အလုံမြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်း-၀၉-၇၃၀၀၁၇၃၂၊ ၀၉-၆၅၀၂၆၁၉ သို့ ဆက်သွယ် စုံစမ်းနိုင်သည်။

အေးဖြူ
Internet Journal
အတွဲ (၁၅)၊ အမှတ် (၁၆)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...