Android ထုတ်ကုန်များပေါ်တွင် iOS App များအသုံးပြုနိုင်မည့် Project Cider



ကိုလံဘီယာတက္ကသိုလ်မှ သုတေသီများသည် Android platform ပေါ်တွင် iOS app များအသုံးပြုနိုင်မည့် Project Cider ကိုစမ်းသပ်နေပြီး ၎င်းသည်သင့်တင့် လျောက်ပတ်သော operation system တည်ဆောက်မှုဖြစ်ကြောင်း သိရသည်။

သို့ရာတွင် virtual စက်ကိုမူ ဖန်တီးသွားမည်မဟုတ်ကြောင်း၊ iOS app များအသုံးပြုရန် Android ထုတ်ကုန်တွင် စတင်တွက်ချက် လုပ်ဆောင်နေဆဲဖြစ်ကြောင်း အထက်ပါ သုတေသီများက ပြောကြားခဲ့ သည်။

Project Cider သည် code adaptation နည်းလမ်းဖြစ်သည့် compile-time ဖြင့် အဓိကလုပ်ဆောင် သွားမည်ဖြစ်ပြီးပြောင်းလဲထားသော code တစ်ကြောင်းမျှမပါဝင်ဘဲ Android ပေါ်တွင် iOS app အတွင်းရှိ ရင်းမြစ် code ကိုလိုက်လျောညီထွေ ပြောင်းလဲမည့် နည်းလမ်းဖြစ်သည်။ ထို့အပြင် မူလအတိုင်း ပြန် လည်ပြုလုပ်ပေးနိုင်သည့် function အချို့ပါဝင်သောကြောင့် Android ထုတ်ကုန်ပေါ်ရှိ host library များမှ iOS app ကိုအသုံးပြုနိုင်မည်ဖြစ်သည်။ ၎င်း Android library များသည် 3D hardware ကိုအရှိန်မြင့်တင် ရန်လည်း ထောက်ပံ့မှုအပြည့်အဝ ပေးထားကြောင်းသိရသည်။

-စိုးထက်
Ref: Ubergizmo
Internet Journal အတွဲ (၁၅)၊ အမှတ် (၁၉)
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...