Antibiotic resistance now 'global threat', WHO warns



ပဋိဇီဝဆေးယဉ်ခြင်းဟာ ကမ္ဘာလုံးဆိုင်ရာ အန္တရာယ်ဖြစ်နေပြီ

• ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကနေ ထုတ်ဖေါ်ပြောလိုက်တာပါ။
• နိုင်ငံပေါင်း ၁၁၄ နိုင်ငံကနေရတဲ့ ကိန်းဂဏန်းတွေကို ဆန်းစစ်မှုလုပ်တော့ ကမ္ဘာ့ဒေသတိုင်းမှာ ပဋိဇီဝဆေးတွေကို ပိုးတွေက ယဉ်ပါးနေကြပြီလို့ ပြောနိုင်တာ ဖြစ်ပါတယ်။
• ပဋိဇီဝဆေးလွန်ကာလမှာ သာမန်ကာရှန်ကာ ပိုးဝင်တာလေးနဲ့ သေဆုံးရနိုင်တယ်လို့ ဖေါ်ပြလိုက်ပါသေး တယ်။ ဒီလိုပိုးဝင်တာကို အရင် ၁ဝ-၂ဝ နှစ်လောက်ကဆိုရင် အလွယ်လေးနဲ့ကုသပေးနိုင်ပါတယ်။
• အစီရင်ခံစာထဲမှာ အဓိက နူမိုးနီးယား၊ ဝမ်းပျက်တာနဲ့ သွေးထဲပိုးဝင်တာတွေကိုဖြစ်စေနိုင်တဲ့ ဗက်တီးရီးယား (၇) မျိုးကို အာရုံစိုက်ထားပါတယ်။
• လက်ရှိသုံးနေတဲ့ ပင်မပဋိဇီဝဆေး ၂ မျိုးကို တချို့တိုင်းပြည်တွေမှာ သုံးမရတော့ပါ။
• တခုကတော့ Carbapenem ကာဘာဇီပင် ဖြစ်ပါတယ်။ ဒီဆေးကို အသက်ကို ရန်ရှာနိုင်လောက် တဲ့ နူမိုးနီးယားနဲ့ သွေးထဲပိုးဝင် တာတွေအတွက် နောက်ဆုံးလက်နက်အဖြစ် သုံးနိုင်ခဲ့ပါတယ်။ မွေးစ ကလေးငယ်လေးတွေကို ဝင်နိုင်တဲ့ K. pneumonia ပိုးကိုလဲနိုင်ခဲ့ပါတယ်။
• ဆီးလမ်းပိုးဝင်တာဖြစ်စေတဲ့ E.coli အီး-ကိုလိုင်ပိုးက ၁၉၈ဝ တုံးကဆေးယဉ်တလုံးဝမရှိခဲ့ရာကနေ အခုဆိုရင် တဝက်ကျော်လောက်က ဆေးယဉ်လာကြပြီဖြစ်တယ်။
• လိင်ကတဆင့်ကူးစက်တဲ့ Gonorrhoea ဂနိုးရီးယား ကိုကုသရတာလဲ ဆေးယဉ်ပါးတဲ့ဒုက္ခရှိနေပါပြီ။
• Escherichia coli = Cepalosporins (3rd generation), Fluroquinolones = ဆီးလမ်းကြောင်း ပိုးဝင်ခြင်း၊ သွေးထဲပိုးဝင်ခြင်း၊
• Klebsiella pneumoniae = Cepalosporins , Carbapenems (3rd generation) = နူမိုးနီးယား၊ ဆီးလမ်းကြောင်းပိုးဝင်ခြင်း၊ သွေးထဲပိုးဝင်ခြင်း၊
• Staphylococcus aureus = Methicillin MRSA = အနာဒဏ်ရာပိုးဝင်ခြင်း၊ သွေးထဲပိုးဝင်ခြင်း၊
• Streptococcus pneumoniae = Penicillin = နူမိုးနီးယား၊ ဦးနှောက်မြှေးရောင်ခြင်း၊ နားရောင်ခြင်း၊
• Nontyphoidal Salmonella = Fluroquinolones = အစာထဲပိုးပါပြီးဝမ်းလျှောခြင်း၊ သွေးထဲပိုးပါခြင်း၊
• Shigella species = Fluroquinolones = ဝမ်းပျက်၊ ဝမ်းကိုက်ခြင်း၊
• ဒီပြဿနာကြီးကိုရင်ဆိုင်ဘို့ရာ ဆေးသစ်တွေ ရှာရပါမယ်။ ဘယ်တော့ရလာမလဲ မပြောနိုင်ပါ။ ဒါကြောင့် သန့်ရှင်းမှုကို ပိုဂရုပြုကြရပါမယ်။ သောက်သုံးရေသန့်ကို လက်လှမ်းမီနိုင်အောင်စီမံရပါမယ်။ ကျန်းမာရေး ဌာနတွေမှာ ကူးစက်ရောဂါနှိမ်နင်းရေး ပိုထိရောက်အောင် စွမ်းဆောင်ရပါမယ်။ ပိုးသေဆေးကို မလိုဘဲ မသုံးရပါ၊ ပိုးသေဆေးကို ဆရာဝန်က သောက်ခိုင်းသလောက် ဆေးအလေးချိန်အပြည့်၊ ရက်အပြည့် သောက်ရမယ်။ ဆေးအလေးချိန်မပြည့်တဲ့ ပိုးသေဆေးတွေကို ဖမ်းဆီးအရေးယူရမယ်။

ဒေါက်တာတင့်ဆွေ
၃ဝ-၄-၂ဝ၁၄

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...