Bellerbys College တွင် Summer School Program ကို တက်ရောက်နိုင်



ထိပ်တန်း တက္ကသိုလ်များသို့ ဝင်ခွင့်ရနိုင်ရန် လေ့ကျင် သင်ကြားပေးသော Bellerbys College တွင် မြန်မာနိုင်ငံမှ ကျောင်းသူ၊ ကျောင်းသားများ Summer School Program ကို တက်ရောက်နိုင် မည် ဖြစ်ကြောင်း Regent Consultancy Services Co.,Ltd မှ သိရသည်။

Bellerbys College သည် Campus 4 ခု ရှိရာမှ Brighton, London နှင့် Cambridge Campus များတွင် Summer School Program ကို တက်ရောက်နိုင်မည်ဖြစ်ပြီး Bellerbys Summer Program ဖွင့်လှစ်မည့် အချိန်များမှာ ဇွန်လ၊ ဇူလိုင် လနှင့် သြဂုတ်လများတွင် ဖြစ်သည်။ Summer School သည် ၂ ပတ်တာ ကာလ ကြာမြင့်မည် ဖြစ်သည်။ Summer School အတွက် ကုန်ကျငွေများမှာ ၁ ပတ်လျှင် စတာလင်ပေါင် ၉၅၀ ဖြစ်သည်။ Bellerbys Summer Program ကို အသက် ၁၄ နှစ်မှ ၁၇ နှစ်ကြားကျောင်းသူ၊ ကျောင်း သားများ တက်ရောက်ခွင့် ရနိုင်မည် ဖြစ်သည်။

Bellerbys College ၏ Summer Program တွင် English Language ကို သင်ကြားပေးရုံ မျှမက Bellerbys Summer Academic နှင့် Bellerbys Summer Creative စသည်ဖြင့် တက်ရောက်၍ ရကြောင်း သိရသည်။ Bellerbys Summer Program ကို တက်ရောက်ခြင်းဖြင့် Study Skill များ တိုးတက်လာခြင်း၊ UK ရှိ ထိပ်တန်း တက္ကသိုလ်များသို့ သွားရောက် လည်ပတ်ခွင့် ရနိုင်ခြင်း၊ IELTS Preparation များ ရရှိနိုင်ခြင်း၊ UK ရှိ အထင်ကရ နေရာများသို့ သွားရောက် လည်ပတ်ခွင့် ရခြင်း၊ UK နိုင်ငံ၏ ဓလေ့များ၊ လူနေထိုင်မှု စနစ်များ သိရှိနိုင်ခြင်း၊ UK ၏ Student Life ကိုရရှိစေနိုင်ခြင်း သာမက မိမိဘဝတွင် Bellerbys Summer School ကို တက်ရောက်ခဲ့ခြင်းကို သိရှိစေနိုင်မည့် Certificate များ ရရှိစေနိုင် မည် ဖြစ်ကြောင်း သိရသည်။

Bellerbys College သည် UK နိုင်ငံ၏ အထင်ကရမြို့များ ဖြစ်သော Brighton, London, Oxford, နှင့် Cambridge မြို့များတွင် တည်ရှိ၍ နိုင်ငံတကာမှ ကျောင်းသူ၊ ကျောင်းသားများကို UK နိုင်ငံရှိ ကမ္ဘာ့ ထိပ်တန်း တက္ကသိုလ်များသို့ အ ဆင့်မြင့် ပညာများကို ဆည်းပူးနိုင်ရန် GCE A Level, Foundation, Extended Foundation, Diploma, Pre Master စသည့် Pathway Program များကို သင်ကြားပို့ ချပေးနေသော တက္ကသိုလ်အကြို ကောလိပ်တစ်ခု ဖြစ်သည်။

Bellerbys Summer Program သို့ တက်ရောက်လိုသော မြန်မာကျောင်းသူ၊ ကျောင်းသားများ အသေးစိတ် သိရှိလိုပါက Bellerbys College ၏ မြန်မာနိုင်ငံကိုယ်စားလှယ်ဖြစ်သော Regent Consultancy Services Co.,Ltd အမှတ် R-2 ၊ အောင်မြေသာစည် အိမ်ရာ၊ အောင်ချမ်းသာ (၂) လမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်း-၀၁- ၅၃၀၅၆၄၊ ၀၉-၅၀၁၉၈၇၀၊ ၀၉- ၇၃၂၀၅၃၃၃ သို့ ဆက်သွယ်၍ စုံစမ်းနိုင်သည်။

Internet Journal
အတွဲ (၁၅)၊ အမှတ် (၁၇) 

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...