Big size is not always good ကြီးတိုင်းလဲမကောင်းပါ (18+)



Can having a big penis hurt your relations? ဆရာ အဲဒါလေး ဘာသာပြန်ပေးလို့ ရမလားဆရာ။ Discovery news ထဲက ပါဆရာ။ လေးစားစွာဖြင့်။

The larger your penis, the more likely your wife will cheat ကျားအင်္ဂါကြီးလေ ယူထားတဲ့ မိန်းမ ဖေါက်ပြားနိုင်လေဖြစ်၏။

• ဖြောင့်ဖြောင့်မတ်မတ် လက်ထပ်ယူထားကြတဲ့ အကြင်လင်မယားပေါင်း ၅၄၅ တွဲကို သီးသန့် လေ့လာ ဆန်းစစ်မှုလုပ်တဲ့အခါ ထးခြားတဲ့ကောက်ချက် ဆွဲနိုင်လာပါတယ်။ ယောက်ျားလိင်အင်္ဂါအရွယ်အစား ကြီးမားသူတွေရဲ့ ဇနီးမယားတွေဟာ တခြားမိန်းမတွေထက် အိမ်ထောင်ရေး (လိင်ကိစ္စ) မှာ ဖေါက်ပြန်တာ တစ်ဆခွဲပိုတာတွေ့ရပါတယ်။ တနည်းပြောရရင် လိင်တံအရွယ်ကြီးလေလေ သူ့မိန်းမဖေါက်ပြန်လေ။
• ဒီဆန်းစစ်မှုကို အမေရီးကားမှာ လုပ်တာမဟုတ်ပါ။ အာဖရိကတိုက်က ကင်ညာနိုင်ငံမှာ လုပ်တာဖြစ်ပါ တယ်။ PLOSOne ထဲမှာ ထုတ်ပြန်ထားပါတယ်။ စမ်းသပ်မှုလုပ်တဲ့ စာရင်းထဲက အမျိုးသမီးတိုင်းကို ၁၅ လက္မရှည်တဲ့ ပေတံ တချောင်းစီ ပေးထားပါတယ်။
• ကင်ညာသူတွေဖက်ကလျှောက်လွှဲချက်က ရိုးရှင်းပါတယ်။ “နာတယ်။ အနေရခက်တယ်။ ကျေနပ်မှု နည်းပြီး သာယာမှုလဲ ကောင်းကောင်းမရဘူး” တဲ့။
• တယောက်ပြောတာက “အဲလောက်ကြီးနေတာနဲ့ နာလို့ ဒိထက်သေးတာဘဲ ရှာဘို့ကြံရပေါ့” တဲ့။ “ဒါမှ ကျေနပ်မှု ရမယ် မဟုတ်လား”။
• ၆့၂% သောအမျိုးသမီးင်္တေဟာ လေ့လာဆန်းစစ်မှု လုပ်နေတဲ့ ၆ လတာအတွင်းမယ် တခြားယောက်ျားတွေနဲ့ ဆက်ဆံရေးထားခဲ့ကြတယ်။ လိင်အင်္ဂါကြီးတာကြောင့်မဟုတ်ဘဲ အိမ်တွင်းအကြမ်း ဖက်မှုရှိလို့လဲ အိမ်ထောင်ရေးဖေါက်ပြန်တာလဲရှိပါမယ်။ ဒါ့ပြင် အတူနေချင်ချိန်မှာနေမပေး တာ၊ နေစေခြင် တဲ့အနေအထား လုပ်မပေးတာ၊ အငက်ငယ်သေးတာ (၂၅ နှစ်အောက်)၊ လိင်ကျေနပ်မှုမရတော့လဲ ထည့် စဉ်းစားရပါမယ်။ ဘာဘဲဖြစ်ဖြစ် သူတို့ကိုနာစေအောင် ကြီးမားတာကို မကြိုက်ကြပါလို့ပြောရမှာ သာဖြစ်ပါ တယ်။

ဒေါက်တာတင့်ဆွေ
၈-၅-၂ဝ၁၄

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...