ပျံသန်းနေသည့် ငှက်များကို ဓါတ်ပုံရိုက်ခြင်း (Bird, in Flight Shooting)

Part (I)
(Camera Gear, Exposure and General Composition )

စကားဦး

ဤ ခေါင်းစဉ်ကို ရေးရန် တာစူနေသည်မှာ ကြာပြီ ဖြစ်ပါသည်။ ကိစ္စများမြောင် လူတို့ ဘောင်အရပ်ရပ် များကြောင်း မရေးဖြစ်ခဲ့ပါ။ ရေး ခြင်နေသည့် အကြောင်းမှာ ပျံ နေသည့် ငှက်များကို ရိုက်သည့် နည်းသည် သာမန် နားနေသည့် ငှက်များကို ရိုက်သည် နှင့် မတူဘဲ နားနေစဉ် ရိုက်သည်ထက် ပို၍ခက်ခဲသည့် နည်း ဖြစ် သောကြောင့် ဖြစ်ပါသည်။ ၄င်းအပြင် ကျွန်တော် ကိုယ် နှိုက်ကလည်း ဤ ကဲ့သို့ ခက်ရာ ခက်ဆစ် ရိုက်ရသည်ကိုဝါ သနာပါ သောကြောင့်လည်း ဖြစ်ပါသည်။

ဤ မှတ်စုကိုရေးရာတွင် ရေးသည့် အကြောင်းအရာ များလှသည့်အတွက် အပိုင်း နှစ်ပိုင်း ခွဲကာ ရေးသား ထားပါသည်။ Part (I) ကို Mike Atkinson ၏ Bird Photography နှင့် Secret of Bird Photography ဆောင်းပါး ပေါင်းချုပ်မှ Photographing Bird in Flight အပိုင်း စသည် များကို အခြခံကာ ငှက်များ ပျံ သန်းနေစဉ် ရိုက်ကူးခြင်း ဆိုင်ရာ အထွေထွေ အကြောင်း အရာ များကို ရေးသား ထားပါသည်။ Part(II) ဖြစ်သည့် Focusing and Tracking ဆိုင်ရာကိုမူ စာတွေ့ ရော ကိုယ်တွေ့ပါ အခြေခံကာ ရေး သား ထားခြင်း ဖြစ်ပါသည်။

ဤ မှတ်စု Part (I) ပါ ငှက်များပျံ သန်းနေသည့် နမူနာ ဓါတ်ပုံများမှာ ဓါတ်ပုံပညာရှင် ဖြစ်သည့် Mike Atkinson ၏ပုံ များ ဖြစ်ကြ ပြီး Part (II) ဖြစ်သည့် Focusing လုပ်ရာတွင် အသုံးပြု သည့် Focusing Mode ၊ AF-Area Mode နှင့် Tracking များ အကြောင်း ရှင်းလင်း ရေးသားရာတွင် နမူနာ ပြထားသည့် ပုံ များမှာ ကျွန်တော်၏ ပုံများ ဖြစ်ပါသည်။

Flight Shots

လျှင်မြန်စွာ ပျံ သန်းနေသည့် ငှက် များ၏ ပုံ ကောင်းများ ရနိုင်ရန် မှန်ကန် ကောင်းမွန် သည့် ရိုက် နည်း စနစ် နှင့် ကင်မရာ ဆိုင်ရာ ပစ္စည်း များ လို အပ် ပါသည်။


Sand Martin emerging from nest hole

In Flight Shots အတွက် လိုအပ်သည့် အခြခံပစ္စည်းများ။

ပျံသန်းနေသည့် ငှက်များကို ဓါတ်ပုံ ရိုက်ရသည် မှာ ကင်မရာ နှင့် Lens များအတွက် ကြီးမား သည့် Challengne ပင် ဖြစ်ပါသည် ဟု ဓါတ်ပုံ ပညာရှင် Mike Atkinson က သူ့ ၏ Birds, in Flight ဆောင်းပါး တွင် ရေးသား ထားပါသည်။

မှန်ပါသည် ကင်မရာ နှင့် Lens များသည် မြင်ကွင်း ရှုပ်ထွေးနေသည့် Background တွင် ပေါ်တွင် လျှင် မြန်စွာ ရွှေ့လျှား- ပျံသန်း နေသည့် Rapid-Moving Target များကို မှန်ကန်စွာ ပုံ ရိပ် ကို ဖမ်း နိုင် သော တိကျ မြန်ဆန် စွာ Focus Lock ထားနိုင် သောပစ္စည်း များ ဖြစ်ရန် လိုပါသည်။ အလွန်မြန်စွာ လှုပ်ရှားနေစဉ် အတွင်း အလိုအလျှောက် မှန်ကန် သည့် Exosure Setting ကို ညှိ ပေးကာ လျှင်မြန်စွာ လှုပ်ရှား နေသည့် Subject ကို ပြတ်သားစွာ Freeze လုပ် ပေးနိုင်သည့် ပစ္စည်း များ ဖြစ်ရန် လည်းလို ပါသည်။

သို့ရာတွင် ခေတ်မှီ DSLR ကင်မရာများမဟုတ်မူဘဲ Compact များ နှင့်လည်း အကောင် ကြီးကြီး နှင့် နှေးနှေး ပျံနေသည့် ငှက်များကို အတော်အသင့် ကောင်းသည့် ပုံအနေအထားအထိ ရိုက်နိုင်ပါသည်။ ခေတ်မှီ DSLR များမှာမူ အတော် လျှင်မြန် သေးငယ်သည့် ငှက်ကလေးများကိုပင် Shutter Speed 1/4000 ခန့် ဖြင့် ပြတ်သားအောင် Freeze လုပ် နိုင်ပါသည်။ High Speed ဖြင့် တစက္ကန့်လျှင် ပုံ ပေါင်း ( ၅ )ပုံ ( ၆ )ပုံခန့် ဆက်တိုက် ရိုက်ကာ စိတ်ကြိုက်ပုံများကို ရွေး နိုင်ပါသည်။

စတင် လေကျင့် ရိုက်စဉ် ပုံ ပေါင်း များစွာ ကို Continuous High Speed ဖြင့် များစွာ လေ့ကျင့် ရိုက်ကူးရပါ မည်။ ဤ သို့ ဖြင့် ပုံ ကောင်း အနည်း ငယ် ရ နိုင်ပါမည်။ နောက်ပိုင်း လေ့ ကျင့် သား ကျ လာလျှင် နည်း နည်း ရိုက် ရုံ နှင့် ပုံ ကောင်း များ ရလာ နိုင်ပါမည်။

Focusing နည်းပညာ အဆင့် နိမ့်သည့် Lens နှင့် Tracking နည်းပညာ အဆင့် နိမ့် သည် ကင်မရာ များ အနေနှင့်မူ in flight ထိပ်တန်း ပုံ များ ရ နိုင်ရန် ခဲယဉ်း နိုင်ပါ သည်။ သို့ ရာ တွင် အဆုတ်မနစ် ကြိုးပမ်း ကာ ပုံ ပေါင်း မြောက် များစွာ ရိုက်ကူး ပါက Top Gear များဖြင့် ရိုက်သည့် ပုံ များ နှင့် အလားတူ ပုံ ကောင်း အချို့ ရ နိုင် ပါသည်။


Slowing Whopper Swan

Basic flight shots

ထိပ်တန်း ကင်မရာ များ မဟုတ်ဘဲ သာမန် ကင်မရာ များ နှင့် အခြေခံ in flight ပုံများ ရိုက် ပါက အကောင်ကြီး ပြီး နှေးနှေး ပျံ သည့် အထက်ပုံပါ Whopper Swan ကဲ့ သို့ ငှက်ကြီး များ ကို စတင် ရိုက်ကူး သင့်ပါသည်။

အဆင့် မြင့် ကင်မရာ များ ၊ Focusing မြန်သည့် Lens များ ရှိသည့် အချိန် တွင် မူ မြန် မြန် ပျံ သည့် ငှက် ငယ် ကလေးများကို Tracking Focusing ဖြင့် Continuous High speed ရိုက် နိုင်ပါလိမ့် မည်။

ဤ ရိုက် နည်း သည် အချိန် မရွေး ပြန် ရိုက် ၍ ရသည့် ရှုခင်း ပုံ၊ ပန်းပုံ၊ Portrait ပုံ စသည် များကဲ့ သို့ အချိန်ပေးကာ စိတ်ကြိုက် ရိုက်၍မရဘဲ အခြေအနေ ပေးသည့် အချိန်နှင့်အနေအထား အတွင်း လုကာ ရိုက်ရသော အနေအထား မျိုး ဖြစ်ပါသည်။ တစ်သက် တွင် တစ် ကြိမ် (once-in-a-lifetime opportunities ) ဖြစ်သည့် ရိုက်ရခြင်း မျိုး များလည်း ဖြစ်နိုင်သဖြင့် တိကျ သေခြာ လွန် စွာလိုပါ သည်။ ထို့ ကြောင့် လေ့ ကျင့် သား “ နာ နေရန် “ လိုပါသည်။

ထိပ်တန်း Pro-Gear များ မ၀ယ် နိုင်သေးလျှင် မိမိ တတ်နိုင်သည့် ငွေ ပမာဏ အတွင်း မှ in flight ရိုက် နိုင်သော Function များ အများဆုံး ပါဝင် သည့် ကင်မရာ နှင့် Lens များ ရွေး ချယ် ၀ယ်ယူသင့် ပါသည်။ ငွေ အခက်အခဲ ရှိပါက ဈေးကွက် အတွင်း ရှိ Manul Lens များကို ၀ယ်ကာ Manual in flig့ht ရိုက်နိုင်ပါသည်။ အဆိုပါ Lens များ၏ အရည် အသွေးသည် များစွာ ကောင်း မွန်ပါသည်။ Manual in flight နည်း စနစ် လည်း ရှိပါသည်။ မတတ်သာလွန်း မှ သုံး သင့်ပါသည်။ သို့ ရာ တွင် Auto Focus ဖြင့် ရိုက်ခြင်း က သာ ပို၍ အဆင် ပြေ ပါသည်။

Key equipment capabilities for flight shooting

အဓိက လို အပ်သည်မှာ Lens ရော ကင်မရာပါ Autofocus Function ရှိရန် လိုအပ်ပါ သည်။ သို့ မှ သာ အလွန် ဝေးသည့် နေရာ မှ အနီးသို့ ရောက် လာသည့် အထိ အဆင့်ဆင့် ပြောင်း လဲ လာသော အကွာ အဝေး များကို ကင်မရာ Firmware က တိကျ စွာ တွက် ချက် ကာ Focus လုပ် နိုင်ပါမည်။

Lens

ပျံ သန်းနေသည့် ငှက် များ ရိုက်ရာ တွင် Focal Length ရှည်သော LongTele Lens များဖြင့် ရိုက် လျှင် ပုံကြီးကြီး ရ သော်လည်း အဆိုပါ Lens များသည် ထိပ်တန်း Tele Lens များ မှ လွဲ၍ သာမန်အား ဖြင့် Focal Length တိုသည့် Lens များလောက် Focusing မမြန်ခြေ။ Focal length အသေ ဖြစ်သည့် Prime Lens များသည် Focusing အ လွန် မြန် ပါသည်။

Nicon AF S 300mm, f-2,8, G ED VRII, Nikon AF S 300, f-4 IF ED, Nikon AF S 400, f-2.8 G ED VR ကဲ့ သို့ Fixed Focal Length Lens များ မှာ မူ Focusing အလွန်မြန် ပါသည်။ ပေး ရသည့် ဈေး လည်း အလွန်ကြီးပါသည်။ Lens များ နည်း တူ ကင်မရာ ကလည်း Tracking ကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန် လိုပါသည်။

ယခု ရေးသားသည့် Focusing စနစ် များသည် ကင်မရာ Sensor က ၄င်းပေါ် ကျရောက် လာသည့် Light Signal ကို မှတ် သားပြီး Lens ကို Focus လုပ် ခိုင်း ခြင်း ဖြစ်ပါသည်။ ထို့ ကြောင့် ကင်မရာ သည်လည်း Subject ကို ကောင်း မွန်စွာ Detect လုပ် နိုင်ကာ ကင်မရာ နှင့် Subject တို့ ၏ အကွာ အဝေး ကို လည်း ထိရောက် တိကျ စွာ တွက် ချက် ပေး နိုင်သည့် အဆင့် မျိုးရှိရန် လို အပ်ပါသည်။ ဤ နေရာ တွင် Pro level ကင်မရာ များက တစ်ပန်း သာ ပါသည်။

အချို့ Focusing နှေးသည် Lens များသည် ပျံနေသည့် ငှက် ကို Shutter Release Button တစ်ဝက် နှိပ် ကာ Focus Lock လုပ်၍ မှတ်စေသော် လည်း ငှက်က Frame ထဲ မှ ကျော်သွားသည် အထိ Focus လုပ် ၍ မရ သည် လည်း အများ အပြား ကြုံဘူးပါသည်။ Long Tele Lens များ မှာ ဈေးလည်း ကြီး လှပါသည်။ ထို့ ကြောင့် 400mm Tele ကိုင် မည့် အစား 300mm ကို 1.4 X Teleconverter ဖြင့် တွဲ သုံးသည် မျိုး ကို စဉ်းစား သင့်ပါသည်။

အခြား သတိပြု ရမည့် အချက်မှာ Aperture f-5.6 ထက် ကျဉ်း သွား လျှင် Auto Focus Tracking အလုပ် ကောင်းစွာ မလုပ် တော့ခြင်းပင် ဖြစ်ပါသည်။ ဥပမာ အားဖြင့် 300mm, f-4 ကို 1.4 X Teleconverter နှင့် တွဲ လိုက်ပါက Effective Aperture သည် f-5.6 ဖြစ်လာမည် ဖြစ်ပါသည်။ သို့ ရာတွင် 2 X Teleconverter နှင့် တွဲ လိုက်ပါက Effective Aperture သည် f-8 သွား ပေလိမ့် မည်။ ထို့ ကြောင့် 300mm ကို အများ ဆုံး 1.4 X Teleconverter နှင့်သာ တွဲ သုံး နိုင်ပါမည်။ သို့ ရာ တွင် အချို့ သော ထိပ်တန်း ကင်မရာ များမှာ မူ f-8 အထိ Auto Focus ကို ကောင်းစွာ လုပ်ဆောင် နိုင်ကြ ပါသည်။

500mm, 600mm ကဲ့သို့ Super Telephpto Lens များသည် လေး လည်း အလွန်လေး၊ ကောင်း လည်း အလွန် ကောင်း လှပါသည်။ သို့ ရာ တွင် ကင်မရာ နှင့် အလွန် နီးကပ် စွာ ဆွဲ ယူ လိုက်သည့်အတွက် အလွန် လျှင်မြန်စွာ ပျံ သည့် ငှက် သည် Frame အတွင်း မှ တစ်စက္ကန့် ၏ အပုံ ပေါင်း များစွာ ၏ တစ်ပုံ အတွင်း မှာ ပင် ဖြတ်ကနဲ ပျောက် သွား ပါသည်။ Frame အတွင်း Focus မိရန် တော်ရုံ တန်ရုံ ပညာ ရှင်များ အတတ် နိုင်ကြပါ။

Camera settings for flight photography

Moving Target များ ရိုက် ရသည့် အတွက် Shutter Speed မြန် ရန် လိုပါသည်။ Light များများ ရရန် အတွက် Aperture ကျယ်ကျယ် ဖွင့်ရန် လိုပါသည်။ Aperture ကျယ်ကျယ် ဖွင့် ခြင်း ဖြင့် နောက်ခံ Background Distraction ကို ပါ ဖြောက် ပြီးသား ဖြစ်သွားပါသည်။ Aperture Priority ဖြင့် ရိုက် ရန် အကြံပြု လိုသည်။ Aperture Priorityဖြင့် ရိုက်သည် ဖြစ်စေ Manual ဖြင့် ရိုက်သည် ဖြစ်စေ Shutter Speed သည် အနည်း ဆုံး 1/1000 အထက် အထိ မြန်နေရန် လိုအပ် သည်။ Background သည် ရုတ်ချဉ်း ပြောင်း သွား နိုင်သည့် အနေအထားမျိုး တွင် Manual Exposure Mode ကို သုံး ခြင်းက ပို၍ ကောင်း ပါသည်။ အခြေအနေ အကြောင်း ကြောင်း ကြောင့် Shutter speed သည် Freeze လုပ်ရန် လိုသည့် အဆင့် သို့ မရပါက ISO ကို တင်ရပါမည်။

ပျံ နေသည့် ငှက် ကို Freeze လုပ် ရမည် ဖြစ်စေကာ မူ တစ်ခါ တစ်ရံ တွင် တောင်ပံ အဖြားလေး များ ၀ါး နေ ရန် လည်း လို အပ်သည်။ ဤ သည်မှာ လည်း အလှ အပ တစ်မျိုး ဖြစ်ပါသည်။ သို့ ရာ တွင် ငှက်၏ အခြားသော အပိုင်း များသည် ပြတ်သား နေရန် လိုပါသည်။

ဝဲ ( Glide ) နေသည့် သိမ်းငှက်ငယ် (Kestrel) တစ်ကောင် ကို ကင်မရာ အား Tripod ပေါ် တွင် အခိုင် ထိုင်ထားပြီး Shutter speed 1/30 လောက် နှင့် ပြတ်သားအောင် Freeze လုပ်နိုင်ပါသည်။


Gliding Kestrel

သို့ ရာ တွင် Kestrel သည် Frame အတွင်း အရှိန် နှင့် ပျံသန်း သည်ကို ရိုက် မည် ဆိုပါက Shutter Speed 1/1000 အထက် နှင့် ရိုက်ရပါမည်။ သို့ ရာ တွင် ကင်မရာ ကို Smooth Panning Tripod ပေါ် တွင် တင်ကာ Panning ဖြင့် ရိုက်မည် ဆိုပါလျှင် Shutter Speed 1/ 250 လောက် နှင့် Paning ကို တိကျစွာ လိုက်ကာ ရိုက်နိုင်ပါသည်။ ယခင် က လောက် Shutter Speed မြန်ရန် မလို တော့ပါ။ အကြောင်း မှာ ငှက်သည် Frame အထဲ တွင် ကင်မရာ က Follow လုပ်သည့် Panning ကြောင့် ပျံ သန်းသည့် အရှိန် သည် မူလ ပျံသန်း သည့် အရှိန် ထက် နှေး သွားသောကြောင့် ဖြစ်ပါ သည်။


A Kestrel flying with high speed

သို့ ရာ တွင် ငှက်သည် ရေပြင် ညီ တစ်ပြင် ထဲ မဟုတ်ဘဲ အထက် အောက် ဘေး ဘယ်-ညာ နေရာ အမျိုးမျိုး ပြောင်း ကာ ပျံ နေပါက မူ Shutter Speed အနှေး Panning နည်း ဖြင့် ရိုက် ၍ မရ တော့ သဖြင့် Shutter Speed အမြန် နှင့် ပင် ရိုက် ရပါမည် ။


A Kestrel flying with high speed

Shutter speed for flight shots 

ရိုက်ရာ တွင် ငှက်၏ ခေါင်း ကို Freeze လုပ် ရန် အတွက် အရေး ကြီးပါသည်။ သတိပြု ရန်မှာ ငှက် သည် မိမိ ကင်မရာ၏ Viewfinder ကို မည် မျှ မြန် ဆန် စွာ ဖြတ်၍ ပျံသန်း သနည်း ဆိုသည့် အချက် ဖြစ်ပါသည်။ ထိုအချက် သည် ကင်မရာ၏ Panning, Follow and Camera Shake စသည့် အခြေ အနေ အနည်း အများ စသည် တို့ ကို ဆုံးဖြတ်ပေး ပါသည်။

ဥပမာ အားဖြင့် ငှက်သည် လေထဲ တွင် ၀ဲ ( Hovering) နေလျှင် တစ်ဖြောင့် ထည်း ပျံ နေသည့် ငှက် ကို အား Panning ဖြင့် ရိုက် သကဲ့သို့ အရှိန် အလျှော် အစား သဘော မျိုး အရ Shutter Speed 1/250 ဖြင့် ရိုက် ခြင်း ဖြင့် ပြတ်သား သည့် ပုံ ရ မည် မဟုတ်။ ဤ သို့ ရိုက်ပါက ခေါင်း ပြတ်သားကောင်း ပြတ်သား မည် ဖြစ်သော်လည်း တောင်ပံ ဖြား များ ၀ါး နေမည် မှာ သေခြာ သည်။ ထို့ ကြောင့် အနည်း ဆုံး Shutter Speed 1/1000 အထက် ဖြင့် ရိုက်ရ ပေ လိမ့် မည်။


Shutter Speed လိုအပ် သလောက် မမြန်သည့်အတွက် ခေါင်း ပြတ်သား သော်လည်း တောင်ပံ ၀ါး (Blur ) နေသည့် ငှက်၏ပုံ။

ထို့ ကြောင့် ငှက် ၏ လှုပ် ရှား မှု အမြန် နှုန်း အပြင် လက် ဖြင့် ကိုင်၍ ရိုက်ပါက Hand Shake, အပြင် အခေါ် နီ ခနော် နဲ့ Tripod ဖြင့် ရိုက်ရာ တွင် Tripod shake တို့ ကို ပါ ထည့် တွက်ကာ အနည်း ဆုံး Shutter Speed 1/1000 အထက် ဖြင့် ရိုက် သင့် ပါသည်။

အကောင်ကြီးကြီး ၊ အရှိန် နှေးနှေး နှင့် ပျံ သည် ငှက်သည် Frame အတွင်း အချိန် ကြာကြာ ရှိခြင်း နှင့် Sensor ပေါ် တွင် လည်းထင်ထင်ရှားရှား ပြတ်ပြတ် သားသား မြင် ရသည်အတွက် Panning ကို နှေးနှေး လုပ် ၍ ရိုက် နိုင်ပါသည်။ တစ်ဖြောင့် ထည်း ပျံ သည့် ငှက် ကို Panning ဖြင့် အရှိန် ကို အလျှော် အစား လုပ်ကာ Shutter Speed အနှေး ဖြင့် ရိုက် နိုင်ပါသည်။

နည်း ဥပဒေသ တစ်ရပ် အနေနှင့်မူ မိမိ၏ Viewfinder အတွင်း အရှိန် နှေးနှေး နှင့် ပျံနေသည့် ငှက် ကို Shutter Speed 1/1000 နှင့် မြန် မြန် ပျံ နေသည့် ငှက် ကို Shutter Speed 1/4000 ဖြင့် ရိုက် ရန် အကြေမ်း ဖျဉ်း မှတ်သား ထားသင့်ပါသည်။

လိုအပ် သည့် Speed ရရန် အလင်းရောင် လုံလောက်စွာ လိုအပ်ပါသည်။ အလင်း ရောင် တောက်ပ နေ သည့် နေ့ ခင်း တွင် Aperture ကို ကျယ်ကျယ် ဖွင့်ခြင်း ၊ လိုအပ်လျှင် ISO ကို သင့်လျှော် သမျှ တင် လိုက်ခြင်း စသည်တို့ ဖြင့် လိုအပ် သည့် Shutter Speed ကိုတင် နိုင်ပါလိမ့် မည်။

Aperture ကို ကျယ်ကျယ် ဖွင့်လိုက်ပါက Depth of Field ပါး သွားကာ Shellow Depth of Field ဖြစ် သွား သည့်အတွက် Focus ပြတ်သည့် နေရာကျဉ်း သွားသည်ကိုလည်း သတိထားရပါမည်။ ဤ သို့ ဖြင့် ငှက် တစ်ကိုယ်လုံးတွင် အချို့ နေရာများ၌ ပြတ်သား မှု လျှော့ နေတတ် ပါသည်။ အထူးသဖြင့် ငှက်၏ တောင်ပံ ဖြားသည် အလွန်မြန်သည့်အတွက် ၀ါးသွားနိုင်ပါသည်။



အထက်ပါ ပုံ ကို Shutter Speed 1/2000 ဖြင့် ရိုက် ထားစေကာ မူ ငှက် ၏ တောင်ပံ ဖြားသည် ၀ါး နေ သည် ကို တွေ့ နိုင်ပါသည်။ Shutter Speed 1/8000 ဆိုလျှင် အားလုံး ပြတ်သားပေလိမ့် မည်။ သို့ရာ တွင် ISO ကိုတင်မှဖြစ်ပေလိမ့် မည်။

သို့ ရာတွင် နည်းပညာ မြင့် သည့် ကင်မရာ နှင့် Lens များမှာ မူ Aperture ကျယ် သဖြင့် ပေါ် ပေါက် လာသည့် ချို့ယွင်းချက်၊ ISO များသဖြင့် ပေါ်ပေါက်လာသည့် Noise စသည် များကို ကု စားပေး နိုင်ပါသည်။


A flying Mallard Duck

Practice on ‘soft targets’

အထက်ပါ Mallard Duck ကဲ့သို့ ကောင်း ကင် ပြာ ပြာ ကို နောက်ခံ ပြုကာ မိမိ ထံ ခတ် လေးလေး ဦးတည် ပျံ လာသည့် ငှက် ကို ရိုက် ရသည်မှာ အကောင်း ဆုံး ဖြစ်ပါသည်။ လက်ရည် တက်လာစေ ရန် လေ့ ကျင့်ရမည့် အနေအထား မျိုး ဖြစ်ပါသည်။ ထို အခြေ အနေမျိုး တွင် ရ နိုင်သမျှ ပုံ များများ ရိုက်ရန် လိုပါမည်။

ပျံ နေသည့် ငှက် ကို ရိုက်ရာတွင် တောင်ပံ ဖြား အနေအထားသည် အလွန် အရေးကြီးပါသည်။ တောင်ပံ အနေအထားပုံစံ လှ မှ သာ လျှင် ငှက် ပုံ လှပါမည်။ ဤ သည် ကို တစ်ချက် တည်း ရိုက်ရုံ နှင့်မရ ၊ ပုံပေါင်း များစွာ ဆက်တိုက် ရိုက်ထားရန်လိုပါသည်။ အဆိုပါ ပုံ များ ထဲ တွင် တောင်ပံ အနေအထား လှသည့် ပုံ များ ပါ လာ ပါ လိမ့် မည်။ အချို့ သော ပုံ များတွင် တောင်ပံ သည် ခေါင်း ကို ဖုံးနေသည်များ ၊ ခေါင်းပေါ် သို့ တောင်ပံ အရိပ် ကျ နေသည်များ ၊ နောက်ခံ အနှောက် အယှက် ( Background Distraction ) ရှိနေသည်များ စသည်တို့ ကို မြင်ဘူးကြ ပါ လိမ့် မည်။ ထို အမှား များကို ဖယ် ရပါမည်။ အရေး အကြီးဆုံး မှာ ငှက် ၏ ခေါင်းသည် အစဉ် ပြတ်သားနေရန် လိုပါသည်။

မိမိ ထံ ဦးတည်ပျံ သန်း လာသည့် လည်ပင်းရှည် ( Long Neck) သည့် ငှက်ကြီးများ ကို ရိုက်ရာ တွင် ပုံ မှန်အားဖြင့် AF-Tracking Lock သည် ကြီးမားသည့် ငှက်၏ ကိုယ် လုံးကိုသာ Lock လုပ်ထားသဖြင့် သေး ငယ် သည့် ခေါင်း မှာ ပြတ်သား မှု လျှော့ နေတတ် သည်ကို သတိထားရပါမည်။

Viewfinder ကို ဖြတ်ကာ ပျံ သန်းသည့် ငှက် ကြီးများ အတွက် မူ ကင်မရာ သည် ယင်းနှင့် အနီးဆုံး ဖြစ် သည့် တောင်ပံ အဖျား ကို Focus Lock လုပ် နိုင်သဖြင့် တောင်ပံ ထက် စာ လျှင် ကင်မရာ နှင့် ပိုဝေး သည့် ကိုယ်လုံး မှာ ပြတ်သား မှု လျှော့နေတတ် ပါသည်။

အထက် ဖေါ် ပြပါ အခြေအနေ နှစ်ရပ်ကို ကု စား နိုင်ရန် အတွက် အလင်းရောင် လုံလောက်ပါက Aperture ကို ရနိုင် သမျှ ကျဉ်း ပေး ကာ ကု စား နိုင်ပါသည်။ သို့ ရာ တွင် ငှက် ကို Focus လုပ်နိုင် သည့် Aperture ( f- 5.6) ထက် ကို ကျဉ်း ၍ မဖြစ်နိုင်ပါ။

Aperture အလွန် ကျယ်ပါက လည်း Focus ဖြတ်သည့် နေရာ သေးသွား ပါသည်။ Aperture ကျယ် ကျယ် ဖြင့် ငှက် အုပ် ကို ရိုက် ရာတွင် တစ်ကောင်သာ ပြတ်သား စွာ ထွက်လာသည့် အဖြစ်မျိုး ကြုံ ရ တတ်ပါသည်။

ပျံနေသည့် ငှက်များ ကို ရိုက် သည့် အတွေ့ အကြုံ အတော် ရလာပါက ထောင့်ဖြတ် အမျိုး မျိုး ဖြင့် View Finder ကို ဖြတ်၍ ပျံ သန်း သည့် ငှက်များ၊ ငှက် သေးသေး လေးများ ၊ တစ်ဖြောင့် တည်း ပျံ သန်း ခြင်း မပြု သည့် ငှက် စသည်များ ၊ လျှင်မြန် စွာ ပျံသန်း သည့် ငှက် များ စသည်တို့ ကို တစ် ဆင့် တက် ကာ ရိုက် ရပါမည်။

ပျံနေသည့် ငှက်များကို စတင် လေ့ကျင့် ရိုက် ကူးစဉ် အငယ်ဆုံး ဇင်ယော် အရွယ် လောက် ရှိသည့် ငှက်များကို စတင် လေကျင့် ရိုက် ကူးပါ။ ပျံ လွှား ( Swallows ) ကဲ့ သို့ Blue its ကဲ့ သို့ မြန်လည်း မြန် ၊ သေး လည်း သေး သည့် ငှက် များ ကို မရိုက် ပါ နှင့် ချွေးပြန် သွားသည် သာ အဖတ် တင်ပါ လိမ့် မည်။


High speed flying small Bird, Swallows


A Blue Tits

မည် သည့် အချိန် အခါ ဖြစ်စေ မိမိ ရိုက် မည် ရိုက်ကွင်း ကို ကန့်သတ်ထား ရပါ မည်။ ငှက် သည် မိမိ ကို ဖြတ် ၍ ပျံသန်း သည် ဖြစ်စေ။ မိမိ ထံ ဦးတည် ကာ ပျံ သန်း လာသည် ဖြစ်စေ ငှက် သည် မိမိ အနား ရှိ သတ်မှတ် ထားသည့် နေရာ အရောက်တွင် ရိုက် ခြင်း ကို ရပ် လိုက်ရပါမည်။ မိမိ ထံ ဦး တည် ပျံ လာ ပါက ခေါင်းပေါ် မကျော် မှီ ရပ်လိုက်ပါ။ ထို ထက် ကျော် ပြီး ရိုက် သည့် ပုံ များ မှာ မကောင်းတော့ပါ။

Panning technique



A Panning Picture of Red Breasted Merganser, Sutter speed 1/60 Sec.

ပျံနေသည့် ငှက်များ အား Panning ရိုက် တော့ မည် ဆိုပါက မိမိ Panning ရိုက်ကွင်းထဲ သို့ မည့်သည့် ဘက်မှဝင် လာမည် ကို ခန့် မှန်းရပါမည်။ မိမိ လှည့်ကာ ရိုက်မည့် အနေအထား နှင့် သက်တောင့် သက်သာ ရှိ မည့် Direction ဖြစ်ရန် လိုပါမည်။ ဘယ်ဘက် ဒူးကို ထောင်၍ ညာဘက် ဒူးကို ထောက်ကာ လက် နှစ်ဘက် ကိုဒူးပေါ် တင်၍ လှည့်သည့် နည်းသည် သက်တောင့် သက်သာ အရှိဆုံး ဖြစ်ပါ သည်။

Shutter speed 1/30 ကဲ့ သို့ အနှေး ဖြင့် ငှက် ၏ ဦးခေါင်းကို Focus လုပ်ကာ Panning ရိုက်ကြည့်ပါ။ ပုံ အချို့ ရိုက်ပြီးပါက ပြန် စစ် ကြည့်ပါ။ ငှက်၏ ခေါင်း သည် (Horizontal Blur ) ရေပြင်ညီ အလိုက် ၀ါး နေပါက panning သည် အလွန်မြန်ခြင်း နှေး နေခြင်း များ ကြောင့် ဖြစ်သည်။ ဒေါင် လိုက် ( Vertical Blur )၀ါး နေခြင်း ဖြစ်နေပါက ကင်မရာ နှင့် Lens ၏ အလေးချိန် ကို လက် က မထိန်း နိုင် သောကြောင့် လက်တုန် သဖြင့် ၀ါးနေခြင်း ဖြစ် သည်။ ထို အခြေအနေမျိုး တွင် Tripod လို လာပါသည်။

Shutter speed 1/30 ကဲ့ သို့ အနှေး ဖြင့် ဖြင့် ရိုက် ၍ အဆင် မပြေပါက မြန်သည့် 1/125 Sec ဖြင့် ပြောင်း ရိုက် ကြည့်ပါ။ လက်သား ကျ လာလျှင် Shutter Speed ကို တစ်ဖြည်းဖြည်း လျှော့ ချ ကာ ရိုက်ကြည့်ပါ။

Use of tripods and other types of support.

အချို့ သော သူများသည် Tripod ဖြင့် ရိုက်သည်ထက် လက်ဖြင့် ကိုင် ရိုက်သည်ကို ပို နှစ်သက်ကြသည်။ Mike Atkinson က သူ၏ ပုံ များ၏ ၂% မျှ ကို ပင် Tripod သုံးခဲ့ ကြောင်း၊ ၄င်း ရိုက် ခဲ့သည် ငှက်ပုံ များ၏ သုံး ပုံ တစ်ပုံ ခန့် ကို ပဲ အိတ် ( Bean bag) ဖြင့် ရိုက် ခဲ့ကြောင်း သို့ ရာတွင် ပျံနေသည့် ငှက်ပုံ များ မဟုတ် ကြောင်း ၊ ပုံ များ၏ သုံးပုံ နှစ်ပုံ ကို Hand Held ဖြင့် သာ ရိုက်ခဲ့သည်ဟု ဆိုပါသည်။

Using tripods for take-off shots


အသိုက်မှ ထွက်လာသည့် Sand Martins.

အသိုက် မှ အထွက် ရိုက် ရန် မှာ စိတ်ရှည် စွာ စောင့် ရန် လိုပါသည်။ ငှက် သိုက် ရှေ့ တွင် ကင်မရာ ကို Tripod ပေါ် တွင် ဆင် ထား ကာ စောင့် ရပါမည်။ အသိုက် အ၀ ကို Pre-Focus လုပ် ထားရပါမည်။ မည် သည့် အချိန် အသိုက် ထဲ မှ ထွက် လာမည် ကို မသိ နိုင် သဖြင့် အချိန် အကန့် အသတ် မရှိ စောင့် ရပါမည်။ အထက်ပါ Sand Martins ငှက်ကဲ့ သို့ အလွန် လျှင် မြန် သည့် ငှက် မျိုး အတွက် Shutter Speed 1/3000 ခန့် ရှိ ရန် လိုပါမည်။ ရသည့် အချိန် အတွင်း ရနိုင် သမျှ ပုံ များ ရိုက် ရ ပါမည်။

Using tripods for landing shots


A landing Jay

အထက်ပါ Jay ငှက် အကိုင်းပေါ် သို့ နား လာသည့် ပုံ ကို ရိုက် ရန် အတွက် ၄င်း နားလေ့ ရှိသည့် နေ ရာ နှင့် သစ် ကိုင်း ကို လေ့လာ ထားရပါသည်။ ပုံ မှန် နား လေ့ရှိသည့် နေရာ ကို သိ သည့် အချိန်တွင် အဆိုပါနေရာ ရှေ့ တွင် ကင်မရာ ကို Tripod ပေါ် တွင် ဆင် ထား လိုက်ပါသည်။ ယင်းနောက် ကင်မရာ Focus ကို သစ်ကိုင်း၏ နောက် နေရာ ( Slightly behind the Stump ) တွင် Pre-Focus လုပ် ထားလိုက် ပါသည်။ ငှက် ၀င်လာသည် မှ စ၍ သစ်ကိုင်း ပေါ် နား သည့် အချိန် အထိ တောက်လျှောက် ဆက်တိုက် ရိုက် ပါသည်။ ဤ နေရာ တွင် Tripod အထောက် အပံ့ သည် များစွာ အရေး ကြီး ပါသည်။

အချို့ သော ဓါတ်ပုံ သမားများသည် အဆိုပါနေရာ တွင် Remote Control Camera, Fash Light, အပါ အ၀င် များသော သော ပစ္စည်း ကိရိယာ များ ကို Flight Path တစ်လျှောက် ဆင် ထားကာ ရိုက်လေ့ ရှိကြ ပါသည်။ ဤ ကဲ့ သို့ ရိုက် နည်းသည် အလွန် ကောင်းသည့် ပုံ များ ရနိုင်စေကာမူ သဘာဝ မကျ သောကြောင့် မကြိုက် ဟု အချို့ သော ဓါတ်ပုံ များက ဆိုပါသည်။

400mm, 500mm, 600mm ကဲ့ သို့ Lens ကြီး များ ကို သယ် ဆောင်ရ လေး လွန်း သည့် အတွက် ယင်း တို့ နှင့် မော်တော် ကား ပေါ် မှ လည်းငှက်များကို ရိုက် နိုင်ပါသည်။ မော်တော် ကား သည် ပုံးကွယ်ရာ နေ ရာ ကောင်း တစ်ခု လည်း ဖြစ်ပါသည်။ သို့ ရာ တွင် ပျံနေသည့် ငှက် ကို ရိုက် ၍ မည် သို့ မျှ အဆင်မပြေ ပါ။ နောက် မှ ဖွင့် ထားသည့် Pick-up ကဲ့ သို့ ကားမျိုး ၏ နောက် ပစ္စည်း သယ်သည့် အမိုး ဖွင့် နေရာ မှ ဆို လျှင် ရိုက် နိုင်ပါသည်။

Challenging subjects


A high speed flying Swifts

Swifts သည် အကောင် အလွန် သေး ၍ အလွန် မြန်သည့် ပျံ လွှား တစ်မျိုး ဖြစ်သည်။ ပျံ နေသည့် ငှက် များကို အတော် ကျင်လည် စွာ ရိုက် နိုင်မှ သာ အဆိုပါ ငှက် ကို ရိုက်သင့်ပါသည်။ အထက်ပါ ပုံ မှာ နောက် အမိုး ဖွင့် ကားပေါ် ပက်လက် လှန်ကာ ရိုက် ထားရ သည့် ပုံ ဖြစ်သည်။ Monopod နှင့် ပျံ နေသည့် ငှက် ကို ရိုက် ၍ အဆင်မပြေပါ။ Tripod သို့ မဟုတ် Hand held များ ဖြင့် သာ ရိုက် သင့်ပါသည်။

အစ ပိုင်း တွင် ကောင်းကင် ပြာ နောက် ခံ ပြုကာ ပျံသန်းနေသည့် ငှက် များ၊ နောက်ခံ ရှင်းလင်း နေ သည့် နေရာ တွင် ပျံ နေသည့် ငှက်များကို သာ ရိုက်ပါ။ Focusing လုပ်ရ လွယ် ပြီး တိကျ မှု ရှိပါသည်။ မိမိ ကင်မရာ AF point ငှက်ပေါ်တွင် ကြာကြာ ချိန် ထားနိုင်သည့် အဆင့် ရောက် မှသာ လျှင် နောက်ခံ ရှုပ်ထေွး နေသည့် နရာ များ ပေါ် ပျံနေသည့် ငှက်များကို ရိုက် သင့်ပါသည်။

Plain vs. ‘busy’ backgrounds



အထက်ပါ ပုံ ကဲ့သို့ အကောင် အလွန်သေးပြီး ပျံသန်း ရှိန် မြန်လှ သည့် ပျံလွှား ကို Focus လုပ်ရ သည်မှာ အလွန် ခက် လှပါသည်။ ၄င် အပြင် ၄င်း ၏ Flight Path သည် ကောင်းကင် ပြာ နောက် ခံ ကဲ့ သို့ Plain Background ကို ဖြတ် ကာ ပျံ သန်း ခဲ သည်။ အထက်ပါ ပုံ တွင် ပျံ လွှားသည် သဲ သောင်ပြင် ကို ဖြတ်ကာ ပျံနေသည့် ပုံ ဖြစ်သည်။ အဆိုပါ နေရာ တွင် ပင် Motion Blur ပုံ အဖြစ် ရိုက် ခဲ့ရသည်။



အထက်ပါပုံ တွင် Short-eared Owl သည် ရှုပ်ထွေး နေသည့် မြက်ခင်းပြင် ကို ဖြတ် ၍ ပျံ နေခြင်း ဖြစ် သည်။ ရှုပ် ထွေး နေသည့် မြက်ခင်း သည် Owl အား Focus လုပ်ရာ တွင် ကင်မရာ အား အတော် မျက်စေ့ လည် စေသည့် အရာ များ ဖြစ်သည်။

ကင်မရာ Autofocus စနစ် သည် ငှက် အစား မြက် များကို Focus လုပ် နိုင်ပါသည်။ ဤနေရာ တွင် Auto ကို Manual ပြောင်း ကာ ရိုက် နိုင်ပါသည်။ Focus ကို ငှက် ပေါ် သို့ ထောက် ၍ ယင်း၏ Fligth Path တစ်လျှေက် လိုက် ချိန် ကာ ရိုက် ရပါမည်။ အလွန် မလွယ် လှသည့် နည်း လည်း ဖြစ်ပါသည်။

နောက် တစ်နည်း မှာ ငှက် ပျံ နေသည့် လမ်း ကြောင်း ကို Shutter Release Buootn အား တစ်ဝက် နှိပ် ထားပြီး Autofocus အား Lock လုပ်ကာ စောင့် ရိုက် ၍ လည်း ဖြစ်နိုင်ပါသည်။ ဤ နည်း ဖြင့် အလွန် မြန် သည့် ငှက် များကို လည်း ရိုက် နိုင်ပါသည်။ သို့ ရာ တွင် Background ကို Focus Lock မလုပ် ထား မိစေရန် သတိ ပြု ရပါမည်။ Aperture ကို များစွာ ကျဉ်း ထားလျှင် Depth of Filed ထူ လာကာ နောက်ခံ များ ရောထွေး ပါ လာနိုင် သည် ကိုလည်း သတ်ပြု ရန် လိုပါသည်။

Lighting and exposure considerations for flight shots



ပျံ နေသည့် ငှက်များကို ရိုက် ရာ ၌ Main Challenge မှာ ငှက် ကို လိုက်၍ ( follow) ရိုက်ရာ တွင် နေရာ လိုက် ကာ အလင်း ရောင် ပြောင်း လဲ သွားခြင်း ပင် ဖြစ်ပါသည်။ ထိုအချက် ကို ကြို တွက် ထားရန် လိုပါ သည်။ ဥပမာ အား ဖြင့် Aperture Priority mode ဖြင့် ရိုက် သည် ဆိုပါက Exposure composition value ကို ပါ တွဲ ကာ ချိန် ညှိပေးရန် လိုပါမည်။ ငှက် သည် ကောင်းကင် ပြာ နောက်ခံ တွင် ပျံနေပါ က ငှက် Under expose မဖြစ်စေရန် positive compensation of 1 to 2 stops ထားပေးရန် လိုပါမည်။ အဆိုပါ အခြေ အနေမျိုး တွင် ကင်မရာ က ကောင်းကင် သည် များစွာ လင်းနေသည် ဟု မှတ်သား ယူ ကာ Exposure ကို ညှိ လိုက်သည့် အတွက် ငှက် သည် under Expose ဖြစ်သွား ပါသည်။ နေရောင် ပြန် နေ သည့် အနေအထား မျိုး တွင် မူ Negative compensation ဖြင့် ပြန် ညှိ ထားပေးရန် လိုပါမည်။ ဖြစ် နိုင် ပါက ငှက် သည် အလင်းရောင် ပြေပြစ်သည့် နေရာ ရောက် မှ ရိုက်လျှင် အကောင်း ဆုံး ဖြစ်ပါသည်။

Exposure for flight shots



A gilding Common Buzzard.

အထက်ပါ Common Buzzard ၏ ပုံ သည် အထက်တွင် ပြထားခဲ့ပြီး ဖြစ်သည့် House Martin ၏ ပုံ နှင့် နှိုင်း ယျဉ်လျှင် Tone Range ပို ကောင်း သည် ကို တွေ့ နိုင်ပါသည်။ ဤ သည်မှာ အကြောင်း သုံး ရပ် ရှိပါသည်။ ၄င်း တို့ မှာ-

၁။ နေရောင်ချဉ် သည် ကောင်းကင်မှ ကျနေသည့် အချိန် (ကျနေ) ဖြစ်ခြင်း-

၂။ ငှက်သည် နေရောင်ချဉ် ၏ အလင်းရောင် ကောင်းစွာ ရရှိသည့်နေရာ တွင် ရှိနေခြင်း-

၃။ ငှက် သည် နှင်း များဖုံးနေသည့် လွင်ပြင် ပေါ်တွင် ပျံနေသည့်အတွက် အောက် မှ နှင်း ၏ Reflection သည် ငှက် ၏ ၀မ်း ဗိုက် ကို ရိုက်ခတ် နေခြင်း - စသည် တို့ ကြောင့် ဖြစ်ပါသည်။

ငှက် ၏ပုံ Composition သည် ဓါတ်ပုံ ရိုက်သူ ကို ဦးတည်ပျံနေ ခြင်း သို့ မဟုတ် ဘေး တိုက် ပျံနေ ခြင်း စသည့် အနေ အထား မျိုး သာ ဖြစ် ရပါမည်။ ငှက် ၏ ဦးခေါင်း ပိုင်း သည် အမြီး ပိုင်းထက် ပို ၍ လင်း နေ ရန် လိုပါသည်။ တောင် ပံ ၏ အရိပ် သည် ခေါင်း ပေါ် ကျ မနေစေရပါ။

ငှက် သည် မိမိ ညာ ဘက် မှ ဘယ် ဘက် သို့ ဖြတ်၍ ပျံ ပါက နေရောင် သည် မိမိ ၏နောက် ကြော ဘက် သို့ မဟုတ် မိမိ၏ ဘယ် ဘက်တွင် ရှိရ ပါမည်။ သို့ မှ သာ ငှက် အပေါ် သို့ မှန်ကန်သည့် အလင်း ရောင် ကျ မည် ဖြစ်ပါသည်။ ဆိုလိုသည်မှာ အလင်း ရောင်သည် ငှက် ရှေ့ တည့်တည့် သို့ မဟုတ် ဓါတ်ပုံ ရိုက် သည့် ဘေး ဘက် နေရာ များ တွင် ရှိရ မည်ကို ဆို လို ခြင်း ဖြစ်ပါသည်။

အကယ်၍ ငှက်သည် အနည်း ငယ် ထောင့် ဖြတ် ပျံ လာပါက နေ ရောင်သည် မိမိ ဘယ် ပုခုံး အနောက်မှ အနည်းငယ် ထောင့်ဖြတ် ကာ ညာ ပုခုံး နောက် လမ်း ကြောင်း တစ်နေရာ နေရာ တွင် ရှိရန် လိုပါသည်။ ငှက်သည် မိမိ ကို တိုက်ရိုက် ဦး တည် ပျံ လာပါမူ နေရောင်သည် ငှက်၏ ညာဘက် မှ ရှေ့ ကို ဖြတ်ကာ ဘယ် ဘက် သို့ ကျ သည့် အနေအထား တစ်နေရာနေရာ တွင် ရှိရန် လိုပါသည်။

Lighting direction



အလင်း ရောင်သည် အထက်ပါ Frame ကို ဖြတ် ၍ ပျံ နေသည့် Redshank ပုံကဲ့သို့ ခေါင်း မှ ကိုယ်လုံး အဆုံး အထိ အလင်းရောင် တောက်ပ စွာ ရှိနေရန် လိုပါသည်။ အမြီး ဖြား တွင် အလင်း တောက်ပ နေမှု သည် များစွာ ပဓါ န မကျ လှပါ။



အထက်ပါ ဇင်ယော် သည် ထောင့်ဖြတ် ပျံနေခြင်း ဖြစ်ပါသည်။ အလင်းရောင်သည် ငှက်၏ ဘယ် ဘက်၊ ကြည့် သူ၏ ညာ ဘက်မှ ထိုးနေသည်။ ထို့ ကြောင့် ခေါင်း နှင့် ကိုယ် ထယ် ၏ အသေးစိတ် များ ပေါ်နေ သည်။ အကယ်၍ အလင်း သည် ငှက် ၏ ဘယ်ဘက်မှ သာ ထိုးနေပါက အရေး ကြီးသည့် ငှက် အဓိက အစိတ် အပိုင်း များ အားလုံး ပျောက် ကုန် မည် ဖြစ် သည်။ နေကျ ချိန် အလင်းသည် ပို ကောင်း သည်။

အထက်တွင် ဖေါ် ပြခဲ့သည်မှာ ဖြစ်သင့် ဖြစ်ထိုက်သည့် နည်း ၊ ဥပဒေသများ ဖြစ်ပါသည်။ သို့ရာတွင် မိမိ သည် အားလုံးကို ကြေညက်နေပါမူ ဥပဒေသများကို ချိုးဖေါက်နိုင်ပါသည်။ မည်သည့် ဥပဒေသမှ ပုံ သေ ထား၍မရပါ။ ကျွမ်းကျင်လာပါက အောက်ပါပုံကဲ့သို့ ဥပဒေသကို ဆန့်ကျင်ကာ နေရောင် ပြောင်းပြန် ( Against the Sun ) ဖြင့် Full Silhouettes ပုံ မျိုးကိုလည်း ရိုက်နိုင် ပါသည်။



Field skills for flight shots

အခြေခံ ရိုက်နည်း များ ကျွမ်းကျင်လာပါက အောင်မြင်မှု သည် Fild ထဲတွင် မိမိ စိတ်ကူး အရ ရိုက်သည့် အပေါ် တွင် တည် လာပါမည်။ အတော် အသင့် အရွယ် ငယ် သည့် ငှက် များကို ရိုက် လာ နိုင်ပါမည်။ ၄င်း တို့ ၏ အမူ အကျင့် တို့ကို သိ လာ နိုင်ပါမည်။ ငှက် တို့ ၏ လေ စုံ လေဆန် ပျံ သန်း မှု သဘော ကို သိလာပါ မည်။ အကောင် ကြီးသည့် ငှက်များသည် လေဆန် တွင် အတက် အဆင်း လုပ်လေ့ ရှိကြပါ သည်။ ဤ သို့ ဖြင့် ၄င်း တို့ ဦးခေါင်း လှည့်ရာ အရပ် ကို ကြို တင် ခန့်မှန်း နိုင်ပါလိမ့် မည်။

Using the wind



အထက်ပုံပါ Fulmar ငှက်မျိုးသည် လေပြင်း တိုက်နေသည့် ကျောက် ဆောင် အထက် တွင် ရှေ့ နောက် ခေါက်တုန့် ခေါက် ပြန် ပျံ လေ့ရှိပါသည်။ တစ်ခါ တစ်ရံ လေထဲတွင် တန့် နေတတ် ပါသည်။ အဆိုပါ အချိန် မျိုး တွင် ရိုက် ရ လွယ်ပါ သည်။ အကယ်၍ ငှက် များ ပျံနေသည်ကို အလေး အနက်ထား ကာ ရိုက် တော့ မည် ဆိုပါ လျှင် လေတိုက်ခတ်သည့် ဦးတည်ရာ၊ အလင်းရောက် ကျ ရောက် သည့် ဦးတည်ရာ စသည် တို့ ကို လေ့ လာ ရပါမည်။ ရာသီ ဥတု ကို ခန့် မှန်း တတ် ရန် လိုပါသည်။

Photographic Rules and Bird in Flight



ဆောင်း ပါးရှင် Mike Atkinson က “ အများစု သည် ဓါတ်ပုံ ၏ အခြေခံ ဥပဒေ သ များ အထူးသဖြင့် Rulr of Thirds သည် ငှက်များ ကို ရိုက်ရာ တွင် သုံး ၍ မရ ဟု ဆိုကြ ကြောင်း ၊ ၄င်း အနေနှင့် အဆိုပါ ပြောကြား ချက် ကို ပြင်းပြင် ထန်ထန် ဆန့် ကျင် ကြောင်း၊ ငှက် သည်လည်း Image တစ်ခု ဖြစ်သောကြောင့် လူ များ အာရုံ စိုက် သည် Center of Interest နေရာ ၌ တွင် သာ ရှိရန် လိုကြောင်း “ စသည်ဖြင့် ပြောပါသည်။ အများအား ဖြင့် ငှက် ပုံ ကို အထက်ပါ ပုံ ကဲ့ သို့ မျဉ်း များ ဆုံ မှတ် တွင် ထားမည့် အစား Frame ၏ အထက် မျဉ်း တွင် ထားလေ့ ရှိကြပါသည်။

ဤ သည်မှာလည်း ပုံသေမဟုတ်ပါ အခြေ အနေ ပေါ်မူတည်ကာ အဆိုပါ ဥပဒေသကို လိုက်နာ၍ မဖြစ် သည်များလည်း ရှိနိုင်ပါသည်။ ထိုအခြေ အနေမျိုးတွင် မိမိသည်သာ အဓိက ဖန်တည်းရှင် ဖြစ်လာ ပါလိမ့်မည်။
-------------------------------------------------------------------------------------------

Part (II)
( Focusing and Tracking )

ငှက်များ ပျံနေသည့် အချိန်တွင် Focus Tracking လုပ်ခြင်း

ပျံ နေသည့် ငျက် များ အား Focus Tracking အကြောင်း မရေး မှီ ကင်မရာ Focusing စနစ်များ နှင့် ပတ်သက်၍ အကြမ်း ဖျဉ်း ရှင်းလင်း လိုပါသည်။ ကင်မရာ Auto Focusing စနစ်တွင် Active Auto Focus နှင့် Passive Auto Focus ဟူ ၍ စနစ် နှစ်မျိုး ရှိပါသည်။

Active Auto Focus

Active Focus စနစ် သည် ကင်မရာက Infrared ကို Subject ထံသို့ ထုတ်လွှတ် လိုက်ပါသည်။ Subject မှ Bounce ဖြစ် လာသည့် Signal ဖြင့် ကင်မရာ နှင့် Subject တို့ ၏ အကွာ အဝေးကို တွက်ချက်ကာ Lens အား မည်သို့ Focus လုပ် ရန် စေခိုင်း သည့် Focusing စနစ်သည် Active AF ဖြစ်ပါသည်။ ည အချိန် Flash နှင့် ရိုက် လျှင် Flash မှ အနီရောင် Infrared ထုတ်လွှတ်ကာ Focus လုပ်ခြင်းသည် Active Auto Focus ဖြစ်ပါသည်။

Active Auto Focus ၏ အားသာ ချက်မှာ ပုံမှန် Passive AF လုပ်ဆောင်၍မရသည့် အလင်းရောင် များစွာ နည်း သည့် နေရာ များတွင် Focusing လုပ် နိုင်ခြင်း ဖြစ် ပါသည်။ အားနည်း ချက်မှာ Active Auto Focus သည် ငြိမ်နေသည် Subject များကို Focus လုပ် နိုင်ပါသည်။ အလွန် ဆုံး ၁၅ ပေ နှင့် ပေ ၂၀ ခန့် အကွာ ရှိ Subject များကိုသာ Focus လုပ်နိုင်ပါသည်။

Passive Auto Focus

Passive Auto Focus စနစ် သည် Active AF နှင့် များစွာ ကွာပါသည်။ Passive Auto Focus စနစ် သည် Infrared ကို အားကိုး ကာ ကင်မရာ နှင့် Subject တို့ ၏ အကွာ အဝေးကို တိုင်း ထွာ ပြီး Focus လုပ် ခြင်း မဟုတ်ဘဲ Light Contrast ပေါ် မူတည်ကာ Focus လုပ်ခြင်း ဖြစ်ပါသည်။ ဤ စ နစ် တွင် လည်း နည်း နှစ်မျိုး ရှိပါသည်-

- ပထမ နည်းမှာ Lens ကို ဖြတ်ကာ ၀င်လာသည့် အလင်း ( Light ) အား ကင်မရာ Sensor က ဖမ်းယူ ( Detect )လုပ်ကာ Light မှ ထွက် ရှိသည့် Contrast များ အလိုက် တွက်အချက်၍ Focus လုပ် သည့် နည်း ဖြစ်ပါ သည်။ ယင်းကို “ Phase Detection “ နည်းဟု ခေါ်ပါသည်။

- အခြား နည်း မှာ ကင်မရာ Sensor က Lens မှ ၀င်လာသည့် Image ပေါ်ရှိ အပြတ်သားဆုံး အလင်းရောင် ၏ Contrast ကို မှတ်ကာ Focus လုပ် သည့် နည်း ဖြစ်ပါသည်။ ဤ နည်းကို “ Contrast Detection “ နည်းဟု ခေါ်ပါသည်။

အကယ်၍ Image သည်မှုန် ၀ါးနေပါ ကင်မရာ၏ Auto Focus System က Lnes အား ပုံ ရိပ် ပြတ် သား စေလာသည်အထိ Focus လုပ်ရန် စေခိုင်း သည့် နည်း ဖြစ်ပါသည်။ ထို့ ကြောင့် Passive AF စနစ် တွင် ကင်မရာ က Focusing ကောင်းစွာ လုပ် နိုင်စေရန် လိုအပ်သည့် အလင်း Contrast ပမာဏ ကောင်း မွန်စွာ ရ ရှိ ရန် လိုပါ သည်။

နောက် ပိုင်းပေါ်သည့် Mirrorless Camera နှင့် Compact ကင်မရာ များသည် Passive AF စနစ် များ ဖြစ်ကြ ပါသည်။

ခေတ်မှီ DSLR ကင်မရာ များသည် Active AF ရော Passive AF ပါ စနစ် နှစ်မျိုး စလုံး နှင့် Focus လုပ်ပါ သည်။ DSLR များတွင် မူ Mirror ကို မ တင် ထားသည် အချိန်တွင်သာ Contrast Detection နည်း ဖြင့် Focus လုပ် ပါသည်။ တစ်နည်းအားဖြင့် Live View Mode တွင်သာ Contrast Detection Focus လုပ်ပါသည်။ Contrast Detection Focus သည် ငြိမ်နေသည့် Subject များကို ရိုက်ရာ တွင် များစွာ အသုံး ၀င်ပါသည်။ Focus လုပ်ရာ တွင် နှေး ပါသည်။ သို့ရာတွင် Phase Detection စနစ် ထက် ပို၍ တိကျ မှု ရှိပါသည်။ ဤ Focusing စနစ်များသည် ကင်မရာ Sensor က ၄င်းပေါ် ကျရောက် လာသည့် Light Signal ကို မှတ် သားပြီး Lens ကိုအပ်သလို Focus လုပ် ခိုင်း ခြင်း ဖြစ်ပါသည်။

လှုပ်ရှားနေသည့် ပျံ နေသည့် ငှက် ကဲ့ သို့ Moving Subject များ ကို ရိုက်ရာ တွင် မူ Phase Detection Focusing စနစ် ဖြင့်သာ လျှင် Focus လုပ် နိုင်ပါသည်။ ကင်မရာ ရှိ အဆိုပါ Mode နှင့်ပတ်သက် သည့် Setting လုပ် လိုက်လျှင် ကင်မရာ Firmware က လိုအပ်သည်များကို အလိုအလျှောက် လုပ်ဆောင် သွားပါ လိမ့် မည်။

Focus Tracking အတွက် ကင်မရာတွင် Setting လုပ်ခြင်း။

ကင် မရာ များ တွင် ယေဘူယျ အားဖြင့် ဓါတ်ပုံ ရိုက်သူက မည်သို့ သော ပုံစံမျိုး နှင့် Focus လုပ် လိုသည်ကို ရွေး ချယ် နိုင်သည့် Autofocus Mode နှင့် မည်သည် နေရာ များ အား Focus လုပ် လိုသည်ကို ရွေးချယ် နိုင်သည့် အတိုကောက် အားဖြင့် ( AF-Area Mode ) ဟု ခေါ်သည့် Auto Focus Area Mode ဟူ ၍ နှစ်ပိုင်း ရှိပါသည်။


Autofocus Mode တွင်-
 အမှတ်စဉ်
အတိုကောက်
  ဆောင်ရွက်မှု
  ကင်မရာ Control 
 Panel တွင် မြင်ရမည့် မြင်ကွင်း
1.
AF-A
Auto –servo AF
Subject ငြိမ်နေစဉ် ကင်မရာက အလို အလျှောက် Single-Servo ဖြင့် Focus လုပ်မည် ဖြစ်ပြီး  သာမန် ရွှေ့ လျှားသည့် အချိန် တွင် Continuous-servo သို့ အလိုအ လျှောက် ပြောင်း ကာ Focus  လုပ် ပေး သည့် Mode ဖြစ်ပါသည်။ ကင်မရာ Firmware က သူ့ ဟာ သူ ဆုံး ဖြတ်ကာ Focus လုပ် ပါ လိမ့် မည်။
Focus Points များသည်  တစ် ဘက် ဇယား ရှိ ပုံပါ Points  များ အတွင်း ၌  ကင်မရာ Firmware ကဆုံးဖြတ်ပေးသကဲ့ သို့ ပြောင်းလဲ နေပါ လိမ့်မည်။

2.
AF-S
Single –servo AF
လှုပ်ရှား မှု မရှိဘဲ ငြိမ်နေသည့် Subject ကို Single Point ဖြင့် Focus လုပ်ကာ  ရိုက်သည့် Mode ဖြစ်ပါသည်။ လို သည့်နေရာ သို့ တစ်ဘက် ဇယား ကွက် ပါ အလယ် ရှိ Focus Point လေးကို ရွေ့ ယူ နိုင်ပါသည်။
Shutter-Release Button ကို တစ်ဝက် နှိပ်ထားပါက Focus Lock ဖြစ်သွားပါ လိမ့်မည်။ In-Focus Indictor ပြ ၍ Focus မိမှသာ Shutter-Release Button ကို အဆုံး နှိပ် နိုင် ပါလိမ့် မည်။

3.
AF-C
Continuous-servo AF
ရွှေ့လျှားနေသည့် Subject ကို ယင်း ရွှေ့ လျှား နေသည် နောက် လိုက် ကာ Focus လုပ် ပေးသည့် Continuous Focusing Mode ဖြစ်ပါသည်။ Shutter-Release Button  ကို တစ်ဝက် နှိပ် ထားပါက ကင်မရာ သည် Predictive focus tracking စနစ် ဖြင့် ရွှေ့ လျှားနေ သည့် Subject ၏ နောက် သို့ လိုက်ကာ တောက်လျှောက် Focus လုပ်နေပါ လိမ့် မည်။ Focus မိသည် ဖြစ်စေ၊ မမိ သည်ဖြစ်စေ Shutter-Release Button ကို နှိပ် ကာ ရိုက် နိုင်ပါသည်။

AF-Area Mode

Area Mode တွင်မူ Niko D-7000 ၏ View Finder တွင် တွေ့ ရမည် မြင်ကွင်းကို အောက် ပုံတွင် ပြထား ပါသည်။ D-7000 Manual တွက် ပါရှိသည့် ပုံကို ပြန် ရိုက်ကူး ဖေါ်ပြ ထားခြင်း ဖြစ်ပါသည်။



- 9-Point dynamic –area AF, ( အပြေး ပြိုင် ပွဲ တွင် များစွာ မမြန် လှဘဲ ဦးတည်ရာ တစ်ဘက်ထည်း သို့ ပြေးနေသည့် သီးခြား Subject များ အားရိုက် ရန် သင့် လျှော်သည့် Mode ဖြစ်ပါသည်။)

- 21-Point dynamic –area AF, ( ဘောလုံးပွဲ ကဲ့ သို့ ဦးတည်ရာ အမျိုးမျိုး သို့ မြန် ဆန် စွာ ပြေးနေသည့် Subject များ အားရိုက် ရန် သင့် လျှော်သည့် Mode ဖြစ်ပါသည်။)

- 39-Point dynamic –area AF, (အလွန်လျှင် မြန်စွာ စွာရွှေ့လျှားနေသော ကြောင့် Frame လုပ်ရန် ခက်သော အရှိန် နှင့် ပျံသန်း နေသည့် ငှက် များကိုရိုက်ရန် သင့် လျှော်သည့် Mode ဖြစ်ပါသည်။)

AF-C – Continuous Focusing လုပ်ရန်အတွက် အထက်ပုံ ပါ AF-S မှ လွဲ ၍ ကျန်သော Area Mode များ နှင့် တွဲသုံး နိုင်စေကာမူ အစိမ်းရောင်ဖြင့် အရောင် ချယ်ပြ ထားသည့် 9-Poins, 21-Points, 39-Points Area Mode များ နှင့် တွဲ သုံး ခြင်း သည် အမှား အနည်းဆုံး ဖြစ်ပါသည်။

အထက်ပါ Dynamic Mode တွင် အထက်ပုံ တွင်သာ 9-Poins, 21-Points, 39-Points ပြထားစေကာမူ အမှန် တကယ် View Finder တွင် ကြည့် လျှင် Active ဖြစ်နေသော Point လှုပ် ရှားနေသည် ကိုပင် မြင်ရ မည် ဖြစ်ပါသည်။

အကြမ်း အားဖြင့် ဆိုရပါ မူ အရှိန် မြန် မြန် နှင့် ပျံသန်းနေသည့် အကောင် သေးသေး ငှက် များကို Auto Focus Mode, AF-C နှင့် AF Area Mode, 39-Point တို့ တွဲ သုံး သင့်ပါသည်။

အကောင်ကြီးကြီး နှင့် ခတ် လေးလေး ပျံနေသည့် လင်းဒ ကဲ့သို့ ငှက်များ အတွက် မူ များ AF-Area Mode Point နည်းနည်း နှင့် လည်း သုံးနိုင်ပါသည်။

Focus Tracking ဖြင့် ရိုက်ကူးခြင်း။

ယခု ရေးသား မည့် Focus Tracking ဖြင့် ရိုက်ကူးခြင်း နည်း အများ စုမှာ ငှက် နောက် သို့ Follow လုပ်ကာ ရိုက် သည့် နည်း Panning သဘော မျိုး ဖြစ်ပါသည်။ အခြားခြားသော ပုဂ္ဂိုလ် များတွင် အမျိုးမျိုး သော နည်း များ ရှိ နိုင်ပါသည်။

Focus Continuous Tracking ၏ အခြေ ခံ နည်း ဖြစ်သည့် Frame တစ်ခု အတွင်း ၌ ရွှေ့ လျှားနေသည့် Subject ကို ရွှေ့ လျှား ရာ နေရာ အလိုက် ကင်မရာ Firmware က Subject နှင့် ကင်မရာ အကွာ အဝေးကို ထွက်ချက်ကာ အလို အလျှောက် Focus လုပ်ပေး သည့် နည်း နှင့် Subject နောက် သို့ Follow လုပ်ကာ ရိုက်သည့် Panning နည်း များ ရှိသည့် အနက် ဓါတ်ပုံ ပညာ ရှင်များ အနေနှင့် အခြေအနေပေါ် မူ တည် ကာ သန်ရာ သန်ရာ ရိုက်ကြပါသည်။

အတွေ့ အကြုံ အရ ဆိုရပါမူ ရိုက်ရ အနည်းငယ် လွယ်သည့် နည်း မှာ ခတ် လှမ်း လှမ်း ရှိ ငှက် ကို Tele နှင့် ဆွဲ ရိုက်ခြင်း ပင် ဖြစ်ပါသည်။ ကင်မရာ နှင့် အလွန်နီးကပ် စွာ အမြန် ပျံ သည့် ငျက် များမှာ Frame ပေါ်တွင် တစ်စက္ကန့် ၏ ဆယ်ပုံ တစ်ပုံ ခန့် သာ ပေါ် လိုက် သဖြင့် ကင်မရာ Sensor အနေနှင့် Focus လုပ်ရန်အတွက် မှတ်သားရန် အချိန်ပင် မရလိုက်နိုင်ပါ။

အနည်း ငယ် လှမ်းသည့် Moving Target- Flying Subject ကို Long Tele ဖြင့် လို အပ်သည့် Focal Length အတွင်း ဆွဲ ယူထားခြင်း ဖြင့် Flying Subject သည် Frame ထဲ တွင် အချိန် အနည် ငယ် ပို ကြာကြာ ရှိနေသဖြင့် ကင်မရာ Sensor က အဆိုပါ Flying Subject ၏ ကနဦး ပုံ အား မှတ်သား ချိန် ပို ရလိုက်ပါသည်။ Sensor က အဆိုပါ Flying Subject ကို မှတ်သား မိပြီဆို လျှင် ၄င်း၏ နောက် သို့ လိုက်ကာ ( Follow ) ရိုက်လျှင် Focus က မှတ်ထားသည့် Flying Subject ကို တောက် လျှေက် လိုက် ကာ Focus လုပ်နေ ပါ လိမ့် မည်။ အောက် တွင် နမူနာ ပုံ များ ဖြင့် ပြ ပါမည်။

အောက်ပါ ပုံ (၁) အခြေအနေ ကဲ့ သို့ နောက် ခံ မိုးကောင်းကင် အပြာ ရောင် နှင့် ဇင်ယော် ငှင် အဖြူ ရောင် တို့ ၏ အရောင် သိသာ ခြားနား စွာ ကွဲ ပြား မှု နှင့် Subject ၏ ဘေး ပန်ဝန်းကျင် တွင် ရှင်းလင်း နေခြင်း သည် Focus Tracking လုပ်ရာ တွင် ပို၍ လွယ် ကူ ထိရောက်မှု ရှိပါသည်။

အောက်ပါပုံ (၁) မှာ ကင်မရာ Sensor အား Flying Subject ကို ပထမဦး ဆုံး စတင် မှတ်သားစေရန် ချိန် လိုက်သည့် Pre- Focus ပုံ ဖြစ်ပါသည်။


( ပုံ-၁ )

အောက်ပါပုံ (၂) မှာ Sensor က Pre-Focus ဖြင့် မှတ်ထားလိုက် ပြီးသည့် ငှက် (Flying Subject ) ကို နောက်မှ လိုက်ကာ ရိုက်ထားသည့် ဒုတိယပုံ ဖြစ်ပါသည်။


( ပုံ-၂ )

အောက်ပါပုံ (၃) မှာ Focus Tracking အပြင် ကင်မရာ Follow လုပ်ကာ ရိုက်ထားသည့် တတိယပုံ ဖြစ်ပါ သည်။


( ပုံ-၃ )

အထက်ပါ ပုံ(၁) မှ (၃ )အထိ ပုံများသည် ပျံနေသည့် ငှက်ကို ရိုက်ရမည့် Composition မှန်ကန်မှု မရှိ သော ကြောဘက်ကို ရိုက်ထားသည့် ပုံများ ဖြစ်နေပါသည်။ သို့ ရာတွင် Focus စဖမ်းသည်ကို ပြလို၍ နမူ နာ ပြထားခြင်း ဖြစ်ပါသည်။

အောက်ပုံမှာ နောက်အဆုံး မိမိ အနားသို့ ထိုးဆင်းလာသော Landing အချိန်တွင် Tracking နှင့် Camera Follow လုပ်ကာ ရိုက်ထားသည့် Composition အမှန် Final ပုံဖြစ်ပါ သည်။



ပုံများ အားလုံးကို Nikon D- 7000, Focus Mode- AF-C, AF Area Mode – 39-Point Dynamic Area AF, Lens Nikon AF S 80-400mm G ED VR, at Focal Length 195mm ဖြင့် ရိုက်ထားခြင်း ဖြစ်ပါ သည်။

High Speed Continuous ဖြင့် ပုံများစွာ ရိုက်ခဲ့ပါသည် ယင်းတို့ အနက်မှ အချို့ကို ထုတ်နုတ် တင်ပြ ထား ခြင်း ဖြစ်ပါသည်။

Flying Subject ၏နောက်သို့ ကင်မရာ လိုက်ရိုက်သည့် နမူနာပုံများ။

အောက်ပါ ပုံများ ကဲ့သို့ နောက်ခံ Background ရှုတ်ထွေး နေ သည့် အပေါ်တွင် ပျံနေ သည့် အပြင် ငှက် တို့ ၏ အရောင် သည်လည်း နောက်ခံ နှင့် အနည်း ငယ် ရော ယှက် နေသည့် အခြေ အနေ မျိုးဖြစ်သည့် အတွက် Focus Tracking လုပ်ရာ တွင် အနှောက် အယှက် အခက် အခဲ ဖြစ်စေ ပါသည်။

အောက်ပါ ပုံ (၁) သည် ကင်မရာ Sensor တွင် Flying Subject ကို စမှတ် စေသည့် ပထမဦးဆုံး ပုံ ဖြစ်ပါသည်။


( ပုံ-၁ )

၎င်းနောက် အောက်ပါ ပုံများကို Focus Tracking အပြင် ကင်မရာ ဖြင့် Follow လုပ်ကာ ဆက်တိုက် ရိုက် ခဲ့ ခြင်း ဖြစ်ပါသည်။


( ပုံ-၂ ) ငှက်များ ရေပန်းအနီးသို့ ရောက်နေစဉ် ရိုက်ထားသည့် ပုံ ဖြစ်ပါသည်။


( ပုံ-၃ ) ရေပန်းကို ကျော်ဖြတ် နေစဉ် ရိုက်ထားသည့်ပုံ ဖြစ်ပါသည်။


( ပုံ-၄) ရေပန်းကို ကျော်ဖြတ်ပြီးနောက် ရိုက်ထားသည့် ပုံ ဖြစ်ပါသည်။


( ပုံ-၅) ရေထဲသို့ ဆင်းကာနီးပုံ ဖြစ်ပါသည်။


( ပုံ-၆ )

ပုံ (၆) သည် နောက် ဆုံး ရေထဲသို့ ဆင်းသွားသည့် ပုံ ဖြစ်ပါသည်။ အထက်ပါ ပုံများကို ကြည့်ခြင်း ဖြင့် ကင်မရာ သည် Panning သဘော မျိုး Subject ၏နောက်သို့ Follow လုပ်ကာ လိုက်၍ ရိုက် သွား သည် ကို သိသာ နိုင်ပါသည်။ သို့ သော် အလှမ်းဝေးသည့် နေရာကို လှမ်း ရိုက် ထားခြင်း၊ Aperture ကျဉ်းနေခြင်း ၊ Shutter Speed မြန် နေခြင်း များကြောင့် အများ မှတ်ယူ ထားသည့် နောက် ခံ များ Motion Blur ဖြစ်နေ ခြင်း မျိုး မရှိပါ။

ဤ ပုံ (၁) မှ (၆) သည် Focus Tracking အတွက် Sensor တွင် စတင် မှတ်သား သည့် ပုံ (၁) မှ ရေထဲ တဆင်း သည့် ပုံ(၆) အထိပုံ များအား Nikon D-7000, Lens - Nikon AF S 80-400mm G ED VR, at Focal Length 105mm, Focusing Mode-AF-C, AF Area Mode-39-Point Dynamic Area AF, Shutter Release Mode- High Speed Continuous ဖြင့် ရိုက်ခဲ့ ခြင်း ဖြစ်ပါသည်။

ငှက် များပျံ သန်းနေသည် ကို ရိုက်ခြင်းမှာ အလေ့ ကျင့် များစွာ လိုပါသည်။ ယခု တင်ပြ ထားသည် များမှာ လည်း အခြေခံ မျှသာ ဖြစ်ပါသည်။ ထိုထက် များစွာ ဆန်းသစ် သည့် နည်း များ ရှိပါလိမ့် မည်။ လေ့ ကျင့် ရင်း မည်သည် နှင့်မျှ မတူသည့် ထူးခြားသော နည်း များကို လည်း တွေ့ လာ နိုင်မည် ဟုလည်း ယူဆ ပါသည်။ အဘယ် ကြောင့် ဆိုသော် စာ အုပ် ထဲ တွင် မပါ ၀င်သေးသည့် ပေထက် အက္ခရာ တင်ရ ခြင်း မရှိသေးသည့် အကြောင်း အရာများ ကမ္ဘာ ပေါ်တွင် မြောက် များစွာ ရှိနေဆဲ ဖြစ်သောကြာင့် ဖြစ်ပါသည်။


Credit: ဆရာဦးစိုးလှိုင် (Country Road)
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...