ဝတ်ဆင်နိုင်သည့် နည်းပညာ ထုတ်ကုန်စတိုး အမေဇုန်ဖွင့်လှစ်



အွန်လိုင်းလက်လီကုမ္ပဏီ ကြီးဖြစ်သည့် အမေဇုန် (Amazon) သည် ၀တ်ဆင်နိုင်သော နည်းပညာ ထုတ်ကုန်များအတွက် ရည်ရွယ်ထားသည့် စတိုးသစ်ကို ဖွင့်လှစ်ခဲ့သည်။

အဆိုပါ Wearable Technology စတိုးသည် စမတ်နာရီ များ၊ လှုပ်ရှားခြေရာခံထုတ်ကုန် များ၊ ကျန်းမာရေးစောင့်ရှောက်မှု ထုတ်ကုန်များ၊ ၀တ်ဆင်နိုင်သည့် ကင်မရာများနှင့် အိမ်မွေး တိရစ္ဆာန်များ ၀တ်ဆင်နိုင်သည့် ခြေရာခံထုတ်ကုန်များကို ရောင်း ချမည်ဖြစ်သည်။

ယင်းစတိုးသည် အခြား သော အမေဇုန်စတိုးများနှင့် တူ ညီပြီး ၀ယ်ယူလိုသူများအနေဖြင့် virtual များမှ ထုတ်ကုန်သစ်များ ကို ရှာဖွေနိုင်သလို သက်ဆိုင်ရာ ထုတ်ကုန်တစ်ခုချင်းစီကိုလည်း ရှာဖွေနိုင်မည်ဖြစ် သည်။

ထို့အပြင် Samsung Gear 2 စမတ်နာရီနှင့် Jawbone Up24 ကျန်းမာရေး ခြေရာခံ စက်များကဲ့သို့ နာမည်ကျော် ကုမ္ပဏီများ၏ ထုတ်ကုန်များ ကိုလည်း အဆိုပါ စတိုးတွင် ရှာ ဖွေနိုင်သည်။

ထို့အပြင် မည်သည့် ထုတ် ကုန်ကိုမဆို အသေးစိတ်အချက် အလက်များ၊ သုံးစွဲသူ သုံးသပ် ချက်များနှင့် အမေးအဖြေများဖြင့် လေ့လာဆန်းစစ်နိုင်ပြီး ထုတ်ကုန် တစ်ခုချင်းစီအတွက် ၀ယ်ယူမှု လမ်းညွှန်များကို လည်း အွန်လိုင်း Learning Center မှ လေ့လာနိုင် မည်ဟု သိရသည်။

—Ref: CNET
7Day Daily
No.365 Thursday, May 1,2014

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...