ငါးအမျိုးစုံ အာနိသင်အဖုံဖုံ

အိမ်ရှင်မတို့ နေ့ စဉ် စီမံချက်ပြုတ်ပေးနေကြတဲ့ ငါးဟင်းလျာများမှာ ကျွန်းမာရေးအတွက် ဘယ်လိုအာနိ သင်တွေရှိတယ်၊ နောက်ပြီး ဘယ်လိုဘေးထွက် ဆိုးကျိုးမျိုး ရှိတယ်ဆိုတာကို အကြမ်းပြင်း သိထား မယ် ဆိုရင်ဖြင့် မိသားစုတွေ ကျန်းမာရေးအတွက် ဒေါက်တာအိမ်ရှင်မ အဖြစ် တမျိုးတဖုံ စောင့်ရှောက်ပေး နိုင်ပါလိမ့်မယ်။
(ငါးမြွေတိုး) အစာကြေလွယ်စေပါတယ်။ လေရောဂါ သည်းခြေဝေဒနာသည်တွေကို ကောင်းကျိုးပြုပါတယ်။ သလိပ်ပျော်စေပါတယ်။ အကြောအားကောင်းစေလို့  အမျိုးသားများ စားသုံးသင့်ပါတယ်။
(ငါးဘတ်) အရသာမှာ ချို၍စိမ့်တာကြောင့် နှုတ်မြိန်စေတဲ့ ဟင်းကောင်းတစ်ခွက်ပါ။ အားပြည့်စေပါတယ်။ သုက်ကို ပွားစေတတ်ပါတယ်။
(ငါးလင်ဘန်း) လူကို ၀စေတတ်ပါတယ်။ သုက်ထွက်အားကောင်းစေပါတယ်။ ခံတွင်းပျက်သူများ နှင့် လည်ချောင်းနာသူများ စားသင့်ပါတယ်။
(ငါးပြက်) အရိုးအားဖြည့်ပေးပါတယ်။ အစာမကြေခြင်း နှင့် ဘေးထိုးရင်ဘတ် နာခြင်းဝေဒနာကို သက်သာပျောက်ကင်းစေပါ တယ်။ သို့ သော် ၀မ်းချုပ်တတ် သူများ အနည်းငယ်သာ စားပေးပါ။
(ငါးသလဲထိုး) အစာကြေလွယ်စေပါတယ်။ အရိုးကိုကောင်းကျိုးပြုပါတယ်။ လေရောဂါ၊ သည်းခြေရော ဂါ နှင့် အကြောတက်ခြင်း တို့ ကို သက်သာပျောက်ကင်းစေပါတယ်။
(ငါးသလောက်) ချို၍ စိမ့်သော အရသာရှိပါတယ်။ သွေးတက်စေပါတယ်။ နား၊ မျက်စိ၊ ချွဲသလိပ်၊ သည်းခြေ ရောဂါရှိသူတွေ မစားသင့်ပါဘူး။
(ငါးအိုက်) အစာကြေညက်စေပါတယ်။ အိပ်မပျော်သူတွေ စားပေးနိုင်ပါတယ်။
(ငါးဒန်) ချွဲသလိပ် နှင့် သည်းခြေရောဂါတို့ ကို ကောင်းကျိုးပြုပါတယ်။
(ငါးနုသန်း) ချိုသောအရသာရှိပြီး နှုတ်မြိန်စေပါတယ်။ လေရောဂါ၊ ချွဲသလိပ် နှင့် သည်းခြေရောဂါ တို့ ကို သက်သာပျောက်ကင်း စေပါတယ်။
(ငါးရှဥ့်) အရသာ ချိုလေးပါတယ်။ အမျိုးသားခွန်းအားကို ဖြစ်စေပါတယ်။ သို့ သော် အမျိုးသမီးရောဂါ ရှိသူများ မစားသင့်ပေ။
(ငါးပြေမ) ချိုလေးသော အရသာရှိပါတယ်။ အစာကြေစေပါတယ်။
(ငါးရံ့  ) ချိုဆိမ့်သောအရသာရှိပြီး နှုတ်ကိုမြိန်စေနိုင်ပါတယ်။ အစာကြေညက်လွယ်ပါတယ်။
(ငါးဖယ်) ချိုဆိမ့်သော အရသာရှိပါတယ်။ အားဖြစ်၍ သုက်ကို ပွားစေပါတယ်။ သို့ သော် အစာကျေ ညက်ခဲ၍ အစာအိမ် မကောင်းသူတွေ မစားသင့်ပါဘူး။ ဒါ့ပြင် အကြောတက်သူတွေ နှင့် ယားနာရောဂါ သည်များ မစားသင့်ပေ။
(ငါးခူ) လေရောဂါ နှင့် သုက်လွန်ခြင်းကို ပျောက်ကင်းစေပါတယ်။ ရင်ပူစေတတ်ပါတယ်။
(ငါးကျည်း) သုက်ကို ပွားစေတတ်ပါတယ်။ ချွဲသလိပ်ကို နိုင်ပါတယ်။ လူကို ၀ဖြိုးစေတတ်ပါတယ်။
(ငါးဇင်ရိုင်း) ပင်ကိုအရသာ လေးပင်တာကြောင့် ဆားထည့်၍ မချက်သင့်ပေ။ သည်းခြေရောဂါ နှင့် ချွဲသလိပ်ကို ကောင်းကျိုးပြု ပါတယ်။ ၀မ်းသွားခြင်း၊ အိပ်ချင်ငိုက်မျဉ်းခြင်းကို ဖြစ်စေပါတယ်။
(ငါးခုံးမသား) ဆိမ့်သောအရသာရှိပါတယ်။ ချောင်းဆိုး၊ ချွဲထ၊ လည်ချောင်းနာ၊ ခံတွင်းပျက်ခြ င်း နှင့် လေနာရောဂါတို့ ကို သက် သာပျောက်ကင်းစေပါတယ်။ အဆိပ်ပြေစေပါတယ်။ ၀မ်း သွားစေပါတယ်။
(ငါးမြင်းသား) ချိုသောအရသာရှိပြီး ချွဲသလိပ်ကျေစေပါတယ်။ အားပြည့်စေပါတယ်။ အိပ်ပျော်စေ ပါတယ်။ အဆိပ်ပြေစေပါတယ်။ ၀မ်းသက်စေပါတယ်။
(ငါးကြင်းသား) ချိုစိမ့်သောအရသာရှိပါတယ်။ လေရောဂါ၊ ချွဲသလိပ်ရောဂါ တို့ ကို ကောင်းကျိုြး ပုပါတယ်။ သုက်ကိုပွားစေတတ် ပါတယ်။
(ငါးမန်းစွယ်) အမျိုးသားများ ဒူလာရောဂါကို သက်သာပျောက်ကင်းစေပါတယ်။
(ပင်လယ်ငါးကြီးအဆီ) မျက်စိအားကောင်းစေပါတယ်။ အမျိုးသားများဆီကျိတ်ကင်ဆာ ဖြစ်ခြင်းမှ ကာ ကွယ်ပေးပါတယ်။ အ သားအရေ နှင့် ဆံပင်တို့ ကို ကောင်းကျိုးပြုပါတယ်။
(ဆောင်းပါးရှင်…ပေါက်ပေါက်…မျှဝေသည်)
--
promise.pauk
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)