သွားတိုက်တံ သိမ်းနည်း အမှား(၄)မျိုး



ခံတွင်းနှင့်သွားများ သန့် ရှင်းစင်ကြယ်စေဖို့ အတွက် သွားတိုက်တံတွေကမရှိမဖြစ်ပါ။ သို့ သော် သွားတိုက် တံတွေမှာ ဘက်တီးရီးယား မှိုပိုးတွေကပ်ငြိနေမယ်ဆိုရင်တော့ သွားနှင့်သွားဖုံးများ ပျက်စီးစေရုံမျှမက၊ ခံတွင်းရောဂါများဖြစ်လာနိုင်တာကြောင့် သွားတိုက်တံကို သန့်သန့် ရှင်းရှင်း ထားပေးဖို့  အထူးလိုအပ်လှ ပါတယ်။ တစ်ကိုယ်ရေသန့် ရှင်းရေးအတွက် တစ်နေ့  ၂-ကြိမ် သွား တိုက်လေ့ ရှိကြသော်လည်း၊ သတိ မထားမိတဲ့ သွားတိုက်တံ သိမ်းနည်းအမှားမျိုးတွေ မပြုမိကြစေဖို့ အတွက် အောက်ပါအတိုင်း အကြံပြု လိုက်ပါရစေ။

အမှား (၁) အိမ်သာ(သန့် စင်ခန်း)နှင့် ၆ ပေ အတွင်းမှာ သိမ်းထားခြင်း။

မျက်နှာသစ်ဘေစင် နှင့် အိမ်သာတို့ ကို တွဲလျက်ထား၍သုံးခြင်းက အန္တရာယ်ကိုလွယ် ထားခြင်းဖြစ်ပါ တယ်။ အဘယ်ကြောင့်ဆိုသော် မျက်စေ့ဖြင့်မမြင်နိုင်တဲ့ မစင်အညစ်အကြေး နှင့် ၄င်းအနံ့ အသက်ဆိုးတွေ က သွားတိုက်တံမှာ ကယ်ငြိသွားကြတာ ကြောင့်၊ ထိုသွားတိုက်တံဘရက်ရှ်တွေက မိလ္လာထိုင်ခုံထက်ပို၍ ညစ်ပတ်သွားပြီဖြစ်ပါတယ်။ ဒါကြောင့် သွားတိုက်တံကို အိမ်သာ (သန့် စင် ခန်း)နှင့် အနည်းဆုံး ၆ ပေ ထက် ပိုဝေးတဲ့နေရာမှာ သိမ်းထားသင့်ပါတယ်။

အမှား(၂) ပလပ်စတစ်ဗူးထဲမှာ သိမ်းထားခြင်း။

သွားတိုက်တံကို သုံးပြီးတဲ့အခါတိုင်း ရေစင်စင်ဆေးဖို့ လိုအပ်ပြီး၊ ရေမခိုအောင်းနိုင်တဲ့ ပလပ်စတစ် ခြင်းတောင်း (ကြဲကြဲ)လေး ထဲမှာ သိမ်းရပါမယ်။ သွားတိုက်တံရဲ့ ဘရက်ရှ် ကိုအပေါ်ဖက်မှာ ထား၍ လက်ကိုင်ပိုင်းကတော့ ခြင်း တောင်းထဲမှာ စိုက်ထောင်၍သိမ်းပေးပါ။ သွားတိုက်တံတွေကို ပလပ်စတစ် ပါကင်ဗူးဖြင့် ထုပ်ပိုးရောင်းချလေ့ရှိသော်လည်း၊ အ သုံး ပြုပြီးတဲ့အခါမှာတော့ ထိုပလပ်စတစ် ဗူးခွံထဲ သိမ်းမထားသင့်တော့ပါဘူး။ ဤသို့ သိမ်းမိပါ က သွားတိုက်တံရှိ ရေအကြွင်းအကျန် များက ပလပ်စတစ်ဗူးထဲမှာ လေလုံ၍ မှိုပိုးများပေါက်ပွားလာစေတတ်လို့ ပါ။

အမှား(၃) မိုက်ကရိုဝေ့မီးဖိုမှာ အပူပေးခြင်း။

အချို့ သူများက သွားတိုက်တံကို မိုက်ကရိုဝေ့မီးဖိုမှာ အပူပေးပိုးသတ်လေ့ရှိကြပါတယ်။ ထို နည်းက လွန်စွာမှားယွင်းတဲ့နည်းဖြစ် ပါတယ်။ များသောအားဖြင့် သွားတိုက်တံတွေကို ပလပ် စတစ်၊ စီလီကွန်၊ နိုင်လွန် တွေဖြင့်ပြုလုပ်ထားကြပြီး ၄င်းပလပ်စတစ် အမျိုးအစားတွေကို မီးဖို မှာအပူငွေ့ ပေးလိုက်တဲ့အခါ၊ bisphenol-A(BPA) ခေါ် ဓာတုဓာတ်ပစ္စည်းတစ်မျိုး ထွက်ရှိလာ ပါတော့ တယ်။ ထိုဓာတ်က ကင်ဆာရောဂါ အမျိုးမျိုးကို ဖြစ်စေတဲ့အပြင်၊ ကျားမသဘာ ၀ မြုံခြင်းကိုပါဖြစ်စေတတ်ပါတယ်။ အကောင်းဆုံး နည်းကတော့ သွားတိုက်တံတစ်ချောင်းကို အများဆုံး ၃-လထက်ပို၍မသုံးဘဲ အသစ်လဲလှယ်ပါ။ မိမိကိုယ်ပိုင်သီးသန့်  သွားတိုက်တံ သုံးပါ။ ဖြစ်နိုင်ရင် သွားတိုက်တံ မသုံးမီ ရေခပ်နွေးနွေး ဆပ်ပြာတို့ ဖြင့် စိမ်၍ သန့် စင်ေ ဆးကြောပြီးမှ သုံးပါ။

အမှား(၄) ခံတွင်းသန့် ဆေး မှားယွင်းစွာရွေးချယ်မိခြင်း။

ယေဘုယျအားဖြင့် လူသားအားလုံး၏ ခံတွင်းထဲမှာ oral microbiome(ခေါ်)ကျန်းမာတဲ့ ဘက်တီးရီးယား ပိုးတွေ သန်းချီ၍ ရှိနေ ကြပြီး၊ ထိုအကျိုးပြုဘက်တီးရီးယားတွေ က ပြင်ပ ပိုးမွှားတွေ ခံတွင်းထဲသို့ အန္တရာယ် မပြုနိုင်အောင် ခုခံစောင့်ရှောက်ပေးပါတယ်။ သို့ သော် သွားဖြူစေဖို့ အတွက် detergent ကြေးချွတ်ဆေး များများပါတဲ့သွား တိုက်ဆေး များ နှင့် alcohol ပါဝင်မှုများတဲ့ ခံတွင်း သန့် စင်ဆေးရည်တွေက ထိုအကျိုးပြု oral microbiome ဘက်တီးရီးယားတွေကို အားယုတ်စေတာကြောင့် ခံတွင်းကျန်မာရေးကို အထောက် အကူ မဖြစ်စေနိုင်တော့ပါဘူး။ ဒါကြောင့် ပုံမှန်သွားတိုက်ဆေးကိုသာသုံးပါ။ တကယ်လိုအပ်မှသာ alcohol ဓာတ်ပါဝင်မှု နည်းတဲ့ ခံတွင်းသန့် စင်ဆေးရည်ကို ရွေးချယ်သုံးပါ။

(ဆောင်းပါးရှင်…ပေါက်ပေါက်… မျှဝေသည်)
(ကိုးကား… Dr. Gerry Curatola, founder of Rejuvenation Dentistry)
--
promise.pauk

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...