လေးမျိုးစပ် ဆေးပြားဖြင့် နှလုံးရောဂါ ကုသနိုင်မည်
Health Updates Journal No. 118
နှလုံးရောဂါအန္တရာယ်များကို လျှော့ချပေးနိုင်မည့် အစွမ်းထက် ဆေးတစ်မျိုးကို ဆေးလေးမျိုးပေါင်းစပ်၍ ဆေး စ်လုံးတည်းဖြစ်အောင် တီထွင်နိုင်ပြီဖြစ်ကြောင်း သိပ္ပံပညာရှင်များက ကြေငြာထားသည်။
Daily Express သတင်းစာတွင် ဖော်ပြချက်အရ လူပေါင်း (၃၀၀၀) ကျော်တွင် စမ်းသပ်မှုများ ပြုလုပ်ခဲ့ ရာ နှလုံးရောဂါ ဖြစ်ပွားမှု အန္တရာယ်ကို အဆိုပါဆေးဖြင့် သိသိသာသာ လျှော့ချနိုင်မည်ဟုဆိုသည်။
ဗဟုဆေးပြား (polypill) ဟုမည်ရသည့် အဆိုပါဆေးပြားသည် သွေးတွင်း ကိုလက်စထရောနှင့် သွေးပေါင် ကို လျှော့ချပေးနိုင်မည်ဖြစ်ပြီး စတေတင် (statin) ဆေး၊ အက်စ်ပရင်နှင့် သွေးပေါင်ကျဆေးနှစ်မျိုးကို ပေါင်း စပ်ထားသည်။ ဗဟုဆေးပြား စမ်းသပ်တိုက်ကျွေးသူများတွင် သမားရိုးကျ ကုသမှုခံယူထားသူများ ထက် သွေးပေါင်နှင့် သွေးတွင်းကို လက်စထရော သိသိသာသာလျော့ကျလာသည်ကိုတွေ့ရသည်။
နှလုံးရောဂါရှင်အများစုသည် လိုအပ်သောဆေးဝါးများကို စတင် သောက်သုံးခြင်း၊ စွဲမြဲသောက်သုံးခြင်းမရှိဘဲ အချိန်မတိုင်မီ သေဆုံးရခြင်း၊ နှလုံးသွေးကြောရောဂါများ ထပ်မံဖြစ်ပွားခြင်းတို့ ခံစားလာရလေ့ရှိကြောင်း George Institute for Global Health မှ သုတေသီ Ruth Webster ကဆိုသည်။
ဆေးပြား၏ကောင်းကျိုးများမှာ ကမ္ဘာတစ်ဝှန်းရှိ နှလုံးသွေးကြောရောဂါရှင် များစွာအတွက် ဆေးလုံးအမြောက် အမြား သောက်စရာမလိုဘဲ အထောက်အပံ့ဖြစ်စေမည်ဖြစ်ကြောင်း သုတေသီများကဆိုသည်။
ဆေးအမြောက်အမြားကို ဆေးတစ်ပြားတည်း၌ စုစည်းထားနိုင်ခြင်းသည် လူနာများအတွက် အဆင်ပြေပြေ သောက်သုံးနိုင်မည်ဖြစ်သော်လည်း ၎င်းင်း၌ပါဝင်သည့် အက်စ်ပရင်၏ အစာအိမ်သွေး ထွက်စေသည့် ဘေးထွက်ဆိုးကျိုးတစ်ခုကြောင့် ဗြိတိန် နိုင်ငံတွင် မှတ်ပုံတင်ခွင့် မရရှိသေးချေ။
သီဟ
Ref:ANI
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)