ရင်သားကင်ဆာ ကာကွယ်ရန် နည်းလမ်းများ


အမျိုးသမီးများတွင် ဖြစ်နိုင်ခြေများပြီး အမျိုးသားများလည်း ဖြစ်နိုင်သည့် ရင်သားကင်ဆာရောဂါကို ကြိုတင် ကာကွယ်နိုင်သည့် နည်းလမ်းများကို ဖော်ပြပေးလိုက်ပါသည်။

ကိုယ်အလေးချိန်တိုးလာခြင်းကို ကာကွယ်ပါ

ရင်သားကင်ဆာအများဆုံး ဖြစ်နိုင်သည့် သွေးဆုံးချိန်ပြီး နောက်အ၀လွန်ခြင်းမှာ ရင်သားကင်ဆာအန္တရာယ် ကို ပိုများလာစေသည်။ကိုယ်အလေးချိန်တိုးလာခြင်းကို ကာကွယ်ပြီး မိမိ၏ ကိုယ်အလေးချိန်ကို ထိန်းထား ပါ။

ကျန်းမာရေးနှင့် ညီညွတ်သော အစားအသောက်များစားပါ

ဟင်းသီးဟင်းရွက်နှင့် သစ်သီးများများစားပေးပါ။ သကြား ပါသော ဖျော်ရည်များ၊ ကာဗိုဟိုက်ဒရိတ်ပါ ၀င်သော အရည်များနှင့် အဆီများသော အစားအစာများ လျှော့စားပါ။ အနီရောင်ရှိသောအသားများကို အတန်အသင့်စားပါ။ တိရစ္ဆာန်အဆီများထက် ဟင်းသီးဟင်းရွက်ဆီများကို ရွေးချယ်သုံးစွဲပါ။

ကိုယ်လက်လှုပ်ရှားမှုပုံမှန်ပြုလုပ်ပါ

ကိုယ်လက်လှုပ်ရှားမှု ပိုလုပ်ခြင်းသည် ရင်သားကင်ဆာအန္တ ရာယ်ကို ၁၀ ရာခိုင်နှုန်းမှ ၃၀ ရာ ခိုင်နှုန်း အထိ လျှော့ချပေးကြောင်း သုတေသနပြုချက်များအရသိရသည်။ သီတင်းတစ်ပတ်လျှင် ငါး ရက်ခန့် မိနစ် ၃၀ စီလမ်းလျှောက်ပေးခြင်းကဲ့သို့ မပြင်းထန်သော လေ့ကျင့်ခန်းမျိုးပြုလုပ်ပေးပါ။

အရက်မသောက်ပါနှင့်

အရက်သောက်ခြင်းမှာ ရင်သားကင်ဆာအန္တရာယ်တိုးလာ ခြင်းနှင့် ဆက်စပ်နေသည်။ အမျိုး သမီးများ အနေဖြင့် မည်သည့်အ ရက်ဖြစ်စေ တစ်နေ့တစ်ခွက်ထက် ပိုမသောက်သင့်ပေ။

ဆေးလိပ်မသောက်ပါနှင့်

အမျိုးသမီးအချို့တွင် ရင်သားကင်ဆာအန္တရာယ်တိုးလာခြင်းနှင့် ဆေးလိပ်သောက်ခြင်း ဆက်စပ်နေကြောင်း သုတေသနပြုချက်များက ဖော်ပြသည်။

သားသမီးရှိလျှင် တစ်နှစ်ခန့်အထိ နို့တိုက်ပါ

သားသမီးများကို အနည်းဆုံးတစ်နှစ်ကြာ နို့တိုက်ကျွေးဖူးသောအမျိုးသမီးများမှာ နောက်ပိုင်းတွင် ရင်သား ကင်ဆာဖြစ်နိုင်သည့် အန္တရာယ်ကို လျှော့ချပေးနိုင်သည်။

ဟော်မုန်းအစားထိုးကုသမှုကို ရှောင်ရှားပါ

သွေးဆုံးခြင်းနှင့်ဆိုင်သော ဟော်မုန်းကုထုံးများသည် ရင်သားကင်ဆာအန္တရာယ်ကို ပိုများလာစေ သည်။ သွေးဆုံးကိုင်မှုကို ကုသ ရန် ဟော်မုန်းသောက်ရမည်ဆိုပါက သားအိမ်ကုသမှုအတွက် သုံးသော ဟော်မုန်းများကိုရှောင်ရှားပြီး ယင်းဟော်မုန်းများ အသုံးပြုမှုကို သုံးနှစ်ထက် မပိုစေရန် ဂရုစိုက်ပါ။

ရင်သားကင်ဆာစစ်ဆေးမှုပုံမှန် ပြုလုပ်ပါ

ရင်သားကင်ဆာကို မည်သည့်နည်းဖြင့် စစ်ဆေးသင့်သည်၊ အကြိမ်မည်မျှစစ်ဆေးရန် လိုအပ်သည်ဆိုသည် ကို ဆရာဝန် ညွှန်ကြားချက်အတိုင်း ပြုလုပ်ပါ။

သင့်မိသားစုရာဇ၀င်တွင် ရင်သားကင်ဆာ ဖြစ်ဖူးသူရှိပါက အခြားရွေးချယ်စရာများနှင့် ပတ်သက်၍ ဆရာ ၀န်နှင့် ဆွေးနွေးတိုင်ပင်ပါ။

Ref:Internet
7Day Daily
No.375 Sunday, May 11, 2014 [nid:10434]
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...