ကိုယ်ကျပ်အင်္ကျီဖြင့် လေဖြတ်ထားသူများနှင့် အကြောအားနည်းသူများကို လှုပ်ရှားနိုင်စေမည်


ဟားရစ်ဘတ်၊ မေ ၈

လေဖြတ်ထားသူများနှင့် ထိခိုက်ဒဏ်ရာ ရထားသောကြောင့် ကိုယ်လက် မလှုပ်ရှားနိုင်သူများအတွက် စက်ရုပ်ကိုယ်ကျပ် အင်္ကျီ တစ်မျိုးကို ပင်ဆယ်ဗေးနီးယားတက္ကသိုလ်မှ ကျောင်းသားပညာရှင် အဖွဲ့တစ်ဖွဲ့က တီထွင်နိုင်ခဲ့ကြောင်း Popular Science သတင်းတွင်ဖော်ပြထားသည်။

Titan Arm ဟုအမည်ပေးထားသည့် ယင်းစက်ရုပ်အင်္ကျီကို ကျောင်းသား ကျောင်းသူ လေးဦးက ဘွဲ့ယူ စာတန်းအတွက် ပြင်ဆင်ကာ တီထွင်ထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး ပေါ့ပါးကာ၊ ခရီးဆောင် သယ်သွားနိုင်သည့် အပြင် စက်အကူအညီဖြင့် မသန်စွမ်း၊ မလှုပ်ရှားနိုင်သည့်လက်များကို ထိန်းချုပ်လှုပ်ရှားနိုင်မည်ဖြစ်ကြောင်း ယင်းသတင်းကဆိုသည်။

ယခုတီထွင်ထားသည့် ကိုယ်ကျပ်ဝတ်စုံသည် ကားတစ်စီးတန်ဖိုးခန့်သာရှိမည်ဖြစ်ကြောင်း၊ အလေး ချိန် ပေါင် ၄ဝ ခန့်ကို အလွယ်တကူမယူနိုင်မည်ဖြစ်ကြောင်း၊ ကိုယ်ကျပ်ဝတ်စုံကိုဝတ်ဆင်ပြီး အကြော များနှင့် ကြွက်သားများ ပြန်လည်အားကောင်း လာစေရန်လည်း လေ့ကျင့်ပေးနိုင်ကြောင်း ယင်းအဖွဲ့ကပြော ကြားသည်။

Titan Arm ကို လူနာများ အသုံးပြုရလွယ်ကူစေရန် တီထွင်ထားပြီး၊ အလျူမီနီယံဖြင့် အစိတ်အပိုင်းများကို တီထွင်ထား သောကြောင့် ပေါ့ပါးမှုရှိကြောင်း၊ ဆင်ဆာစနစ်များကို ဆော့ဖ်ဝဲဖြင့် ထိန်းချုပ်ထားပြီး လှုပ်ရှားမှု မှန်သမျှ ကြိုးမဲ့စနစ်ဖြင့် ထိန်းချုပ်ပေးသွားမည်ဖြစ်ကြောင်း၊ လူနာ၏လေ့ကျင့်မှုများကို ဆရာဝန်များက အဝေး ထိန်းစနစ်ဖြင့် လှုပ်ရှားစေနိုင်မည် ဖြစ်ကြောင်း သတင်းတွင်ဖော်ပြထားသည်။

ကိုယ်ကျပ်အင်္ကီထုတ်လုပ်မှုကို လူနာ၏အရွယ်အစားအလိုက် 3D ပရင်တာဖြင့် စီစဉ်ထုတ်လုပ်ပေး မည်ဖြစ်ပြီး တန်ဖိုးမှာ ဒေါ်လာ ၂ဝဝဝ ခန့်သာကျသင့်မည်ဖြစ်ကြောင်း၊ လှုပ်ရှားမှုအတွက် စွမ်းအင်ကို Lithium-polymer ဘက်ထရီကို အသုံးပြုထားပြီး တစ်နေ့တာကောင်းစွာ အသုံးပြုနိုင်ကြောင်း Popular Science တွင်ရေးသားထားသည်။


မောက္ခပညာရေး Magazine
11 May 2014 01:39
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...