ဒေါသစိတ်ကလေး ထိန်းချုပ်နည်း



ဒေါသနဲ့ မကင်းနိုင်တဲ့ သူတွေမို့  အကြောင်းမညီညွတ်တဲ့အခါ “ဒေါသ” ထွက်တတ်ကြတာ ဓမ္မတာပါ။ အချို့ သူတွေက မွေးရာပါ ပင်ကိုယ်စိတ်နေသဘောထားအရ၊ သီးခံနိုင်စိတ်ရှိတာေ ကြာင့် တော်ရုံ တန်ရုံနဲ့  ဒေါသမထွက်တတ်ကြသော်လည်း၊ တချို့ က တော့ မိမိစိတ်ကို မထိန်းနိုင်ဘဲ ထစ်ကနဲရှိ ဒေါသ ကြီးကြပါတယ်။

ဒေါသထွက်စရာ ကြုံလာတဲ့အခါ-

(၁) မိမိ အသက်ရှုသံကို မိမိကိုယ်တိုင် ပြန်ကြားရတဲ့အထိ အသက် ခပ်ပြင်းပြင်း ရှုလိုက်ပါ။

(၂) အဲဒီလို အသက်ပြင်းပြင်း ရှုနေချိန်မှာ ဒေါသဖြစ်စေတဲ့ ကိစ္စကြီးကို (လုံးဝ) မတွေးပါနဲ့ ။

(၃) ပြီးရင် မျက်လုံးမှိတ်ပြီး ရင်ခေါင်း နှင့် ၀မ်းဗိုက်ကြားက ကြွက်သားစိုင်တွေ နိမ့်ချီ/မြင့်ချီ လှုပ်ရှားလာသည် အထိ လေရှုရှိုက်ပါ။

(၄) အဲဒီလို ရှုရှိုက်နေစဉ် “စိတ်လျော့…စိတ်လျော့” ဟူ၍ မိမိဖာသာ တိုးတိုးလေး ရေရွတ်ပါ။ (ဒေါသစိတ်ပြေလျော့ သွားတဲ့အထိ အမှတ်စဉ်(၁) မှ (၄) အတိုင်း ထပ်ခါထပ်ခါ ပြုမူပါ)

ဒေါသထွက်ခြင်းက (က) အာရုံခံ နာ့ဗ်ကြောတွေကို ထိခိုက်စေပါတယ်။ (ခ) စိတ်ဖိစီးမှုဖြစ်စေပါတယ်။ (ဂ) နှလုံးသွေးလွှတ် ကြောတွေကို ကမောက်ကမ ဖြစ်စေပါတယ်။ (ဃ) သွေးတိုး/သွေး တက်စေပါတယ်။ (င) ရုပ်ရင့်အရွယ်ကျစေပါတယ်။ (စ) ရံဖန်ရံခါ ခြေလွန်လက်လွန်ဖြစ်ပြီး၊ တရားဥပဒေနှင့် ငြိစွန်းတတ်ပါ တယ်။ (ဆ) ချစ်သူခင်သူလျော့ပါးကာ၊ အထီးကျန်လာတတ်ပါတယ်။ (ဇ) ဒေါသစိတ်အဟုန်ကြောင့် သတိလစ်/လေဖြတ်စေနိုင်ပါတယ်။ (ဈ) အသက်တိုစေပါတယ်။ (ည) အခန့် မသင့်ရင် ဦးနှောက်သွေးကြောပြတ် သေစေနိုင်ပါတယ်။

အကယ်၍များ… ဒေါသကြီးလွန်းတာကြောင့် ဦးနှောက်သွေးကြောပြတ် သေသွားပြီဆိုပါစို့ ….။ ထိုဒေါသ (အ)ကုသိုလ်စိတ်ကြောင့် ချက်ချင်း အပါယ်ငရဲ ကျတတ်ပါတယ်။ လောကီလောကုတ္တရာ ၂-ဖြာအတွက် အကျိုးနည်းလှတဲ့ ထိုဒေါသစိတ်ကို သီးခံစိတ် အသွင်ပြောင်းယူနိုင်အောင် အခါအားလျော်စွာ တရားနာပေး သင့်ပါတယ်။ နေ့စဉ် အနည်းဆုံး မိနစ် ၃၀-ခန့် တရားထိုင်/ တရားမှတ်ပေးခြင်းက စိတ်ငြိမ်းအေးစေတဲ့ စိတ်လေ့ကျင့်ခဏ်းတစ်မျိုးပါ။

အရာရာမှာ သီးခံစိတ်ကလေးထားကာ၊ ကိုယ်စိတ်နှစ်ပါးကို ထိန်းသိမ်းစောင့်ရှောက်ရင်း ၃၈-ဖြာ မင်္ဂလာ တရားတော်နှင့်အညီ ကျင့်ကြံသွားနိုင်ရင်ဖြင့် ဒေါသစိတ်ကို ထိန်းချုပ်နိုင်တော့မည် ဖြစ်ပါကြောင်း။

(ဆောင်းပါးရှင်…ပေါက်ပေါက်…မျှဝေသည်)
--
promise.pauk

-------------------------------------------------
Good Luck... ကိုမျိုး
http://lwanmapyay.blogspot.com/

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...