ငါးရဲ့ ပါးစပ်ထဲကို ၀င်ရောက်အနားယူနေတဲ့ ဖား


အေသင်အောင်

သြစတြေးလျနိုင်ငံက ငါးဖမ်းသမား တစ်ဦးဟာ ငါးတစ်ကောင်ကို ဖမ်းယူခဲ့ရာမှာ ထူးခြားတဲ့ဖြစ်ရပ်နဲ့ ကြုံတွေ့သွားခဲ့ပါတယ်။ အဲဒါ ကတော့ သူဖမ်းယူခဲ့တဲ့ ငါးရဲ့ပါးစပ်အတွင်းမှာ ဖားတစ်ကောင် အေးဆေးစွာ အနားယူ ခဲ့တဲ့မြင်ကွင်းကို မြင်တွေ့ခဲ့ရခြင်း ဖြစ်ပါတယ်။ ကွင်းစလန်း ပြည်နယ် မြောက်ပိုင်းမှာရှိ တဲ့ မြစ်ချောင်းဘေးမှာ ငါးဖမ်းသမား ဂျိမ်းစ်ဟာ ငါးဖမ်းနေစဉ်အတွင်း ငါးရဲ့ ပါးစပ်ထဲမှာ ဖားကိုတွေ့မြင် ခဲ့ရခြင်း ဖြစ်ပါတယ်။ ဒီဖား ဟာ သြစတြေးလျမှာ ကျင် လည်ကျက် စားတဲ့ ဖားအမျိုးအစားဖြစ်တယ်လို့ သိရ ပါတယ်။ ထူးခြားတာက ငါးရဲ့ပါးစပ်ကို ဟလိုက်ချိန်မှာ ဖားတစ်ကောင်က ပြုံးရွှင်တဲ့ မျက်နှာအနေအထား နဲ့ နှုတ်ဆက်မှုပြုလုပ်ခဲ့ခြင်းပဲ ဖြစ်ပါ တယ်။

ဂျိမ်းစ်ဟာ ဒီမြင်ကွင်းကို မြင်တွေ့ခဲ့ပြီးနောက် အံ့အားသင့်သွားခဲ့ပါတယ်။ ဂျိမ်းစ်က ““ကျွန်တော်ငါးကို ဖမ်းခဲ့စဉ် အတွင်းမှာ ငါးရဲ့ ပါးစပ်ထဲ မှာ အစိမ်းရောင်တွေကို မြင်လိုက်ရပါတယ်။ ဒါပေမဲ့ ကျွန်တော် က မြက်ပင်တွေလို့သာ ထင်ခဲ့တာပါ။ တကယ်တမ်းမှာ ဖားတစ်ကောင် ရောက်ရှိ နေတာဖြစ်ပါတယ်။ ဒီမြင်ကွင်းကို အမိအရ မှတ်တမ်းတင်ဖို့ ကြိုးစားခဲ့ပါတယ်။ ကျွန်တော်ဟာ သွားလေရာမှာ ကင်မရာ တစ်လုံးကို ယူဆောင်သွားလေ့ရှိ တာမို့ ရိုက်ကူးနိုင် ခဲ့တာဖြစ်ပါတယ်။ ဒီနောက်ဖားဟာ ခုန်ပေါက် ပြီးထွက်ပြေးသွားခဲ့ပါတယ် လို့ ပြောကြား သွားခဲ့ပါတယ်။ ဂျိမ်းစ်ဟာ ငါးရဲ့ပါးစပ်ထဲမှာ ဖားရောက်ရှိနေတဲ့ ဓာတ်ပုံကို လူမှုကွန်ရက် ၀က်ဘ် ဆိုက်မှာ လွှင့်တင်ခဲ့ရာ Like အများ အပြား ရရှိခဲ့တယ်လို့ သိရပါတယ်။

The Messenger

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...