လူသားနှင့် ချီတာကျားသစ်လေးတို့၏ ထူးထူးခြားခြား သံယောဇဉ်
လူသားတို့၏ အကောင်းဆုံး မိတ်ဆွေအဖြစ် ခွေးများကို ညွှန်းဆိုလေ့ ရှိကြသည်။ သို့သော်လည်း အက်ဒ် အိုလော့ဖ်ဆီကမူ ယင်းအဆိုကို ငြင်းပယ်လိမ့်မည် ဖြစ်သည်။ အက်ဒ်အတွက် အကောင်းဆုံး မိတ်ဆွေမှာ အမဲလိုက် ချီတာကျားသစ်လေး တစ်ကောင်မျှသာ ဖြစ်သည်။ အသက်(၄)နှစ် အရွယ်ရှိပြီဖြစ်သော ကျားသစ်လေး ဆီလ်ဗက်စတာသည် ၎င်း၏ လေ့ကျင့်ရေးမှူးဖြစ်သည့် အက်ဒ်နှင့် အလွန်ရင်းနှီးကျွမ်း ဝင်သော ဆက်ဆံရေးမျိုး ရှိနေသည်။ ဇင်ဘာဘွေရှိ တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေး စခန်းတစ်ခုမှ ဝန်ထမ်းတစ်ဦးဖြစ်သော အက်ဒ်သည် ဆီဗက်စတာ ငယ်စဉ်က မိခင်ကျားသစ်မကြီး သေဆုံးသွား သည့်နောက် ၎င်းကို တယုတယ မွေးစားထားခဲ့သည်။

ယခုအခါ အသက်(၃၁)နှစ်ရှိ အက်ဒ်အတွက် ဆီဗက်စတာသည် အလွန်ချစ်စရာကောင်းသည့် အိမ်မွေး တိရစ္ဆာန်လေးသဖွယ် ဖြစ်လာခဲ့သည်။ ခြင်္သေ့ကြီး တစ်ကောင်သည် ဆီဗက်စတာ၏မိခင် ကျားသစ်မကြီး အပြင် မွေးချင်းကျားသစ်ပေါက်လေး (၄)ကောင်တို့ကို သတ်ဖြတ်သွားခဲ့ပြီးနောက် ဆီဗက်စတာသာ အသက်ရှင် ကျန်နေခဲ့သည်။ တောထဲတွင် မျက်နှာငယ်ငယ် ကြောက်လန့်နေရှာသည့် ကျားသစ်လေး ကို တွေ့ရှိပြီးနောက် အက်ဒ်က သနားကြင်နာစွာ မွေးစားထားခဲ့ပြီး ယခုအခါ ဆီဗက်စတာသည် လူတစ်ဦး ကို အေးအေးလူလူ တိုက်ခိုက်သတ်ဖြတ်နိုင်လောက်သည့် အရွယ်အစားမျိုးထိ ကြီးထွားလာပြီ ဖြစ်သည်။

ကျားသစ်တို့၏ ခန္ဓာကိုယ်မှ အစက်အပြောက်များနှင့် ရက်စက်သွေးဆာမှုတို့သည် မည်သည့်အခါတွင် မျှ ပျောက်ကွယ်မသွားနိုင်ဆိုသော ဆိုရိုးစကားမျိုး ရှိနေသည့်တိုင် ယင်းသည် ဆီဗက်စတာနှင့် အက်ဒ်တို့ အတွက်မူ မှန်ကန်ခြင်း မရှိချေ။ အသက်(၃၁)နှစ် ရှိပြီဖြစ်သည့် တောရိုင်းတိရစ္ဆာန် စောင့်ရှောက်ရေး ကျွမ်းကျင်ဝန်ထမ်း အက်ဒ်သည် ယခုအခါ ဗစ်တိုးရီးယား ရေတံခွန်းအနီးရှိ Wild Horizons သားရိုင်း တိရစ္ဆာန် ထိန်းသိမ်းရေးစခန်းတွင် ဆီဗက်စတာနှင့်အတူ နေထိုင်လျှက်ရှိသည်။

“ဆီဗက်စတာက မယုံနိုင်လောက်အောင် ယဉ်ပါးတဲ့ ကျားသစ်လေးပါ။ သူ့ကို ကျွန်မတို့ ကယ်တင်ခွင့် ရခဲ့တာ ဝမ်းသာစရာပါပဲ”ဟု အက်ဒ်က မှတ်ချက်ပြုခဲ့သည်။ သူမက “အရင်တုန်းက ကျွန်မအနေ နဲ့ ခြင်္သေ့တွေ မျိုးပွားတဲ့ယူနစ်မှာ တာဝန်ယူရတယ်။ ခုတော့ ချီတာကျားသစ်တွေကို စောင့်ရှောက်တဲ့ အပိုင်းမှာ လုပ်ကိုင်နေတာ (၄)နှစ်ရှိပါပြီ။ ပြောရရင်တော့ ဆီဗက်စတာ တစ်သက်ပဲ ဆိုပါတော့။ ကျွန်မရဲ့ လုပ်ဖော်ကိုင်ဖက်တွေက ကျွန်မနဲ့ ဆီဗက်စတာကို ဓာတ်ပုံရိုက်ပေးလေ့ ရှိပါတယ်။ အဲဒီအခါမှာလည်း သူက သဘောကျပုံပါပဲ”ဟုလည်း ပြောကြားသွားခဲ့သည်။
Planet Myanmar Network
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
- (အရှေ့သို့) Root Samsung Galaxy S4 with Motochopper Tool Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးAbortion Pills ဖျက်ဆေးတွေအကြောင်းစိတျဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ သရုပ်ဆောင် ဆုပန်ထွာ နဲ့ မယားကြီးရဲ့ ကြေငြာချက် ဥက္ကာကျော် ရှင်းလင်း
- (အနောကျသို့) မိုဘိုင်းလ်ဖုန်းမှ ပါဝင်ပစ္စည်းများကြောင့် အရေပြား ဓာတ်မတည့်မှုများ ဖြစ်ပေါ်နိုင် Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးAbortion Pills ဖျက်ဆေးတွေအကြောင်းစိတျဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ သရုပ်ဆောင် ဆုပန်ထွာ နဲ့ မယားကြီးရဲ့ ကြေငြာချက် ဥက္ကာကျော် ရှင်းလင်း