ရန်ကုန်မှာ နေ့ခင်းကြောင်တောင် ကားလုမှုဖြစ်ပေါ်

မေလ ၂၁ရက်နေ့ ၊ ၂၀၁၄ခုနှစ်

ဓါတ်ပုံထဲမှ တီးရှပ် ခဲရောင်နှင့် ပုဂ္ဂိုလ်မှာ Taxi သမားထံမှာ ကားကို လုပြေးလာသူဖြစ်ပါသည်။ ကျွန်တော် တို့ သူငယ်ချင်း ၄ ယောက်စီးလာတဲ့ ကားက ရွှေဂုံတိုင်ရုံးချုပ်ကနေ အင်းယားလမ်းပေါ်ကို ဖြတ်တက် လာတော့နောက်မှ ကားတွေ ရုတ်ရုတ်သဲသဲဖြစ်ပြီး တစ်စီးပြီးတစ်စီး တိုက်လာတာကို တွေ့ပါတယ်။ လူတွေ ကလည်းအော်ဟစ်လို့၊ နောက်တော့ ဒီ Taxi AA နံပါတ် အဌားယာဉ်က ကျွန်တော့တို့ ကားနောက် ပိုင်းကို ၀င်ဆောင့်ပါတယ်။ ကံကောင်းသွားတာက ကြားထဲမှာ Taxi တစ်စီးက ဝင်ခံသွားတော့ နဲနဲပဲပွတ်မိ
သွားပါတယ်။

ယာဉ်ထိမ်းရဲနှစ်ယောက် ချက်ချင်းရောက်လာပါတယ်၊ တစ်ယောက်ကသော့ကို ဆွဲဖြုတ်ဖို့ ကြိုးစားပါတယ်။
ချက်ချင်းထိုးကြိတ်တော့ ရဲခမျာ မျက်လုံးတော်တော် ထိခိုက်သွားပုံ ရပါတယ်၊ သွေးတော်တော် ထွက်သွား ပါတယ်၊ ဒါနဲ့ သူ့ဖုန်းကလည်း အထက်ကို ဖုန်းဆက်တဲ့အခါ ခေါ်မရတော့ ကျွန်တော့်ဖုန်းနဲ့ သတင်းပို့ပါ တယ်။ ဒီလူကို ထိန်းချုပ်ဖို့ ပတ်ဝန်းကျင်ကလူတွေနဲ့ ယာဉ်ထိန်းရဲနှစ်ယောက်ပေါင်းပြီး ကြိုးစားတာကိုပြန် ခုခံပါတယ်၊ နောက် ၁၀ မိနစ်လောက်အကြာ ယာဉ်ထိန်း ၅ယောက်လောက် ထပ်ရောက်လာပြီး သူ့ကို ကားပေါ်ပွေ့တင် သွားပါတယ်။

ကားစထွက်ရုံပဲ ရှိသေးတယ် Probox နောက်ဖုံးထဲမှာ ထည့်ထားတာကို ဖွင့်ပြီး လမ်းပေါ် ထွက်ပြေးပြန် ပါလေရော၊ ဒီတစ်ခါလည်း အားလုံးက ဝိုင်းချုပ် ခါးပတ်နဲ့လက်ကိုချည်ပြီး တင်ခေါ်သွားရပါတော့တယ်။
ဒီလူက Taxi သမားဆီက ကားကို လုယက်ပြီး ထွက်ပြေးလာတာပါ။ မူးယစ်ဆေးဝါး သုံးထားတယ်လို့ ယူဆရပါတယ်။

Posted From Soe July
Sk




TheMeltingPot4U
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...