ကလေးများအတွက် ပထမဆုံး ကိုယ်လက်လှုပ်ရှားမှု တိုင်းတာသည့် စမတ်လက်ပတ်



ကလေးအရုပ်များ ထုတ်လုပ်သည့် LeapFrog က LeapBand ဟု အမည်ရသည့် ကလေးများအတွက် ပထမဆုံး ကိုယ်လက်လှုပ်ရှားမှု တိုင်းတာသည့် စမတ်လက်ပတ်ကို တီထွင်ပါသည်။ စမတ်လက်ပတ်က ကလေး၏ ကိုယ်လက်လှုပ်ရှားမှုကို စောင့်ကြည့်မည် ဖြစ်ပြီး ကလေးက ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ပြီး လျှင် ဂိမ်းကစားခွင့်ရခြင်း ၊ အကောင်လေးများ နှင့် ဆော့ကစားခွင့်ရခြင်း စသည့် ဆုလာဘ်များကို ရရှိမည် ဖြစ်သည်။

LeapBand ကို သြဂုတ်လ တွင် (၃၉) ဒေါ်လာ ဖြင့် ရောင်းချမည် ဖြစ်သည်။ စမတ်လက်ပတ်ကို အသက် လေးနှစ်မှ ခုနစ်နှစ် အရွယ်များအတွက် ရည်ရွယ်ထားပါသည်။ Accelerometer နှင့် ပြန်လည် အားဖြည့်နိုင်သည့် ဘက်ထရီ ပါရှိပါသည်။ 128x128 Resolution Screen တပ်ဆင်ထားပါသည်။ ပန်းရောင် ၊ အပြာရောင် နှင့် အစိမ်းရောင် ထုတ်လုပ်ပေးထားပါသည်။ ပလတ်စတစ် ဖြင့် ပြလုပ်ထား ပါသည်။

LeapFrog သည် ကလေးများ အတွက် LeapPad အမျိုးအစား တက်ဘလက်များကို ရောင်း ချပေးနေခြင်းကြောင့် လူသိများပါသည်။ ချပ်ဝတ်တန်ဆာ ကွန်ပြူတာ ဈေးကွက်ထဲသို့ ၀င်ရောက်လာသည့် ပထမဆုံး အရုပ် ရောင်းချသည့် Company ဖြစ်ပါသည်။ VTech က ယခုနှစ် အစောပိုင်းတွင် ကလေးများ အတွက် ကမ္ဘာ့ပထမဆုံး စမတ်နာရီ ဖြစ်သည့် KidiZoom ကို ကြေညာခဲ့ပါသည်။ သို့သော် KidiZoom သည် အခြားလူကြီးဝတ် စမတ်နာရီများကဲ့သို့ အင်တာနက် ချိတ်ဆက်နိုင်ခြင်း မရှိသည့်အတွက် စမတ်နာရီ မဟုတ်ဟု ကျွမ်းကျင်သူများက သုံးသပ်ပါသည်။ KidiZoom တွင် ၁.၄ လက်မထိတွေ့မျက်နှာပြင် တပ်ဆင် ထားပြီး ဓါတ်ပုံ နှင့် ဗီဒီယိုရိုက်ခြင်း၊ ဂိမ်းကစားခြင်းများ ပြုလုပ်နိုင်ပါသည်။ စမတ်နာရီကို ဆောင်းရာသီ မတိုင်မီ ရောင်းချမည် ဖြစ်သည်။

သူရ
Myanmar Digital Life Journal

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...