အမြန်လမ်းတွင် လေးလခွဲအတွင်း လူ ၈၀ ကျော် သေဆုံး


အမြန်လမ်းမ တစ်နေရာတွင် မောင်းနှင်နေသည့် မော်တော်ယာဉ်တစ်စီး ဓာတ်ပုံ− ဂျေမောင်မောင်(အမရပူရ)


အမြန်လမ်းပေါ်တွင် ၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၁ ရက်မှ မေလ ၁၄ ရက်အထိ ယာဉ်မတော်တဆ မှုကြောင့် သေဆုံးသူ စုစု ပေါင်း ၈၁ ဦးနှင့် ဒဏ်ရာရသူ ၃၇၇ ဦးရှိခဲ့ကြောင်း မြန်မာနိုင်ငံရဲ တပ်ဖွဲ့ဌာနချုပ် အမြန်လမ်းရဲတပ် ဖွဲ့မှ သတင်းရရှိသည်။

ယခုနှစ်ဧပြီက ဖြစ်ပွားခဲ့ သော လူ ၁၃ ဦးသေဆုံးသည့် တောင်ပြာတန်း ခရီးသည်တင် ယာဉ်မီးလောင် မှုနှင့် မေလ ၁၂ ရက်ညကဖြစ်ပွားခဲ့သော လူ ၁၄ ဦးသေဆုံးခဲ့သည့် ရာဇာမင်းခရီးသည်တင် ယာဉ် တိမ်းမှောက်မှုအ ပါအ၀င် ဇန်န၀ါရီ ၁ ရက်မှ မေလ ၁၄ ရက်အထိ ခရီးသည် ၈၁ ဦး သေဆုံးကာ ၃၇၇ ဦးဒဏ်ရာရခဲ့ ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့ဌာန ရဲမှူးကြီးနေ၀င်းကပြောသည်။

ထို့အပြင် ယင်းကာလအ တွင်း အမြန်လမ်းပေါ်တွင် ခရီး သည်တင်ကားနှင့် အိမ်စီးကား များ ယာဉ် စည်းကမ်းဖောက်ဖျက် သောကြောင့် အရေးယူခဲ့သည့် အမှု ၅၅၆ မှုရှိကြောင်း သိရသည်။

ရန်ကုန်-နေပြည်တော်- မန္တလေး အမြန်လမ်းစတင်ဖွင့် လှစ်ခဲ့သည့် ၂၀၀၉ ခုနှစ် မတ်လ မှ ၂၀၁၃ နှစ် ကုန်အထိ ၂၉၉ ဦး သေဆုံးကာ ၁၁၉၃ ဦးဒဏ်ရာရ ရှိခဲ့သောကြောင့် ၂၀၁၄ ခုနှစ် မေ လ ၁၄ ရက်အထိ အမြန်လမ်းပေါ် တွင် သေဆုံးသူ စုစုပေါင်း ၃၈၀ ဦးနှင့် ဒဏ်ရာရသူ ၁၅၇၀ ဦးရှိသွား ပြီဖြစ်သည်။

7Day Daily
No.381 Saturday, May 17, 2014
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...