ရန်သူကို ထွက်ပေါက်ပေးပါ



တစ်ခါတော့ စစ်သူကြီးတစ်ယောက်ဟာ မြို့တစ်မြို့ကို တိုက်ခိုက်သတဲ့။ မြို့ဟာ တံတိုင်းတွေတောင့် တင်းပြီးတော့ ရိက္ခာတွေလဲပြည့်စုံတဲ့အတွက် အချိန်တော်တော်ကြာတာတောင် သိမ်းပိုက်လို့မရဖြစ်နေ တယ်။ ဒီတော့ စစ်သေနာပတိဟာ ဒေါသထွက်ထွက်နဲ့

" ဒီမြို့ကို တိုက်လို့ရရင်တော့ မြို့ထဲက လူတွေအားလုံးကို အရှင်လတ်လတ် မီးရှို့ပစ်မယ် " လို့ ကြိမ်းဝါး လိုက်တယ်။

သူကတော့ တကယ်တမ်း ခြိမ်းခြောက်တာဖြစ်တယ်။ မြို့ကလူတွေ ကြောက်တဲ့အခါ အားလုံး အညံ့ခံလာ မယ်လို့ ယူဆပြိးတော့ ခြိမ်းခြောက်တယ်။ မြို့ထဲက လူတွေကိုလဲ ခြိမ်းခြောက်စာတွေပို့လိုက်တယ်။

ဒါပေမယ့် အဲလို ခြိမ်းခြောက်လိုက်လဲ မြို့ကို မသိမ်းနိုင်တဲ့အပြင် မြို့နားကို ကပ်ဖို့တောင် ခက်ခဲလာတယ်။ မြို့ထဲက စစ်သားတွေကော မြို့သူမြို့သားတွေကပါ ခုခံကြလို့ ခက်ခဲတယ်။ အသေအပျောက်လဲများတယ်။

အဲဒီအချိန်မှာ သူဟာ သူ့လက်ထောက်ကိုဆွေးနွေးတယ်။ သူ့လက်ထောက်ကတော့ " စစ်သူကြီး ရန်သူ ကို ခြိမ်းခြောက်တာလဲ ကောင်းပေမယ့် ခြိမ်းခြောက်တိုင်း အရာမထင်နိုင်ပါ။ အခုကိစ္စက ရန်သူကို ချောင် ပိတ်သလိုဖြစ်နေပါတယ်။ ခွေးကို ချောင်ပိတ်ရင်တောင် ပြန်ကိုက်တတ်တဲ့သဘောမို့ မြို့ထဲကလူတွေလဲ သူတို့ရှုံးရင် မီး တကယ်ရှို့ခံရမှာလို့ ထင်တဲ့အတွက်ဖြစ်တယ်။ အဲဒါကြောင့် ရန်သူကို ထွက်ပေါက် တစ်ပေါက် ပေးရပါမယ်။ အဲဒီထွက်ပေါက်ကနေ ထွက်လာမှသာ စီရင်သင့်ပါတယ်"

စစ်သူကြီးလဲ သဘောပေါက်သွားတယ်။ အဲဒီတော့မှ သူဟာ တကယ်တမ်း ခြောက်တာဖြစ်ကြောင်း သူဟာ မြို့ကို လိုချင်တာမဟုတ် မြို့သူမြို့သားတွေရဲ့ စွမ်းအားကို လိုချင်တာဖြစ်တယ်။ သူနဲ့ပူးပေါင်းရင် ဆုလဒ် ချမယ်လို့ ကြေငြာလိုက်တယ်။

သိပ်မကြာပါဘူး။ထွက်ပေါက်မရှိတော့တဲ့အဆုံး မြို့ဝန်က လက်နက်ချပြီးတော့ စစ်သူကြီးကို အညံ့ခံ လိုက်တယ်။ စစ်သူကြီးကတော့ တိုက်စရာမလိုပဲ မြို့ကိုရလိုက်တဲ့အတွက် မြို့ဝန်ကိုရော မြို့သားတွေကိုပါ ကတိအတိုင်း ဆုငွေတွေ ပေးလိုက်သတဲ့။

မောင်စိုင်း
နည်းစနစ်ကျကျအတွေးအခေါ်
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...