မိုးရာသီနှင့် ရင်သွေးငယ်များ ကျန်းမာရေး



ပူနွေးစိုစွတ်တဲ့ မိုးရာသီက ကလေးငယ်များကို အသားဝါ၊ တိုက်ဖိုက်၊ ကာလ၀မ်းရောဂါ စသည့်ကြီးကြီး မားမား ရောဂါများ အပြင် နှာစေး၊ ချောင်းဆိုး၊ တုပ်ကွေး၊ ၀မ်းလျော၊ ၀မ်းပျက်၊ ၀ဲယားနာ တို့ လို ရာသီဖျား ကူးစက် ရောဂါတွေဖြစ်တတ် ပါတယ်။ ဒါတင်မကသေးပါဘူး အစာမကျေ၊ ရင်ပြည့်ရင်ကယ်တွေပါ ဖြစ်စေ တတ်တာကြောင့် မိဘများအနေဖြင့် ကျန်းမာရေးအသိဖြင့် ကြိုတင်ကာကွယ်ထားဖို့  အထူးအရေးကြီးပါ တယ်။

(၁) အကယ်၍ သင့်ကလေးဟာ အရေပြားပါးလွှာပြီး၊ ယားနာဖုတွေမကြာခဏ ထွက်လေ့ရှိတယ်ဆိုရင် ယခုလို မိုးရာ သီမှာ ပိုသတိထားရပါမယ်။ ကူးစက်ပိုးတွေကိုနိုင်တဲ့ ကာဘော်လိပ်၊ ဒတ်တောလ် စတဲ့ ကိုယ်တိုက်ဆပ်ပြာသုံး၍ ရေချိုး သန့် စင်ပေးပါ။ လည်ပင်း၊ ဂုတ်၊ ဂျိုင်းကြား၊ ပေါင်ခြံ၊ လိင်အင်္ဂါများ စတဲ့ အရေပြားအတွန့် အခေါက်များသော နေရာ များကို အထူးဂရုစိုက်၍ သန့် ရှင်းမှုပြုပေးပါ။ ရေချိုးပြီးတဲ့ အခါမှာလည်း သနပ်ခါး(သို့ မဟုတ်)သူလိမ်းနေကျ ကိုယ် လိမ်းပေါင်ဒါ လိမ်းပေးပါ။

(၂) သွေးလွန်တုပ်ကွေးအစ၊ ခြင်ကျားသတ္တ၀ါက ဖြစ်ပါတယ်။ ဒါကြောင့် ခြင်တွေ ခိုအောင်း၍ မပေါက် ပွားနိုင်အောင် ဖုံး၊ သွန်၊ စစ်၊ လဲ စသည့်ကျန်းမာရေးအသိဖြင့် သောက်ရေ ချိုးရေ တိုင်ကီဇလားများကို စံနစ်တကျဖုံးအုပ်ပါ၊ အနည်း ဆုံး တစ်ပတ်တစ်ကြိမ်ခန့်  သန့် ရှင်းရေုးလုပ်၍ ရေအသစ်လဲ လှယ်ပါ။ ရေဆိုးမြောင်းများ ရှင်းလင်းပါ။ ခြံတွင်းခြံပြင် အမှိုက်သရိုက်များ မီးရှို့ ပါ။ ခြင်တွေ မခိုအောင်းနိုင်အောင် အိမ်တွင်းအိမ်ပြင် သန့် ရှင်းရေးကိုလည်း ယခင်ထက် နှစ်ဆ တိုး၍လုပ်ပါ။

(၃) စွတ်စိုထိုင်းမှိုင်းတဲ့ မုတ်သုန်ရာသီက ခန္ဓာကိုယ်တွင်းချွေးငုပ်စေကာ ချွေးပုပ်တွေထွက်လေ့ မရှိတာကြောင့် ကိုယ်တွင်းအပူတွေအောင်းလာတတ်ပါတယ်။ ဒါကြောင့် မိုးအေးအေးမှာ ခြေဖျား လက်ဖျားတွေ နွေးထွေးအောင်ထားပေး ပြီး၊ လိုအပ်ပါက ရေနွေးပုလင်း (အပူဒဏ်ခံနိုင်ရုံလောက်သာ) ကပ်ပေးပါ။

(၄) မိခင်ရော ကလေးပါ လက်များကိုစင်ကြယ်စွာ ဆေးကြောတဲ့ အလေ့အထလုပ်ခြင်းက ခံတွင်းမှတဆင့် အစာလမ်း ကြောင်းကို ကူးစက်ရောဂါ မဖြစ်စေတော့ပါဘူး။ အစာမစားခင်အချိန်၊ အစာစားပြီးအချိန်၊ ကျင်ကြီး ကျင်ငယ်စွန့် ပြီးတိုင်း လက်ဆေးပါ။ သင့်ရင်သွေးကို လက်သည်းမှန်မှန်ညှပ်ပေးပါ။

(၅) ယင်နားနေသော လမ်းဘေးအစားအစာများ၊ လက်လုပ်ချဉ်များ၊ အသုပ်စုံများ ..စသည်တို့ က ကျန်းမာရေးနှင့် (လုံးဝ) မညီညွတ်ပါဘူး။ ဥပမာ ယင်ကောင် သတ္တ၀ါတွေနှစ်သက်တဲ့ ၊ သရက်သီး အခွံလိုမျိုးစွန့် ပစ် အစားအစာတွေ ကို ပလပ်စတစ်အိတ်နှင့် လုံအောင်ထုပ်၍ အမှိုက်ပုံးထဲ စံနစ်တကျ စွန့် ပါ။

(၆) ၀ဲယားနာ ဗိုင်းရက်စ်ပိုးတွေ အန္တရာယ်မှကင်းဝေးစေဖို့  အတွက် သင့်ကလေးကို ရွံ့ ရေ၊ မြောင်းရေ နှင့် မိုးရွာပြီး နောက် တင်ကျန်ရစ်ခဲ့သော ရေအိုင်တွေမှာ ဆော့ကစားခွင့်မပေးသင့်ပါဘူး။

(၇) သင့်ကလေး၏ ခြေထောက်တစ်စုံကို ခြောက်သွေ့ အောင်ထားခြင်းက အအေးမိ၊ အစာမကျေ၊ ပျို့ အန်ဝေဒနာများ မှ ကာကွယ်ရာရောက်ပါတယ်။ ဒါ့ပြင် ကလေးရဲ့ နေ့ စဉ်စီးနေကျ ဖိနပ်ကိုလည်း သန့် ရှင်းစင်ကြယ် ခြောက် သွေ့ စေခြင်းဖြင့် ခြေထောက်မှာ သဲဝဲ၊ ရေ၀ဲ စားခြင်းတွေ မဖြစ်စေတော့ပါဘူး။

(၈) နုနယ်တဲ့ ကလေးများအတွက် မိုးရာသီက အစာမကျေဖြစ်တတ်ကြောင့် အနီရောင် အသား များကျွေးခြင်းထက်၊ ချေဖျက်လွယ်သော ကြက် နှင့် ငါးအမျိုးမျိုးတို့ ကျွေးပါ။ ဂျင်း၊ ကြက်သွန်ဖြူ တွေပါတဲ့ ကြက်စွပ်ပြုတ်ပူပူနွေးနွေးလေး က အာဟာရဖြစ်စေသလို မုတ်သုန်ရာသီ အအေးမိဖျားနာခြင်းဘေးမှလည်း ကာကွယ်ပေးပါတယ်။ ဗီတာမင်စီဓာတ် ကြွယ်ဝတဲ့ ဟင်းသီးဟင်းရွက် သစ်သီးဝလံတို့ ကျွေးပါ။ လိုအပ်ရင် ဗီတာမင်စီဆေးပြားလေးကို ဖြည့်စွက်စာ အဖြစ် တိုက်ကျွေးပေးပါ။

(ဆောင်းပါးရှင်…ပေါက်ပေါက်…မျှဝေသည်)
--
promise.pauk
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...