ဂေါက်ရောဂါ ဘာ့ကြောင့်ဖြစ်



ဂေါက်ရောဂါဆိုတာ မွေးရာပါရောဂါမျိုးမဟုတ်ဘဲ၊ အနေအစား မမှန်ကန်ခြင်း/ စိတ်ဖိစီးမှုများခြင်း/ သုံးစွဲနေသော ပဋိဇီဝဆေးအချို့ ၏ ဘေးထွက်ဆိုးကျိုးများ…စသည့် တို့ ကြောင့် ခန္ဓာကိုယ်တွင်း ဓာတုပြုမှု တို့  မူမမှန်တော့ဘဲ၊ ယူရစ်အက်ဆစ်များ မြင့်တက်လာ ပါတော့တယ်။ ထိုယူရစ်က်စ်များ အထူးသဖြင့် လက်ချောင်းများ /ခြေမအဆစ်/ ဒူးခေါင်း/ တံတောင်ဆစ်များတွင် အနည်ကျကျောက်တည်ကာ မခံမ ရပ်နိုင်အောင် နာကျင်ရောင်ကိုင်းပြီး ဂေါက်ရောဂါဖြစ်လာရပါတယ်။ အမျိုးသား အသက် ၄၀ကျော် တွင် ဂေါက်ရောဂါ အဖြစ်များလေ့ရှိပြီး၊ သွေးဆုံးကိုင်ပြီးအမျိုးသမီးများ လည်းဖြစ်တတ်ပါတယ်။ ဖိဖိစီးစီး မကုသနိုင်ပါက ကျောက်ကပ် ကျောက်တည်ခြင်းပါ ဖြစ်လာနိုင်ပါတယ်။

ရောဂါလက္ခဏာများ…။
(၁) ညဉ့် နက်သန်းခေါင် (သို့ မဟုတ်) မိုးသောက်ယံအချိန်တို့ တွင် နှစ်ခြိုက်စွာအိပ်ပျော်နေစဉ် အရိုး အဆစ်များ တဆစ်ဆစ်နာကျင်ကိုက်ခဲပြီး ရုတ်တရက် အိပ်ယာမှလန့် နိုးလာခြင်း။ (၂)ြေ ခချောင်း-လက်ချောင်း၊ ခါး၊ ခြေဖနောင့်၊ ခြေချင်းဝတ် နှင့် ဒူးခေါင်းများ တဆစ်ဆစ်နာကျင်ကိုက် ခဲရောင် ကိုင်းပြီး အဖျားတက်လာခြင်း။ (၃) အဆစ်အမြစ်များ သူ့ အလိုလို နီရဲ၍ ခံရခက်အောင် ယားယံထူပူလာလိုက်၊ ခဏကြာပျောက်သွားလိုက်၊ နောက်ထပ်ပြန်ဖြစ်လိုက်-ပျောက်သွားလိုက် စသည်ဖြင့် ၁နာရီကြားတခါ ခံစားနေရခြင်း။ (၄) အရိုးအဆစ်များကို အိပ်ယာခင်း-ဖျာ တို့ နဲ့ေ တာင် ပွတ်တိုက်အထိမခံနိုင်ဘဲ အလွန်အမင်း နာကျင်ခြင်း…တို့ ဖြစ်ပါတယ်။

ရှောင်ရန်…။
(၁) ပူရင်းဓာတ်ပါရှိသော အစားအစာများက ခန္ဓာကိုယ်ထဲရောက် သွားသောအခါ၊ ယူရစ်အက်ဆစ် ပမာဏ ၅၀% ထိ ထုတ်လွှတ်လေ့ရှိပြီး၊ ဂေါက်ရောဂါအခြေအနေကို ပိုမိုဆိုးရွားလာစေပါတယ်။ ပူးရင်းဓာတ်ပမာဏ အမြောက်အများပါရှိသော အနီ ရောင်အသားများ၊ ကြက်-၀က်-ဆိတ်-အမဲကလီစာများ (အသည်း/ကျောက် ကပ်/နှလုံးများ)၊ အကြေးခွံပါသောငါးများ၊ ကဖိန်း ဓာတ်ပါသော ကော်ဖီ/လ္ဘက်ရည်များ၊ သကြားများ၊ ဆီ အဟောင်းကို ထပ်ခါတလဲလဲ သုံး၍ကြော်ထားသော အစားအစာများ၊ ခရမ်းချဉ်သီးအစေ့များ၊ ပဲပင်ပေါက်/ အာလူး/ပဲမြစ်/ပိန်းဥ စသည့် အမြစ်တွယ်အပင်ပေါက်သော သစ်ဥသစ်ဖုများ၊ ကဇော် ဖောက်ထားသော အစားအစာများ၊ အရက်/ဘီယာများ၊ ဖရူးတို့ ဓာတ်ဖြင့် ပြုပြင်ထားသောအချိုရည်များ စသည်တို့ ကိုရှောင်ပါ။
(၂) အက်စပရင် ဆေးဝါးများက ယူရစ်အက်ဆစ်ပမာဏကို တိုးပွားလာကာ၊အထူးသဖြင့် ခြေချောင်း/ လက်ချောင်းအဆစ်များ တွင် အနည်ကျကျောက်တည်စေပါတယ်။
(၃)ဆီးရွှင်ဆေးအချို့ က ဂေါ က်ရော ဂါ နှင့်ပတ်သက်၍ ဘေးထွက်ဆိုးကျိုး ဖြစ်စေလို့  ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပြီး လိုအပ်မှသာ ဆီးရွှင်ဆေးမှီဝဲပါ။
(၄) သွေးဆုံးခါနီးနှင့် သွေးဆုံးပြီးအမျိုးသမီးများတွင် အက်စထရိုဂျင်ဟိုမုန်း ပြောင်းလဲမှု တို့ ကြောင့် ဂေါက်ရောဂါ ဖြစ်နိုင်ချေအလားအလာရှိစေပါတယ်။ ကြိုတင် ကာကွယ်သည့်အနေဖြင့် အမှတ်စဉ်(၁)တွင် အကြံပြုထားသော အစားအစာများကိုရှောင်ပါ။ ချယ်ရီးသီးနှင့် ဗီတာမင်စီပါသော လတ်ဆတ်သည့် အော်ဂဲနစ် သီးများစားပေးပါ။
(၅) ခုန်ပေါ က်ပြေးလွှားခြင်း/အရိုးအဆစ်များကို အားစိုက်လုပ်ရသည့်အလုပ်များ/ခါးလှည့်ချိုးခြင်း/သေး ကျပ် သောဖိနပ်များစီးခြင်း စသည်ဖြင့် အရိုးအဆစ်နာကျင်စေမည့် အပြုအမူများကိုရှောင်ပါ။
(၆) ကိုယ်လက်လှုပ်ရှားမှု (လုံးဝ)မရှိခြင်းက ဂေါက်ရောဂါကို ပိုမိုဆိုးရွားစေလို့  သင့်တင့်မျှတပြီး မိမိ လုပ်နိုင်သလောက် ပေါ့ပေါ့ပါးပါးလှုပ်ရှားမှုပြုပေးပါ။
(၇) ဂေါက်ရောဂါ ဝေဒနာသည် ၂၀% ကို လေ့လာကြည့်သောအခါ၊ မျိုးရိုးလိုက်စေတတ်၍ သတိနှင့် ဆင်ခြင်နေထိုင်ပါ။

အိမ်တွင်းကုထုံး…။
ဂေါက်ရောဂါအမြစ်ပြတ်ပျောက်ဖို့ ရာ မလွယ်ကူးလှပါဘူး။ ဒါ့ပြင် ဂေါက်ရောဂါပျောက် ပဋိဇီဝဆေးအချို့ က လည်း ဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်လို့  နာကျင်မှုလျော့ပါးသက်သာစေ ရန်အတွက် သဘာဝအိမ်တွင်း ကုထုံးများဖြင့် ထိန်းထား နိုင်ပါတယ်။
(၁) ရောဂါတက်နေတဲ့အချိန် အရိုး အဆစ်အားပြုရတဲ့အလုပ်တွေမလုပ်ဘဲ အိမ်မှာအနားယူပါ။ ကိုက်ခဲနာကျင်သည့် ခြေထောက် (သို့ မဟုတ်) လက်တို့ ကို နူးညံ့သည့် ခေါင်းအုံးပေါ်တင်၍ ငြိမ်ငြိမ်လေးနေခြင်းက နာကျင်မှုဝေ ဒနာ များ သက်သာ စေပါတယ်။
(၂) ရေခဲအိတ်ဖြင့် မိနစ် ၂၀-ခန့် ကပ်ပေးခြင်းက နာကျင်ကိုက် ခဲမှု များ သိသိသာသာလျော့စေပါတယ်။ (၃)လိပ် ခေါင်းသွေးကျရောဂါ လိမ်းဆေးကရင်မ်ကလည်း ဂေါက်ရောဂါ ရောင်ကိုင်းနာကျင်မှုကို သက်သာစေလို့ လိမ်းပေးနိုင်ပါတယ်။
(၄) သန်မာေ သာကြွက်သားများက အရိုးပေါ် ပိမကျစေလို့  ၀န်ထုပ်ဝန်ပိုးမဖြစ်စေတော့ဘဲ နာကျင်မှုလျော့ ပါးစေပါတယ်။ ထို့ ကြောင့် ကြွက်သားသန်မာသော လေ့ကျင့်ခဏ်းများလုပ်ပေးပါ။
(၅) ဆားခါး ကို ရေနွေးနဲ့ ဖျော်ပြီး၊ ရေအေးလာသည်အထိ ရောင်ကိုင်းနေ သော ခြေလက်များကို စိမ်ပေး ခြင်းဖြင့် နာကျင်မှုများ ချက်ချင်းလက်ငင်း သက်သာလာစေပါမယ်။
(၆) ခွက်ကြီးကြီးတစ်ခုထဲ ကျောက်မီးသွေး မှုန့် များထဲ့၍ ရေလောင်းပါ။ ထိုကျောက်မီးသွေးမှုန့် ဖျော်ရည် ခွက်ထဲသို့  ခြေဆစ်လက်ဆစ်နာများ နှစ်စိမ်ခြင်း ဖြင့်နာကျင်မှု သက်သာစေပါတယ်။ ခြေဆစ်လက်ဆစ် မဟုတ်ဘဲ အခြားအရိုးအဆစ်ရောင်သူများကတော့ ကျောက်မီးသွေးမှုန့်ကို ရေဖြင့်ပျစ်ပျစ်ဖျော်၍ ရလာသော အနှစ်ဖြင့် လိမ်းကျံပေးနိုင်ပါတယ်။
(၇) ဂျင်းထောင်း ၍အုံပေးခြင်းက ချွေးပုပ်များထွက်လာကာ ဝေဒနာဖိစီးခြင်းကိုပေါ့ပါးသွားစေပါတယ်။
(၈) ဂျုံမှုန့်ကို မုန့်ညင်းဆီဖြင့်ရော လူးပေးခြင်းဖြင့် ထူးခြားတဲ့အာနိသင်ရရှိစေမှာပါ။
(၉) မုန့့်ဖုတ်ဆော်ဒါမှုန့် ကို ရေဖျော်၍ နေ့ စဉ်ရက် ဆက် လိမ်းပေးခြင်းဖြင့် ရောင်တင်း နာကျင်မှုများ သက်သာစေပါတယ်။

ဓာတ်စာများ…။
(၁) ရေသောက်ခြင်းက ခန္ဓာကိုယ်ထဲရှိ ယူရစ်အက်ဆစ်ပမာဏကို မျှတစေတဲ့အတွက်၊ တစ်နေ့ လျှင် ရေ ၈-ခွက် မှ ၁၀-ခွက်အထိ သောက်ပေးပါ။
(၂) ချယ်ရီသီးထဲရှိ အာဟာရဓာတ်များဟာ ယူရစ်အက်ဆစ်ပမာဏကို သိသိသာသာ လျော့ကျ စေတဲ့ အတွက် အမေရိကန်နိုင်ငံတွင်ရှေး ယခင်ကာလများကတည်း ဂေါက်ရောဂါဓာတ်စာအဖြစ် အသုံးပြုလေ့ ရှိကြပါတယ်။ ရောဂါတက်နေချိန်မှာ ချယ်ရီသီး တစ်နေ့ အလုံး၂၀ စားပေးပြီး၊ ရောဂါသက်သာ သွားသော အခါ တစ်နေ့ လျှင် ၁၀လုံးမျှ ဆက်လက်စား ပေးခြင်းဖြင့် ဂေါက်ရောဂါ လုံးဝပျောက်တယ်လို့ ဆိုပါတယ်။
(၃) ဗိုစားပဲ သီးကို အစိမ်းလိုက်ဝါးစားခြင်း (သို့ မဟုတ်) ဗိုစားပဲသီး ဖျော်ရည် တစ်နေ့  ၁၅၀ မီလီလီ တာ သောက်ပေးခြင်းဖြင့် အကျိုးထူး ခံစားရပါလိမ့်မယ်။
(၄) ပန်းသီးထဲရှိ မဲလစ်အက်ဆစ်ဓာတ်က ယူရစ်အက်ဆစ်ပမာဏကို မျှတစေလို့ ၊ နံက်-နေ့ လည်-ည ထမင်းစားပြီးတိုင်း ပန်းသီးတစ် လုံးစီစားပါ။ (သို့ မဟုတ်) ပန်းသီး ဖျော်ရည်ကို သဘာဝပျားရည်ဖြင့် ဆတူရောဖျော်သောက်ပါ။
(၅) ဂေါက်ရောဂါ ပြင်းပြင်းထန်ထန်ခံစားနေချိန်မှာ တစ်နေ့ လျှင် ဌက်ပျောသီး ၁-လုံးကျစီဖြင့် ၄-ရက် ဆက်တိုက်စားပေးပါ။
(၆) ရှောက်သီး နှင့် သံပရိုသီးထဲရှိ ဗီတာမင်စီဓာတ်များက အရိုး အဆစ်များကို သန်မာစေရုံသာမက၊ ယူရစ် အက်ဆစ်ပမာဏကိုလည်း မျှတစေလို့  ရှောက်ရည် (သို့ မဟုတ်) သံပရိုသီးဖျော်ရည် သောက်ပါ။ (သကြားနှင့် ဆား လုံးဝမထဲ့ပါနှင့်)
(၇) ibuprofen (ခေါ်) နာကျင်မှုနှင့်ယောင်တင်းမှုများကို ပျောက်ကင်းစေသည့် ဆေးဝါးမှီဝဲပါ။
(၈) ယူရစ်အက်ဆစ်ကို မျှတစေသော စတော်ဘယ်ရီးသီး/ ရှားရှားပါးပါး bromelain ဓာတ်ပါရှိသော နာနတ်သီး/ ဗီတာမင်စီကြွယ်ဝသော ဂေါ်ဖီထုပ်-အနီရောင် ပန်းငရုပ်သီးပွ- လိမ္မော်သီး- ပန်းလိမ္မော်များ/ တရုပ်နံနံပင်/မုန်လာဥနီ/သခွားသီး/ဆ လတ်ရွက်တို့ များများစားပါ။
(၉) သင်္ဘောသီးအစိမ်းကို အတုံးလေးတွေတုံးကာပြုတ်ပြီး၊ လ္ဘက်ခြောက်ခပ်၍ ရောသောက်ပါ။

(ဆောင်းပါးရှင်…ပေါက်ပေါက်…မျှဝေသည်)

ကိုးကား။ Theodore Vanitallie, MD, professor emeritus of medicine at Columbia University College of Physicians and Surgeons in New York.
--
promise.pauk

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...