တစ်ပတ်ထဲမှာ အထက်တန်းကျောင်းဒီပလိုမာ နဲ့ တက္ကသိုလ်ဘွဲ့ရခဲ့တဲ့ ဆယ်ကျော်သက်


သီဟနိုင် on 2014-05-07 18:03

အသက် ၁၆နှစ်မှာ အထက်တန်းကျောင်း အောင်မြင်တာဟာ အထင်ကြီးဖို့ လုံလောက်ပါပြီ။ ဒါပေမဲ့ အထက်တန်းတောင် မအောင်ခင် တက္ကသိုလ် ဘွဲ့ရဖို့ စီစဉ်တာကရော။ အရမ်းကို အံ့အားသင့်စေ ပါတယ်ဗျာ။

Grace Bush ဟာ ဉာဏ်ကောင်းပြီး အရမ်းကြိုးစားတဲ့ ရှားပါး ပင်ကိုယ်စွမ်းရည်ရှိသူဆိုတာ ရှင်းပါတယ်။ မကြာသေးမီကပဲ ဖလော်ရီဒါ ပြည်နယ်ဖွား ဆယ်ကျော်သက်လေး Grace Bushဟာ Florida Atlantic တက္ကသိုလ်ကနေ မှုခင်းစီရင်မှု နဲ့ ဘွဲ့ရခဲ့ပါတယ်။ ဒီအပတ်မှာ Florida Atlantic တက္ကသိုလ် အထက် တန်းကျောင်းကနေ အထက်တန်းကျောင်းဒီပလိုမာ ရယူမှာပါ။

တစ်ယောက်ယောက်က အထက်တန်းကျောင်း မအောင်ခင် ဘယ်လိုလုပ်ပြီး တက္ကသိုလ် ဘွဲ့ရနိုင်မှာလဲ။

Grace က တက္ကသိုလ်ရဲ့ နှစ်ကျောင်းစာရင်းသွင်း အစီအစဉ်မှာ ပါဝင်ခဲ့ပြီး အထက်တန်းကျောင်းသားတွေ ကို သင်ခန်းစာတွေ တစ်ပြိုင်တည်း တက်ပြီး ကောလိပ်ဘွဲ့ရစေခဲ့တာပါ။ ကျောင်းသားတွေဟာ အချိန် ကုန်၊ ငွေကုန် သက်သာသွားပါတယ်။

တက္ကသိုလ် ဘွဲ့ရပြီးပြီမို့ အထက်တန်းကျောင်းဒီပလိုမာ ရယူရမှာ ပေါတောတောနိုင်တယ်လို့ Grace က ၀န်ခံပါတယ်။ “အထက်တန်းကျောင်း မအောင်ခင် တက္ကသိုလ်ဘွဲ့ရခဲ့တာ ဘယ်လိုကြီးမှန်းမသိဘူး။” လို့ CBS Miami ကို သူမက ပြောပြခဲ့ပါတယ်။

တက္ကသိုလ်ဘွဲ့ကို စောစောရဖို့ ၁၃နှစ်မှာ စပြီး တက္ကသိုလ်တက်ခဲ့တဲ့ ကလေး ၉ယောက်ထဲမှာ Grace ဟာ တစ်ယောက်ပါ။ Grace ဟာ သံစုံတီးဝိုင်းမှာ နှစ်ကြိမ်ပါဝင်ခဲ့ပြီး သူမ တီးမှုတ်ခဲ့တဲ့ ဂီတတူရိယာကတော့ ပလွေပါ။

“သူ အသက် ၂နှစ်မှာ စာဖတ်နေပြီလေ။ ကျွန်မဆို တုန်လှုပ်သွားတာပဲ။” လို့ Grace ရဲ့ မိခင်ဖြစ်သူက ပြော ပါတယ်။



Ref:news.yahoo.com
Trend Myanmar

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...