နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ဝေဒနာရှင်များအား စရိတ်ငြိမ်း ကုသပေးမည်


photo:google

မြန်မာနိုင်ငံရှိ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ဝေဒနာရှင် များအား အဖွဲ့အစည်း သုံးခုပူး ပေါင်း၍ အခမဲ့ စရိတ်ငြိမ်း ကုသပေး သွားမည် ဖြစ်ကြောင်း ကရုဏာရှေးရှု၊ မြန်မာမှု လူမှုရေး အသင်းအဖွဲ့မှ သိရသည်။

အဆိုပါ ခွဲစိတ်ကုသမှုကို ရန်ကုန်မြို့ရှိ အမျိုးသား သွေးလှူဘဏ်၌ ကုသမှုခံယူရန် မေလ (၄) ရက်နေ့ နောက်ဆုံးထား စာရင်း ပေးသွင်း ရမည်ဖြစ်သည်။

စာရင်း ပေးသွင်း ထားသည့် ဝေဒနာရှင် များအား မေလ (၅) ရက်နေ့တွင် သွေးစစ် ဆေးမှု ပြုလုပ် ၍ ဆေးအောင် ဝေဒနာရှင်များ အား (၆) ရက်နေ့မှ (၁၁) ရက်နေ့အထိ ခွဲစိတ်ကုသပေး သွားမည်ဖြစ်သည်။

နယ်မှ ကုသမှုခံယူရန် စာရင်းသွင်းသော ဝေဒနာရှင်များ ရန်ကုန်သို့ လာရောက်သည့် ကားလက်မှတ်ခ အပြင် ရန်ကုန်တွင် နေထိုင်၍ ဆေးကုသမှု ခံယူစဉ် အဆောင် စီစဉ်၍ အစား အသောက် ဆေးဝါးများ အခမဲ့ ထောက်ပံ့ပေး သွားမည် ဖြစ်ကြောင်း ကရုဏာရှေးရှု မြန်မာမှု မှ Co.operate Communication Assisatant ဦးမိုးဇော်က The Messenger သတင်းစာ သို့ ပြောသည်။

““မြန်မာ နိုင်ငံမှာ ရှိတဲ့ မျက်နှာ ပုံပန်း မကျတဲ့ ဝေဒနာရှင်တွေကို တစ်ဖက်တစ်လမ်း ကနေ တတ်စွမ်းသ၍ ကူညီ ကုသပေး ချင်လို့ ပါ”” ဟု ၎င်းကဆိုသည်။

လက်ရှိ အချိန်တွင် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ခွဲစိတ်ကုသမှု ခံယူရန် စာရင်းပေးသွင်း သည့် ဝေဒနာရှင် ဦးရေ (၁၇၀) ကျော်ရှိ ကြောင်း ကရုဏာ ရှေးရှု မြန်မာမှု အဖွဲ့မှ သိရ သည်။

““ဒီနှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ဆိုတာ မွေးရာပါ ဝေဒနာပါ၊ Defect ဖွံ့ဖြိုးမှုနှုန်း နည်းပါး တာကြောင့် ဖြစ်ရ တာပေါ့။ အခုလို စေတနာရှင်တွေ လူမှုရေးအဖွဲ့အစည်း တွေကနေ သူတို့ လေးတွေကို ဒီလို ကုသပေးတဲ့ အတွက် ၀မ်းသာစရာပါ”” ဟု မြောက်ဒဂုံ သစ္စာဆေးခန်းမှ ဒေါက်တာ ရန်နိုင်စိုးက The Messenger သတင်းစာသို့ ပြောသည်။

အဆိုပါ အခမဲ့ ခွဲစိတ် ကုသမှုမှာ ရန်ကုန် နှင့် မန္တလေး တို့တွင် သုံးကြိမ်တိုင်တိုင် ကုသ ပေးခဲ့ပြီး၊ ၂၀၁၀ ပြည့်နှစ်တွင် ရန်ကုန်မြို့ ၌ (၁၂၄) ဦးအား အောင်မြင်စွာ ခွဲစိတ်ကုသ ပေးနိုင်ခဲ့ကြောင်း ကရုဏာ ရှေးရှု မြန်မာမှု အဖွဲ့ မှ သိရသည်။

The Messenger

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...