နားလည်မှု ချစ်ခြင်းမေတ္တာတွေနဲ့ ပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်သည်ဘ၀ကို ပိုင်ဆိုင်ထားတဲ့ ၀ိုင်းစုခိုင်သိန်း


ခင်ဆွေသက် on 2014-05-07 12:00

ကိုယ်သဘောကျတဲ့ အနုပညာရှင်တွေ အိမ်ထောင်ကျသွားပြီဆိုရင် သူတို့ရဲ့ အိမ်ထောင်ဖက်တွေကြောင့် အနုပညာအလုပ် ဆက်မလုပ်တော့မှာ၊ အိမ်မှုကိစ္စတွေကို အချိန်ပေးရတဲ့အတွက် အရင်လောက် အနုပညာ အလုပ်တွေ မလုပ်နိုင်တော့မှာကို ပရိသတ်တွေက စိုးရိမ်လေ့ရှိပါတယ်။ မကြာသေးခင်က အိမ်ထောင်ကျ သွားတဲ့ ၀ိုင်းစုခိုင်သိန်းရဲ့ ပရိသတ်တွေကလည်း ခုလိုပဲ အိမ်မှုကိစ္စတွေကြောင့် ၀ိုင်းစုအနုပညာအလုပ်တွေ မလုပ်တော့မှာ စိုးရိမ်နေကြပါသတဲ့။ အဲ့ဒါနဲ့ ပတ်သက်ပြီး သူမကို မေးကြည့်လိုက်တဲ့အခါ..

“၀ိုင်းစုတို့အိမ်ထောင်ရေးကတော့ အရမ်းအဆင်ပြေပါတယ်။ သူကလဲ အရာရာမှာ ၀ိုင်းစုကို နားလည်ပေး တယ်။ အနုပညာနှစ်ခုစလုံးကို ချောချောမွေ့မွေ့လုပ်နိုင်တာ သူ့အားပေးလို့လဲ ပါပါတယ်။ အိမ်ထောင် ကျပေမဲ့ အနုပညာအလုပ်တွေကို ဆက်လုပ်ချင်တာကို မတားမြစ်ပဲနဲ့ ၀ိုင်းစုကို နားလည်ပေးတဲ့ သူ့ကို အရမ်း ကျေးဇူးတင်ပါတယ်။

အိမ်ထောင်ဖက်အဖြစ် ရွေးချယ်ခဲ့တဲ့ အကြောင်းအရင်းတွေထဲမှာ အဲဒါတွေလဲပါပါမယ်။ ၀ိုင်းစုကို နားလည်မှု အပြည့်ရှိတယ်။ ချစ်လဲချစ်တယ်။ ချစ်သူဘ၀နဲ့ အိမ်ထောင်ကျ သွားတော့လဲ ဒီအတိုင်းပါပဲ။ ၀ိုင်းစုရဲ့အနုပညာအလုပ်တွေကို အားပေးဆဲ၊ လက်ခံပေးဆဲ၊ နားလည်ပေးနိုင်တဲ့ သူ့ကို အရမ်းလဲချစ်ပြီး အရမ်းလဲ ကျေးဇူးတင်ပါတယ်။ ၀ိုင်းစုလည်း အနုပညာအလုပ်တွေကို လုပ်မြဲအတိုင်း ကြိုးစားပြီးလုပ်သွား မှာမို့ ပရိသတ်တွေအနေနဲ စိတ်မပူကြပါနဲ့။”လို့ သူက ပြောပြပေးခဲ့ပါတယ်။

Trend Myanmar

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...