ထွန်းထွန်းမင်းက ထိုင်းလက်ဝှေ့သမားခရွမ်ကို အလဲထိုးဖြင့် အနိုင်ယူ



မြန်မာ့ရိုးရာလက်ဝှေ့ သမားထွန်းထွန်းမင်းနှင့် ထိုင်း လက်ဝှေ့သမားခရွမ်တို့၏ ပထမ ဆုံးအကြိမ်တွေ့ဆုံ သည့် အထူး စိန်ခေါ်ပွဲတွင် ထွန်းထွန်းမင်းက ထိုင်းလက်ဝှေ့သမားကို အလဲ ထိုးဖြင့် အနိုင်ယူခဲ့သည်။

မေလ ၁၈ ရက်က ရန်ကုန် မြို့၊ သိမ်ဖြူအားကစားရုံတွင် ကျင်းပခဲ့သည့် အဆိုပါပွဲစဉ် ဒုတိ ယအချီအထိ ထွန်းထွန်းမင်းနှင့် ခရွမ်တို့သည် အပြန်အလှန် ယှဉ် ပြိုင်နိုင်ခဲ့သော်လည်း တတိယ အချီအရောက်တွင်မူ ထွန်းထွန်း မင်း၏ တံတောင်ချက်ကြောင့် ခရွမ်နဖူးကွဲခဲ့ရသည်။

ပရိသတ် အကြိုက်တွေ့ခဲ့ သည့် ယင်းပွဲစဉ်၏ ငါးချီအရောက် တွင် ထွန်းထွန်းမင်း၏ လက်သီး တွဲလုံး မိသွားသည့် ခရွမ်မှာ ဆက် လက် မယှဉ်ပြိုင်နိုင်တော့၍ အလဲထိုး(ကွဲရှုံး)ဖြင့် အရှုံးပေးခဲ့ ရခြင်းဖြစ်သည်။

မြန်မာနှင့် ထိုင်းအခြားပွဲစဉ် တွင် စောဂေါ်မူတို(မြန်မာ)က ဖု ထိုင်း(ထိုင်း) ကို ဒုတိယအချီတွင် အလဲထိုးဖြင့် အနိုင်ယူခဲ့ပြီး ကြယ် စင်ဖြိုး(မြန်မာ) နှင့် ဂွန်ချန်ပဲ (ထိုင်း) ပွဲစဉ်တွင်မူ အရှုံးအနိုင် မပေါ်ခဲ့ပေ။ ထို့ကြောင့် ယခုပြိုင်ပွဲ ၏ မြန်မာနှင့် ထိုင်းရိုးရာလက်ဝှေ့ ပွဲစဉ်သုံးပွဲတွင် မြန်မာက နှစ်ပွဲနိုင် ပြီး တစ်ပွဲသရေကျခဲ့သည်။

အခြားပြည်တွင်းပွဲစဉ်များ တွင် သိန်းစိုးက သားအောင်ပွဲ မောင်ကိုလည်းကောင်း၊ ရှမ်း လေးက သန်းဇော်ထွန်း ကိုလည်း ကောင်း၊ ဇင်ကိုဖူးက ထွန်းဝင်း ကျော်ကိုလည်းကောင်းအနိုင်ရရှိ ခဲ့ပြီး စောလယ်ဘွယ်ထူးနှင့် ထွန်း နိုင်ဦး၊ စောဖြိုးဝေနှင့် ဖြူလေး၊ ကျော်ဝင်းအောင်နှင့် မောင် ကောင်း၊ မိုက်မိုက်နှင့် ခွန်ရှိုင်း ထက်တို့ပွဲစဉ်များတွင် သရေရ လဒ်များ ထွက်ပေါ်ခဲ့သည်။

7Day Daily
No.383 Monday, May 19, 2014
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...