နောက်ဆုံး စကားတစ်ခွန်း



ရာစုနှစ် ဝက်တစ်ခုကို အတူတူဖြတ်ကျော် လာခဲ့ကြတဲ့ အဘိုးအဘွားအို လင်မယားနှစ်ယောက် ညအိပ်ရာ မဝင်ခင် သူတို့အချင်းချင်း အမြဲပြောတတ်တဲ့ နောက်ဆုံး စကားတစ်ခွန်းက "နင့်ကိုငါချစ်တယ်"။

ဘာဖြစ်လို့ နှစ်နဲ့ချီပြီး ဒီလိုပြောကျင့်ရှိခဲ့ သလဲလို့ တခြားလူ ကမေးတော့ အဘိုးအိုက ပြောတယ်။ "ကျွန်တော်တို့ အသက်ကြီးပြီ။ ဒီလိုပြောရတာဟာလည်း တကယ်လို့ တစ်နေ့နေ့မှာ ကျွန်တော်တို့ထဲက တစ်ယောက်ယောက်က နောက်တစ် နေ့မနက်မှာ လုံးဝ နိုးမလာခဲ့တော့ ဘူးဆိုရင် ကျွန်တော်တို့ကြားမှာ အချင်းချင်း ကျန်ခဲ့မယ့် နောက်ဆုံး စကားက အဲဒီစကားဖြစ်နေမှာပဲ" တကယ်တော့ အသက်အိုမင်းမှ မဟုတ်ပါဘူး.. လူဆိုတာ အချိန်မရွေးသေဆုံးနိုင် ပါတယ်။ မသေဆုံးခင် အချင်းချင်းကြားမှာ ဘာစ ကားတွေ နောက်ဆုံးကျန်ခဲ့စေချင်သလဲ?

အိမ်ပြင် မထွက်ခင် ဂရုစိုက်တဲ့ စကား အိပ်ရာမဝင်ခင် ကြင်နာတဲ့စကား မခွဲခွာခင် ချစ်ခင်နှစ်လိုတဲ့စကား ဘယ်စကားတစ်ခွန်းက နောက်ဆုံးစကားဖြစ်မယ်မှန်း ဘယ်သူမှမသိခဲ့ကြသလို ဘယ်သူကမှ လည်း နောက်ဆုံး စကားတစ်ခွန်းကို နားဝင်မချိုတဲ့ ဒေါသစကား ဖြစ်စေချင်ခဲ့ကြမှာ မဟုတ်ပါဘူး။

နိုင်းနိုင်းစနေ

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...