ကမ္ဘာ့”ကံအကောင်းဆုံး ကံဆိုးသူ”

Frane Selak က ခရိုအေးရှားလူမျိုး ဂီတဆရာတစ်ဦး ဖြစ်ပါတယ်။ သူရဲ့ဆိုးဝါးလှတဲ့ ကံကြမ္မာကို ၁၉၆၂ ခုနှစ် Sarajevo မြို့ကနေ Dubrovnik ကိုသွားတဲ့ ရထားပေါ်မှာ စခဲ့ပါတယ်။

ဒီရထားဟာ လမ်းချော်ပြီး ဘေးနားက ရေခဲမြစ်ထဲ ကျခဲ့ပါတယ်။ လူ ၁၇ ယောက်သေပါတယ်။ ဟိုက်ပိုသာ မီးယားရောဂါ (ခန္ဓာကိုယ်အပူချိန် အလွန်ကျဆင်းခြင်း) ကို ခံစားရင်း လက်မောင်းတစ်ဖက်ကျိုးကြီးနဲ့ Selak ဟာ ကမ်းစပ်ကို ရောက်အောင်ကူးနိုင်ခဲ့ပါတယ်။

နောက်တစ်နှစ်လောက်ကြာတော့ သူက လေယာဉ်ပေါ်မှာပါ။ လေယာဉ်တံခါး ပြုတ်ထွက်သွားပြီး Selak ဟာ လေယာဉ်ထဲကနေ ထွက်ကျသွားခဲ့ပါတယ်။ နောက်တော့ ဆေးရုံပေါ်မှာ သူနိုးလာပါတယ်။ သူ့ကို ကောက်ရိုးပုံတစ်ခုမှာ တွေ့ခဲ့ကြတာပါ။ ဒီလေယာဉ်ပျက်ကျမှုမှာ သူ ပါမသွားတော့ပါဘူး။ ၁၉၆၆ ခုနှစ်မှာတော့ လမ်းချော်ပြီး မြစ်ထဲကျသွားတဲ့ ကားပေါ်မှာ Selak ပါလာပြန်ပါတယ်။ လူ ၄ယောက် သေပါ တယ်။ သူကတော့ ဒဏ်ရာအသေးစားလေးတွေပဲ ရခဲ့ပါတယ်။ ၁၉၇၀ မှာတော့ သူ့ကားမီးလောင်ပါတယ်။ သူလည်းရပ်ပြီး ကားထဲက ထွက်ပါတယ်။ သူ့ကားတစ်စီးလုံး မီးလောင် မပေါက်ခင် နည်းနည်းလေး အလိုမှာပါ။

၁၉၇၃ ခုနှစ်မှာ Selak က နောက်ကားတစ်စီးကို မောင်းပါတယ်။ ကားလောင်စာစနစ်က ချို့ယွင်းပြီး ဂတ်စ်တွေက အင်ဂျင်ကို ဖြန်းသလို ဖြစ်သွားပါတယ်။ ဒီမီးလောင်မှုမှာ ဆုံးရှုံးခဲ့ရတာက သူ့ခေါင်းပေါ်က ဆံပင်တော်တော်များများ ဖြစ်ပါတယ်။

၉၅ ခုနှစ်မှာတော့ သူ့ကို ဘတ်စ်ကားတစ်စီး ဝင်တိုက်ပါတယ်။ ဒဏ်ရာအသေးစားပါပဲ။ နောက်ဆုံး ၁၉၉၆ မှာတော့ သူက တောင်ပေါ်မှာ ကားမောင်းနေတာပါ။ အကွေ့တစ်ခုကို သူကွေ့လိုက်တဲ့အခါ တစ်ဖက်က ထရပ်ကားကြီးတစ်စီး သူ့ဆီတည့်တည့် ဝင်လာတာကို တွေ့လိုက်ရပါတယ်။ သူလည်း ကားကို ဘေးဘက် ထိုးမောင်းလိုက်ပြီး ခုန်ဆင်းခဲ့ပါတယ်။ ပေ ၃၀၀ နက်တဲ့ ချောက်ထဲ သူပါမသွားတော့ပါဘူး။



အသက် ၇၄ နှစ်ရှိနေပြီဖြစ်တဲ့ Selak ဟာ နှစ်ပေါင်း ၄၀ အတွင်း ပထမဆုံးအကြိမ်အနေနဲ့ ၂၀၀၃ ခုနှစ်မှာ ထီလက်မှတ် တစ်စောင် ဝယ်ပါတယ်။ ပေါက်ပါတယ်။ ဒေါ်လာတစ်သန်း သူ ရပါတယ်။ ပထမတော့ သူပျော်ပါသေးတယ်။ နည်းနည်းလေးကြာတော့ ကျွန်းတစ်ကျွန်းပေါ်က သူပိုင်တဲ့ ဇိမ်ခံအိမ်ကြီးကို ရောင်း ပါတယ်။ ပိုင်တဲ့ပိုက်ဆံတွေ အကုန်လုံးကိုလည်း ပေးပစ်ခဲ့ပါတယ်။

သူ့တင်ပါးဆုံရိုး အစားထိုးဖို့ရယ်၊ ဇနီးဖြစ်သူနဲ့နေဖို့ရယ် အတွက် ပိုက်ဆံလေးနည်းနည်းလောက်ချန်ပြီး ကံကြမ္မာအကြောင်း ကောင်းကောင်းသိခဲ့တဲ့ Selak ဟာ ခရိုအေးရှားနိုင်ငံ Petrinja မြို့က သူ့အိမ်လေး ဆီ ပြန်သွားခဲ့ပါတယ်။

ကမ္ဘာ့မီဒီယာတွေကတော့ သူ့ကို ‘Luckiest Unlucky Man’ (ကံအကောင်းဆုံး ကံဆိုးသူ) ဆိုပြီး ကင်ပွန်း တပ်ခဲ့ကြပါတယ်။

Credit: ဖိုးသူတော်
(www.phothutaw.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...