ကိုယ်ဝန်ဆောင် မိခင်များ နဂါးမောက်သီး စားပေးပါ

ကိုယ်ဝန်ဆောင် မိခင်တွေအတွက် နဂါးမောက်သီးဟာ အထူးပင် ကောင်းမွန်ပါတယ်။ ကိုယ်ဝန်ဆောင်နေ စဉ် နဂါးမောက်သီးကို မှီဝဲမယ်ဆိုရင် ကလေးမွေးဖွားမှု အတွက်များစွာ အထောက် အကူပြုပေးနိုင်ပါတယ်။
ဒါ့အပြင် မိခင်အတွက်သာမကဘဲ ကလေးအတွက်ပါ ကောင်းမွန်စေပါတယ်။ ထိုအသီးက ကလေးရဲ့ သွားတွေ၊ အရိုးတွေကို ကြီးထွားဖို့အတွက် ကူညီပေးနိုင်ပါတယ်။
ကလေးရဲ့ အရေပြားနဲ့ မျက်လုံး စတင်ဖြစ်ပေါ်လာဖို့ သာမက အစာခြေစနစ် ကိုလည်း အထောက် အပံ့ ပေးပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်များ နဂါးမောက်သီးကို မှီဝဲပေးစေလိုပါတယ်။
ကျန်းမာရေးနှင့် အလှအပ သတင်းများ