အိမ်အောက်တွင် သက်ငယ်ပျစ်နေသော မိသားစုဝင်သုံးဦးမိုးကြိုးပစ်၍ သေဆုံး


အိမ်အောက်တွင် သက်ငယ်ပျစ်နေသော မိသားစုဝင်သုံးဦး မိုးကြိုးပစ်ခံရ၍ သုံးဦးလုံးသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

မကွေးတိုင်းဒေသကြီး၊ မင်း လှမြို့နယ်၊ ရွာသာယာကျေးရွာ တွင် မေလ ၁၈ရက် ညနေ ၆နာရီခွဲက ယင်းကျေးရွာနေ အသက်(၄၅)နှစ်ရှိ အိမ်ထောင်ဦးစီး၊အ သက်(၄၀)နှစ်ရှိ ဇနီးသည်နှင့်အ သက်(၁၄)နှစ်ရှိ သားဖြစ်သူတို့ သည် ၎င်းတို့၏ အိမ်အောက်၌ အိမ်အမိုးမိုးရန် သက်ငယ်ပျစ်နေ ကြစဉ် မိုးကြိုးပစ် ခံရသောကြောင့် ရခဲ့သည့် ဒဏ်ရာများဖြင့်သေဆုံး ခဲ့ခြင်းဖြစ်ကြောင်း ရဲမှတ်တမ်း များတွင်ဖော်ပြထားသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ မင်းလှမြို့မရဲစခန်းမှ သေမှုသေ ခင်းအမှတ်စဉ် ၉/၂၀၁၄ဖြင့်အမှု ဖွင့်စစ်ဆေးနေကြောင်းသတင်း ရရှိသည်။

မိုးတိမ်တောင်ရာသီဥတု သည်အချိန်အခါမဟုတ်မိုးရွာ ခြင်းနှင့် မိုးကြိုးပစ်ခြင်းများဖြစ်စေ တတ်သည်။ အထူးသဖြင့် နေ့ လယ်ပိုင်းအချိန်များတွင် အများ ဆုံးဖြစ်လေ့ရှိသည်။ မိုးကြိုးပစ်ခံရ ခြင်းနှင့် မိုးကြိုးစက်ကွင်းကြောင့် နှစ်စဉ်လူ ၇၀ခန့်သေဆုံးနေရာ ယ ခုနှစ်မိုးဦးတွင် လူသေဆုံးနှုန်းမြင့် မားနေကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေ ရာချထားရေးဝန်ကြီးဌာနမှ တာ ၀န်ရှိသူတစ်ဦးကပြောသည်။

မေလ ၁၅ ရက် ညနေက သန်လျင်မြို့နယ်၊ အလွမ်းဆွတ်ကျေးရွာတွင် သွပ်ပြားစက်ရုံဝင်းအတွင်းရှိ သစ်ပင်ကို မိုးကြိုးပစ်ချစဉ် ဘုရားကုန်းကျေးရွာဈေးမှ ၀ါးဝယ်ပြီး ပြန်လာသော အမျိုးသားနှစ်ဦး မိုးကြိုးစက်ကွင်းမလွတ်သဖြင့် အဆိုပါ နေရာတွင် သေဆုံးခဲ့သည်။

7Day Daily
No.384 Tuesday, May 20, 2014
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...