ကိုယ့်အိမ်က ကလေး ဘာတွေ စားနေသလဲ


  
အစားအစာတချို့မှာ "သုံးစွဲရန် ခွင့်မပြုသော ဆိုးဆေးများ" ပါဝင်နေတယ် ဆိုတဲ့ ကြေညာချက် တခု ကို ပြန်ကြားရေးဌာနက ကြာသပတေးနေ့မှာ ဖြန့်ပါတယ်။

ဈေးများ၊ ကျောင်း မုန့်ဈေးတန်းများကနေ ဝယ်ယူ စစ်ဆေးရာကနေ အဲသလို တွေ့တာလို့ ဆိုတယ်။

မုန့် အတော်များများမှာ ဆိုးဆေး သုံးထားတတ်ပါတယ်။ အခု ဖော်ပြပါ ၉ မျိုးက တားမြစ်ဆေးဝါး သုံးထား တာကြောင့် ကြေညာချက်ထဲ ပါဝင်သွားတာပါ။

ကိုယ့်အိမ်က ကလေး ဘာတွေ စားနေသလဲ။
မုန့်တံဆိပ်က ထုတ်ပြန်ချက်ထဲက တံဆိပ်လား။
ကိုယ့်မီးဖိုထဲမှာ ဘာတွေ သုံးနေသလဲ။
တံဆိပ်က ထုတ်ပြန်ချက်ထဲက တံဆိပ်တွေလား။

အသိပေးကြေညာချက်ကို ကူးယူ ဖော်ပြလိုက်ပါတယ်။


စားသုံးရန်မသင့်သော အစားအသောက်များနှင့်ပတ်သက်၍ အများပြည်သူ သိရှိရန် အသိပေးကြေညာချက်
********************************************

ကျန်းမာရေး ဝန်ကြီးဌာနသည် အရည်အသွေး စစ်မှန် ကောင်းမွန်ပြီး ဘေးအန္တရာယ် ကင်းရှင်းသော အစားအသောက်များကို အများပြည်သူတို့ စားသုံးနိုင်ရန် စဉ်ဆက်မပြတ် ဆောင်ရွက်လျက် ရှိသည်။

ဈေးကွက်များတွင် ရောင်းချလျက် ရှိသော အစားအသောက်များကို ဈေးများ၊ ကျောင်း မုန့်ဈေးတန်းများမှ ဝယ်ယူ စစ်ဆေးရာ အောက်ဖော်ပြပါ အမှတ်တံဆိပ်များဖြင့် ထုတ်လုပ်သော အစားအသောက်များ၌ သုံးစွဲရန် ခွင့်မပြုသော ဆိုးဆေးများ ပါဝင်ခြင်းကြောင့် စားသုံးရန် မသင့်သော အစားအသောက် များ ဖြစ်ကြောင်း အသိပေး ကြေညာအပ်ပါသည်။

အစားအသောက် ထုတ်လုပ်၊ ဖြန့်ဖြူး၊ ရောင်းချသူများသည် အစားအသောက်တွင် သုံးစွဲရန် ခွင့်မပြုသော ဓာတု ဆိုးဆေးများကို လုံးဝ အသုံးမပြုရန်နှင့် လိုက်နာ ဆောင်ရွက်ခြင်း မရှိပါက အမျိုးသား အစား အသောက် ဥပဒေပုဒ်မ ၂၈(က)အရ တရားစွဲဆို အရေးယူမည် ဖြစ်ကြောင်း သတိပေး အပ်ပါသည်။

အမှတ်တံဆိပ်နှင့် အစားအသောက် အအမျိုးအစားများ

ဧရာဝတီ
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...