နံနက်ခင်း နေရောင်ခြည်က ကိုယ်ခန္ဓာ ကျစ်လျစ်လှပစေနိုင်


Health Updates Journal No. 115

နံနက်စောစောမှာ နေရဲ့ အလင်းရောင်နဲ့ ထိတွေ့ခြင်းဟာ ကိုယ်ခန္ဓာ ကျစ်လျစ်လှပစေကြောင်း လေ့လာမှု တစ်ရပ်မှာ ဖော်ပြထားပါတယ်။ နံနက်ခင်းအချိန်မှာအလင်းရောင်နဲ့ ထိတွေ့တဲ့ ကြိမ်ရေ၊ပမာဏနဲ့ အချိန် ကာလဟာ ကိုယ်အလေးချိန်နဲ့ ဆက်စပ်နေကြောင်းကို ဖော်ထုတ် နိုင်ခဲ့ပါတယ်။

လေ့လာမှုခေါင်းဆောင် Phyllis Zee က ““အလင်းရောင်ဟာ လူတစ်ယောက်ရဲ့ ကိုယ်တွင်းဇီဝနာရီကို ချိန်ညှိအပေးနိုင်ဆုံး ညွှန်းကိန်းဖြစ်ပါတယ်။ အလင်းရောင်နဲ့ ထိတွေ့ ခြင်းဟာ ကိုယ်ခန္ဓာရဲ့ ဇီဝဖြစ်ပျက် မှုတွေကို ထိန်းချုပ်ပေးနိုင်ပါတယ်။ မနက်ခင်းနေရောင်ခြည်နဲ့ ထိတွေ့ ခြင်းဟာ စွမ်းအင်လိုအပ်မှုနဲ့ သုံးစွဲ မှုတွေကိုပါ ညီမျှစေပါတာကြောင့် မနက်ခင်းအလင်းရောင်နဲ့ မိနစ် ၂၀မှ နာရီဝက်လောက် ထိတွေ့ပေးခြင်း ဟာ ကိုယ်အလေးချိန်အညွှန်းကိန်းကို ပုံမှန်အခြေအနေမှာ ရှိနေစေပါတယ်””လို့ ရှင်းပြထားပါတယ်။

မနက်ခင်းအလင်းရောင်နဲ့ ထိတွေ့မှုမရှိဘဲ အိပ်စက်နေသူများအဖို့ ကိုယ်ခန္ဓာရဲ့ ဇီဝနာရီကို ချိန်ကိုက် ညီစေခြင်း (synchronize) မဖြစ်တော့ဘဲ အ၀လွန်လာနိုင်ကြောင်း Phyllis Zee က သုံးသပ်ထားပါတယ်။

ဒီလေ့လာမှုကို Journal PLOS ONE မှာဖော်ပြထားတာ ဖြစ်ပါတယ်။

သက်နှင်း
ref;ANI

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...