လေယာဉ်ပေါ်က အိမ်သာထဲ မဖွယ်မရာလုပ်တဲ့ မိန်းကလေး
အရက်မူးနေတဲ့ အသက် ၂၀ ကျော် ဗြိတိန်အမျိုးသမီးတယောက်ဟာ Virgin လေကြောင်းလိုင်း လေယာဉ် တစီးပေါ်က အိမ်သာ ခန်းထဲမှာ အမျိုးသား တဦးနဲ့ မဖွယ်မရာ လုပ်ခဲ့တဲ့သတင်းက အွန်လိုင်းမှာ ဟိုးလေး တကျော် ဖြစ်နေပါတယ်။
Virgin လေယာဉ် တစီး၊ ဓာတ်ပုံ- The Mirror
မိဘတွေနဲ့အတူ ဘေးချင်းကပ်ထိုင်နေတဲ့ အသက် ၂၀ ဝန်းကျင်ရှိတဲ့အမျိုးသမီးငယ်ဟာ သူ့ဘေးက အမျိုးသား ကို မြူဆွယ်ခဲ့ပြီး သူတို့ ၂ ဦးဟာ လေယာဉ် အိမ်သာခန်းထဲ ဝင်သွားခဲ့တယ်၊ ပြီးတော့မှ ဟိုလို ဒီလို အသံစုံတွေထွက်လာတော့ မှ လေယာဉ် အမှုထမ်းတွေက တံခါး အတွင်း တွန်းဖွင့်ပြီး အမျိုးသမီး ငယ်ကို ဆွဲထုတ်လိုက်ကြတယ်လို့ မျက်မြင်တွေကို ကိုးကားပြီး The Mirror သတင်းတပုဒ် မှာ ဖော်ပြပါ တယ်။
အခု အဖြစ်အပျက်ဟာ လွန်ခဲ့တဲ့အပတ်က ဗြိတိန်နိုင်ငံ London Gatwick ကနေ အမေရိကန်
ပြည်ထောင်စု လာ ဗေးဂတ်စ် ကို သွားတဲ့ Virgin လေယာဉ်ပေါ်မှာ ဖြစ်ပျက်ခဲ့တာဖြစ်ကြောင်းပါတဲ့။
လေယာဉ်စီးခရီးသည်တွေလည်း လေယာဉ်ပေါ်က အိမ်သာခန်းထဲက ထွက်လာတဲ့ အဲဒီအမျိုးသမီးငယ်ရဲ့ လိင်ဆက်ဆံတဲ့အသံတွေကြောင့်အတော် စိတ်အနှောက်အယှက်ဖြစ်ခဲ့ကြတယ်လို့ ဆိုပါတယ်။
အဲဒီကိစ္စနဲ့ပတ်သက်ပြီး အမေရိကန်တာဝန်ရှိသူတွေက အဆိုပါ ဆယ်ကျော်သက် ဗြိတိန်အမျိုးသမီး ကို
မေးမြန်းစစ်ဆေးမှုတွေ လုပ်ခဲ့ပါတယ်တဲ့။ ဒါပေမယ့် Nevada resort မှာ အားလပ်ရက် လာအနားယူတဲ့ အမျိုးသမီးငယ်ကို သတိပေးပြီး ပြန် လွှတ်ပေးခဲ့တယ်လို့ သတင်းက ဆိုပါတယ်။
မျက်မြင်ခရီးသည်တဦးကတော့ တော်တော် သောင်းကျန်းတဲ့ မိန်းကလေးလို့ မှတ်ချက်ပေးထားပါတယ်။
တလောကလည်း အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းကို ဆင်းသက်တဲ့ Virgin လေကြောင်းလိုင်း လေယာဉ် တစီးပေါ်မှာ အရက်မူးနေသူ တဦးရဲ့ လေယာဉ်မောင်း အခန်းကို ဝင်ဖို့ ကြိုးစားတာကို လေယာဉ် ပျံပေး ဆွဲတယ် အထင်မှားပြီး စိုးရိမ်မှုတွေ ဖြစ်ခဲ့ဖူးပါသေးတယ်။
အိမ့်သံစဉ် ~
Irrawaddy Blog
(အင်္ဂါမနက် ၁၁း၄၅ နာရီ ဖြည့်စွက်ချက်
ဒီသတင်းကို အင်္ဂလိပ်ဘာသာနဲ့ဖော်ပြတဲ့ အွန်လိုင်းစာမျက်နှာအများအပြားမှာ တွေ့ရပါတယ်။
ဟိုအမျိုးသားအကြောင်းကို ဖော်ပြခြင်း မရှိကြပါဘူး။)