ဝိုင်နီက အသက်ရှည် စေပြီး နှလုံးရောဂါ ကာကွယ် ပေးနိုင်သော အထောက်အထား မတွေ့
photo;www.temeculawines.org
လန်ဒန် ၊ မေ ၁၅
အနီရောင် ၀ိုင်(၀ိုင်နီ)သည် ကျန်းမာရေးအတွက် အထောက်အကူ ပေးနိုင်ကြောင်း ဆိုခဲ့ဖူးသည့် သိပံ္ပ ပညာရှင်များကပင် ၀ိုင်နီက မျှော်မှန်း ထားခဲ့သလိုမျိုး ကျန်းမာရေးအတွက် မကောင်း နိုင်ကြောင်း ပြင် ဆင် ပြောကြားလာကြပြန်သည်။
လေ့လာရေးအဖွဲ့သည် အီတလီ နိုင်ငံ ချိုင်တီ ဒေသရှိ ရွာသား ၈၀၀ နီးပါး၏ ကျန်းမာရေး စစ်တမ်း များ ကောက်ယူကာ ဒေသခံ ၀ိုင်နီ သောက် သုံးသူများ တွင် ထင်ရှားသည့် သက်ရောက် မှုများ ရှိ မရှိ လေ့လာခဲ့ကြသည်။
ဝိုင်နီတွင် ပါဝင်သော ရီဆာဗာရာထရို ဓာတ်သည် နှလုံးရောဂါ ကို ကာကွယ်နိုင်ပြီး အသက် ရှည်စေ ကြောင်း သက်သေ အထောက်အထား မရှိကြောင်း သိပံ္ပပညာရှင်များက တွေ့ရှိခဲ့ကြသည်။
တိကျသည့် အဖြေရရှိရန် လေ့လာမှုများ ဆက်လက် လုပ်ဆောင်ရ မည်ဖြစ်ကြောင်းလည်း ကျွမ်းကျင် သူများက ဆိုသည်။
ပြင်သစ်တွင် အဆီများသော အစားအသောက်များကို စားသုံးကြ သော်လည်း နှလုံးရောဂါ ဖြင့် သေဆုံးမှု နည်းပါးရခြင်း အကြောင်းရင်းကို စုံစမ်းကြည့်ရာတွင် တချို့မှာ ၀ိုင်နီကို သင့်တင့်ရုံ သောက် သုံးကြကြောင်း တွေ့ရှိရသည် ဟု ဆိုသည်။လေ့လာမှု တချို့ကမူ ၀ိုင်နီ သောက် သုံးခြင်း၊ အနက်ရောင် ချောကလက် နှင့် ဘယ်ရီသီးများ စားသုံးခြင်း သည် ရောင်ရမ်းခြင်း ဝေဒနာကို လျှော့ ချ ပေးနိုင်သည်ဟု ဆိုသည်။ ၀ိုင်နီ၊ ချောကလက် နှင့် ဘယ်ရီသီး များတွင် ပါသော ရီဆာဗာရာထရို ဓာတ်သည် အထက်ပါ လက္ခဏာ များ လျော့ကျအောင် သိသာသော အကျိုး သက်ရောက်မှု မရှိဟု လေ့လာ တွေ့ရှိခဲ့သည်။
လေ့လာမှု စစ်တမ်းကို ဂျွန်ဟောကင်း တက္ကသိုလ်မှ ပါမောက္ခရစ်ချတ် ဆမ်ဘာ နှင့် အဖွဲ့က ပြုလုပ် ခဲ့ခြင်း ဖြစ်သည်။
Source: BBC
The Messenger
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)