မန်ချက်စတာယူနိုက်တက် အသင်းပိုင်ရှင် အမေရိကန်ဘီလျံနာ မဲလ်ကွန်ဂလေဇာ ကွယ်လွန်


Angel on 2014-05-29 14:55

မန်ချက်စတာယူနိုက်တက်အသင်းပိုင်ရှင် မဲလ်ကွန်ဂလေဇာ ဟာ မနေ့ က ကွယ်လွန်သွားခဲ့ပါတယ်။ အ သက် ၈၆ နှစ်အရွယ် ဘီလျံနာသူဌေးဟာ မန်ယူအသင်းကို လွန်ခဲ့တဲ့ ကိုးနှစ်က ၀ယ်ယူခဲ့ပြီး ပရိတ် သတ်တွေရဲ့ အမုန်းကို ခံယူခဲ့ရသူဖြစ်ပါတယ်။

အမေရိကန်ဘီလျံနာဟာ ၂၀၀၆ ခုနှစ် ဧပြီလလောက်ကတည်းက ကျန်းမာရေးအခြေအနေ ဆိုးရွားနေခဲ့ တာ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက “ မန်ချက်စတာယူနိုက်တက်မှာ ရှိတဲ့ လူတိုင်းရဲ့ အတွေးတိုင်းဟာ မဲလ်ကွန်မိသားစုဆီမှာ ဒီည ရောက်ရှိနေပါလိမ့်မယ်” လို့ ပြောကြားခဲ့ပါတယ်။

မစ္စတာဂလေဇာဟာ သရဲနီကလပ်ကို ၂၀၀၅ ခုနှစ်က ဒေါ်လာ သန်း ၇၉၀ နဲ့  လွှဲပြောင်း ၀ယ်ယူ ခဲ့တာ ဖြစ်ပါတယ်။

ဂလေဇာ ဟာ မန်ယူပရိတ်သတ်တွေကြားမှာ မျက်နှာကောင်းမရခဲ့ရှာဘဲ သူ့ ရဲ့ စီးပွားရေးသဘော တူညီချက် တွေကြောင့် ကလပ်အသင်းဟာ အကြွေးတွေကြား နစ်မြှပ်ခဲ့ရတယ်လို့ အပြစ်တင်ခံခဲ့ရသူပါ။

မစ္စတာ ဂလေဇာဟာ ဖလော်ရီဒါက အမေရိကန်ဘောလုံးအသင်း Tampa Bay Buccaneers ကိုလည်း ပိုင်ဆိုင်သူဖြစ်ပါတယ်။ ဖလော်ရီဒါကလပ်ဟာ သူတို့ ကို Super Bowl မှာ အကြီးမားဆုံးအောင်မြင်မှုနဲ့  အချိန်ကောင်းတွေကို ယူဆောင်ပေးခဲ့တဲ့ ဂလေဇာကို “စီးပွားရေးလှုပ်ရှားမှုခေါင်းဆောင်” ၊ “ စွန့် ဦး အတွေးအခေါ်ပညာရှင်” အဖြစ် ဂုဏ်ပြုဖော်ပြခဲ့ပါတယ်။

The Buccaneers က အခုလို ထပ်လောင်းပြောကြားခဲ့ပါသေးတယ်။ “ ၂၀၀၅ ခုနှစ်မှာ မန်ချက်စတာ ယူနိုက်တက်ကို ဂလေဇာ ၀ယ်ယူပြီးနောက် ကလပ်ဟာ ပရီးမီးယားလိဂ်ချန်ပီယံငါးကြိမ်အပြင် ၂၀၀၈ ချန်ပီယံလိဂ်ဖလားကိုပါ ရခဲ့ပါတယ်”

ဂလေဇာ သေဆုံးချိန်မှာ မိန်းမနဲ့ ကလေးခြောက်ယောက်၊ မြေး ၁၄ ယောက်ကျန်ရစ်ခဲ့ပါတယ်။

မိသားစုသီးသန့် ဈာပနကို ပြုလုပ်သွားဖို့ ရှိပြီး Buccaneers အသင်းကိုတော့ မိသားစုအဆင့်ဆင့် လက်လွှဲ ထိန်းသိမ်းဖို့ သေချာသလောက်ရှိပြီး မန်ယူအသင်းအနာဂတ်ကတော့ ၀ါးတားတားဖြစ်နေပါတယ်။

Ref: Mirror.co.uk
Trend Myanmar
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...