အဆက်ဟောင်းနဲ့ သူ့ရဲ့ ချစ်သူအသစ်ကို သတ်ပြီး ကိုယ့်ကိုကိုယ် သတ်သေခဲ့တဲ့ အမျိုးသမီး

မေလ ၁၀ ရက် (စနေနေ့) အမေရိကန် ပြည်ထောင်စု၊ ဒဲလပ်စ် အနီးအ၀ိုက်မှာ လူသုံးဦးကို သေနတ်ဒဏ် ရာတွေနဲ့ သေဆုံးနေကြောင်း ရဲဌာနကို အကြောင်းကြားတဲ့ ဖုန်း ရရှိခဲ့ပါတယ်။



အခင်းဖြစ်ပွားတဲ့ နေရာမှာတော့ အသက် ၄၅နှစ်ရှိ Michelle Boyer ကို သူ့ရဲ့ ကားထဲမှာ ကိုယ့်ကို ကိုယ် သေနတ်နဲ့ ပစ်သတ်ထားပုံ ရတဲ့ သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတာ တွေ့ခဲ့ရပါတယ်။ သူမရဲ့ အနောက်မှာတော့ မှတ်တမ်းစာအုပ် တစ်အုပ်ကို တွေ့ရှိခဲ့ကြောင်း ရဲများက ဆိုပါတယ်။ အဆိုပါ မှတ်စု ထဲမှာ သူမကျူးလွန်ခဲ့တဲ့ ဖြစ်စဉ်အသေးစိတ်ကို ရေးသားထားပြီး အဲဒါကို တစ်စုံတစ်ဦး ဒါမှမဟုတ် ရဲများက သက်သေ အနေနဲ့ တွေ့ရှိစေလိုတဲ့ ရည်ရွယ်ချက် ရှိပုံရတယ်လို့ ကောက်ချက် ချပါတယ်။

ဒါ့အပြင် သေနတ်ဒဏ်ရာရထားတဲ့ အလောင်းနှစ်လောင်းကိုလည်း တွေ့ခဲ့ရပါတယ်။ တစ်ဦးကတော့ Boyer ရဲ့ အဆက်ဟောင်းဖြစ်သူ Jonathan Masin (အသက် ၄၀) ဖြစ်ပြီး နောက်တစ်ဦးကတော့ အသက် ၃၈နှစ်ရှိ Amy Picchiotti တို့ ဖြစ်ပါတယ်။ Jonathan Masin ကိုတော့ အ၀တ်အစား အပြည့်အစုံ ၀တ်ဆင် ထားခြင်း မရှိဘူးလို့ ရဲများရဲ့ မှတ်တမ်းအရ သိရပါတယ်။

အခင်းဖြစ်ပွားတဲ့ မနက် ၆ နာရီခွဲလောက်မှာ Masin ရဲ့ အိမ်နီးချင်းတွေက သေနတ်သံလို့ ပြောနိုင်တဲ့ အသံတွေကြားခဲ့ရတယ်လို့ ပြောကြပါတယ်။ အဲဒီနောက်မှာတော့ အသတ်ခံရသူ တစ်ဦးဦးရဲ့ ဖခင်ကနေ Masin ရဲ့ အိမ်ကို စစ်ဆေးကြည့်ရှုပေးဖို့ ရဲဌာနကို ဖုန်းဆက်ခဲ့ပုံရပါတယ်။ မကြာခင်မှာပဲ ရဲတွေရောက် လာပြီး အလောင်းတွေကို တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

အလောင်းနှစ်လောင်းကိုတော့ အိမ်ထဲမှာ သီးခြားစီ တွေ့တာပါ။ သူတို့ဟာ အကျီင်္အ၀တ်အစား အပြည့် စုံတော့ ၀တ်ထားခြင်းမရှိပါဘူး။ ဒါ့အပြင် ခြေဗလာနဲ့လို့ ရဲများကဆိုပါတယ်။

Boyer ဟာ သူမရဲ့ ကားကို ခင်ပွန်းဟောင်း Masin ရဲ့ အိမ်ရှေ့မှာ ရပ်ပြီး ကိုယ့်ကိုကိုယ် သေကြောင်းကြံ ဖို့ ရွေးချယ်ခဲ့ပုံရပါတယ်။ ဒါပေမယ့် သူမရဲ့ကားကို ဒဲလပ်စ်နဲ့ မိုင်အနည်းငယ်ဝေးတဲ့ နေရာမှာ ရပ်တန့်ထား တာ တွေ့ခဲ့ရပြီး သူမကိုလည်း ကိုယ့်ကိုကိုယ် သေနတ်ပစ်သတ်ပြီး သေဆုံးနေတာကို တွေ့ရပါတယ်။

သူမရဲ့ မှတ်စုစာအုပ်အရ သူမနဲ့ ခင်ပွန်းဟောင်း Masin တို့ လမ်းခွဲလိုက်ခြင်းက ယခုလို ဖြစ်ရပ် ဆိုးတွေ ဖြစ်လာစေဖို့ တွန်းပို့လိုက်ခြင်း ဖြစ်တယ်လို့ ရဲများက ပြောပါတယ်။

World-Myanmar News မှ ဆီလျော်အောင် ဘာသာပြန်သည်။
ref: dailymail.co.uk

-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...