နေထီးဆောင်းသည့် ဖြစ်စဉ်ဆိုတာ..



ဒါကတော့ ဧရာဝတီ သတင်းဌာနမှ ယနေ့ ဖတ်လိုက်ရတဲ့ သတင်းတစ်ပုဒ်ဖြစ်ပါတယ်။

(ယနေ့နံနက် ၁၁နာရီ ခွဲခန့်က နေထီးဆောင်းသည့် ဖြစ်စဉ်တခု ဖြစ်ခဲ့ရာ ပဲခူးတိုင်း အနောက်ခြမ်း ပြည် ခရိုင်တ၀ိုက်က လူများ မြင်တွေ့ရခဲ့တယ်လို့ သိရပါတယ်။ ဒီလိုနေထီးဆောင်းခြင်း၊ လခမောက်ဆောင်းခြင်း၊ ဥက္ကာပျံကျခြင်း၊ တော်လဲခြင်း စတဲ့ အတိတ်နိမိတ်၊ ဘဝေါ စတဲ့ အယူတွေကို ကောက်ယူလေ့ရှိတဲ့ မြန် မာနိုင်ငံမှာတော့ ဒီလိုမျိုး နေထီးဆောင်းတယ်ဆိုတာ မြန်မာ ဘုရင် တွေ နန်းကျချိန် တို့ မင်းလောင်ပေါ် တဲ့ အချိန် တို့ တိုင်းပြည် မှာ အငတ် ဘေး တို့ ဆိုက် တဲ့ အချိန် မှာ ပေါ်တဲ့ နိမိတ်လို့ ရှေးပညာရှိများ ယူဆပါ တယ်။) Irriwaddy News))

တကယ်တော့ နေထီးဆောင်းမှုဖြစ်စဉ်ဟာ နေမှလာတဲ့ အလင်းတန်းဟာ တိမ်တိုက်အတွင်းမှာရှိတဲ့ ဆဌဂံပုံစံရှိ ရေခဲပြားတွေကို ထိပြီး ပြန်လာတဲ့ အလင်းတန်းဟာ နေရဲ့ ဘေး ၂၂ ဒီဂရီလောက်မှာ အ၀ိုင်းပုံစံ ပြန်ဖြစ်ပြီး မြင်တွေ့ရခြင်းဖြစ်ပါတယ်..။

ပြီးခဲ့တဲ့ မေလ ၂၃ ရက် နဲ့ ၂၄ ရက်က ကြယ်မိုးရွာခြင်း (ဥက္ကာပျံကျခြင်း) ဖြစ်စဉ်တစ်ခုဖြစ်ခဲ့ပါသေးတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ ကမ္ဘာဟာ P/209 LINEAR ဆိုတဲ့ ကြယ်တံခွန် သွားခဲ့တဲ့ လမ်းကြောင်း ကို ဖြတ်သန်းသွားသာကြောင့် ဖြစ်ပါတယ်။ ကြယ်တံခွန်မှ ကျန်ခဲ့တဲ့ အမှုန်များဟာ ကမ္ဘာ့လေထုနဲ့ ပွတ်တိုက်တဲ့အခါမှာတော့ ကြယ်တွေကြွေကျသလို မြင်ခဲ့ရတာဖြစ်ပါတယ်.။

နောက်ပြီး လာမယ့် ၂၀၁၄ ဇွန်လက စလို့ နောက်နှစ် ဇွန်လထိတိုင် အယ်လ်နီညိုလို့ခေါ်တဲ့ ပြင်းထန်တဲ့ ရာသီဥတုဒဏ်ကို ကျနော်တို့ အရှေ့တောင်အာရှ နိုင်ငံများနဲ့ ၾသစေတ်းလ် နိုင်ငံတို့မှာ ခံစားကြရတော့ မှာ ဖြစ်ပါတယ်။ အယ်လ်နီညို ဖြစ်ပါက မိုးရွာသွန်းမှု လျော့မည်၊ အပူချိန် တိုးလာမည်၊ မိုးခေါင်မည့် အလားအလာ များမည်၊ မုတ်သုံရာသီ အ၀င် နောက်ကျပြီး အထွက် စောတတ်သည်၊ မုတ်သုံမိုး လျော့နည်း မည်၊ မိုးတွင်းကာလ တိုတောင်းမည်၊ မိုးလယ်ကာလ မိုးလျော့နည်းမည်၊ မုန်တိုင်းဝင်ရောက်မှု ပုံမှန်ခန့်သာ ရှိမည် ဖြစ်ကြောင်း ဆရာကြီး ဦးထွန်းလွင် ထံမှ သိရှိရပါတယ်..။

ဒါကတော့ ရှေးပညာရှိကြီးများရဲ့ ထင်မြင်ယူဆချက်နဲ့ သိပ္ပံ ပညာကို အခြေခံတဲ့အကြောင်း အရာတွေ ကို ပေါင်းစပ်ပြီး ဖော်ပြပေးခဲ့ခြင်းဖြစ်ပါတယ်။

မည်သို့ပင်ဆိုစေ.. ၂၀၁၅ ခုနှစ်မှာလည်း ကျနော်တို့ နိုင်ငံမှာ ခေါင်းဆောင်အပြောင်း အလဲတွေလည်း ဖြစ် လာဦးမှာပါ။ အယ်လ်နီညိုကြောင့် မိုးခေါင်၊ ရေရှားပြီး ကောက်ပဲသီးနှံ အထွက်လျော့လို့ အငတ်ဘေးလည်း ဆိုက်နိုင်ပါတယ်။ အထူးသဖြင့် ဆင်းရဲ့တဲ့ မိသားစုတွေမှာပေါ့..

အဲ့ဒီ့တော့ ဖြစ်ပေါ်လာတဲ့ အခြေအနေတွေကို သုံးသပ်ပြီး သတိနှင့် ကြိုတင်ပြင်ဆင်ထားနိုင်စေရန် နဲ့ လူသားချင်းစာနာပြီး ဆင်းရဲနွမ်းပါး သူများအတွက်ပါ အကူအညီများပေးနိုင်ဖို့ ကြိုတင်ပြင်ဆင် ထားနိုင် ရန် စေတနာဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်..။




Photo Credit: Stargazer Myo Hlaing
အာကာသနှင့် စကြ၀ဠာ
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...