အရပ်ပုသော အမျိုးသားများ အသက်ပိုရှည်
Health Updates Journal No. 118
အရပ်ပုခြင်းသည် အသက်ရှည် စေကြောင်း လေ့လာမှုတစ်ခုက ဆိုသည်။ Kuakim Honolulu Heart Program (HHP) နှင့် Kuakini Honolulu-Asia Aging Study (HAAS) မှ သုတေသနအဖွဲ့၏လေ့လာမှု အရ ဂျပန်အမျိုးသားများ တွင် အရပ်ပုခြင်းနှင့် အသက်ရှည် ခြင်းတို့ ဆက်စပ်နေကြောင်းသိရသည်။
““သုတေသနမှာ ပါဝင်တဲ့သူတွေကို ငါးပေနှစ်လက်မနှင့်အောက်၊ ငါး ပေလေးလက်မနှင့် အထက်ဆိုပြီး နှစ် ဖွဲ့ခွဲခဲ့ပါတယ်။ ငါးပေနှစ်အောက် အရပ်ပုသူတွေဟာ အသက်အရှည်ဆုံးဆိုတာ တွေ့ရပါတယ်။ အရပ် ရှည်လေ၊ အသက်တိုလေဆိုတာလည်း တွေ့ရပါတယ်”” ဟု သုတေသီ Bradley Willcox က ဆိုသည်။
အရပ်ပုသည့် အမျိုးသားများတွင် FOXO3 ဟုအမည်ရသည့် မျိုးဗီဇပစ္စည်းတစ်ခုပါဝင်ပြီး ၎င်း၏ အာနိ သင်ကြောင့် ဖွံ့ဖြိုးစအရွယ်တွင် လူကောင်သေးကာ အသက်ရှည်စေသည်ဟု သိရသည်။ အရပ်ပုသည့် အမျိုးသားများသည် သွေးတွင်းအင်ဆူလင် ဟော်မုန်းပမာဏ လျော့နည်းလေ့ရှိပြီး ကင်ဆာလည်း အဖြစ်နည်း သည်ဟုသိရသည်။
““ခန္ဓာကိုယ်အရွယ်အစားဟာ ဒီမျိုးဗီဇပစ္စည်းနှင့် ဆက်စပ်နေတယ်ဆိုတာ ယခုလေ့လာမှုအရ ပထမ ဆုံး တွေ့ရှိခဲ့တာဖြစ်ပါတယ်”” ဟု Dr. Willcox က ထပ်လောင်းပြောကြားသည်။
အထက်ပါ သုတေသနကို PLOSONE ဆေးပညာဂျာနယ်တွင် ဖော်ပြခဲ့သည်။
သီဟ
Ref:ANI
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)